ပရိသတ္ေတြကို အေတြးမ်ားသြားေစတဲ့ Selena ရဲ႕ အင္စတာဂရမ္ေပၚက ဓာတ္ပံု
Zawgyiျဖင့္ဖတ္ရန္
Selena ကေတာ့ သူမနဲ႔ အခ်ိန္အေတာ္ၾကာခင္လာတဲ့ Julia Michaels ရဲ႕ ေမြးေန႔အတြက္ ၿပီးခဲ့တဲ့ တနလာၤေန႔ညက Julia Michaels နဲ႔အတူ သီခ်င္းဆိုခဲ့တာျဖစ္ပါတယ္။ သူတို႕ႏွစ္ေယာက္ကေတာ့ Anxiety ဆိုတဲ့ သီခ်င္းကို အတူတူဆိုခဲ့ၾကတာျဖစ္ၿပီး Julia Michaels ကေတာ့ သူမရဲ႕ အင္စတာဂရမ္ေပၚမွာ ေနာက္ဆံုးေတာ့ ငါတို႕ရဲ႕ သီခ်င္းေလးကို ႏွစ္ေယာက္အတူ ဆိုခြင့္ရၿပီလို႔ ေရးထားၿပီး ဗီဒီယုိကို တင္ေပးထားတာျဖစ္ပါတယ္။
သူတို႕ႏွစ္ေယာက္လံုးကေတာ့ စင္ေပၚမွာ ႏွစ္ေယာက္သား အနမ္းခ်င္္းဖလွယ္ခဲ့တဲ့ ဓါတ္ပံုကို အင္စတာဂရမ္ေပၚမွာ တင္ေပးထားတာျဖစ္ပါတယ္။ ဒါ့အျပင္ Selena နဲ႔ Julia Michaels တို႕ကေတာ့ ျမွားပံုတက္တူးကို ဆင္တူထိုးခဲ့ၾကၿပီး အင္စတာဂရမ္ေပၚမွာ တင္ခဲ့ပါတယ္။ Selena ကေတာ့ “လက္ေပၚမွာ တက္တူးထိုးလိုက္ၿပီ။ ဒီျမွားေလးက နင့္ဆီကိုပဲ ထာဝရ ဦးတည္ေနေတာ့မယ္” လို႔ ေရးထားၿပီး ပံုေလးကို တင္ခဲ့ပါတယ္။
Julia Michaels ကေတာ့ “always to you baby , love you” ဆိုၿပီးေတာ့ ေရးခဲ့တာျဖစ္ပါတယ္။ ပရိသတ္အခ်ိဳကေတာ့ Selena ရဲ႕ ဓါတ္ပံုေၾကာင့္ အေျခအေန ေဝခြဲမရျဖစေနၾကၿပီး Selena က သူမရဲ႕ အခ်စ္ေရးကို အတည္ျပဳလိုက္တာလားဆိုၿပီးေတာ့လဲ ထင္ျမင္ခ်က္ေတြေပးေနၾကပါတယ္။
Source: People
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ပရိသတ်တွေကို အတွေးများသွားစေတဲ့ Selena ရဲ့ အင်စတာဂရမ်ပေါ်က ဓာတ်ပုံ
Selena ကတော့ သူမနဲ့ အချိန်အတော်ကြာခင်လာတဲ့ Julia Michaels ရဲ့ မွေးနေ့အတွက် ပြီးခဲ့တဲ့ တနလာၤနေ့ညက Julia Michaels နဲ့အတူ သီချင်းဆိုခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ Anxiety ဆိုတဲ့ သီချင်းကို အတူတူဆိုခဲ့ကြတာဖြစ်ပြီး Julia Michaels ကတော့ သူမရဲ့ အင်စတာဂရမ်ပေါ်မှာ နောက်ဆုံးတော့ ငါတို့ရဲ့ သီချင်းလေးကို နှစ်ယောက်အတူ ဆိုခွင့်ရပြီလို့ ရေးထားပြီး ဗီဒီယိုကို တင်ပေးထားတာဖြစ်ပါတယ်။
သူတို့နှစ်ယောက်လုံးကတော့ စင်ပေါ်မှာ နှစ်ယောက်သား အနမ်းချင်းဖလှယ်ခဲ့တဲ့ ဓါတ်ပုံကို အင်စတာဂရမ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် Selena နဲ့ Julia Michaels တို့ကတော့ မြှားပုံတက်တူးကို ဆင်တူထိုးခဲ့ကြပြီး အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ Selena ကတော့ “လက်ပေါ်မှာ တက်တူးထိုးလိုက်ပြီ။ ဒီမြှားလေးက နင့်ဆီကိုပဲ ထာဝရ ဦးတည်နေတော့မယ်” လို့ ရေးထားပြီး ပုံလေးကို တင်ခဲ့ပါတယ်။
Julia Michaels ကတော့ “always to you baby , love you” ဆိုပြီးတော့ ရေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်အချိုကတော့ Selena ရဲ့ ဓါတ်ပုံကြောင့် အခြေအနေ ဝေခွဲမရဖြစနေကြပြီး Selena က သူမရဲ့ အချစ်ရေးကို အတည်ပြုလိုက်တာလားဆိုပြီးတော့လဲ ထင်မြင်ချက်တွေပေးနေကြပါတယ်။
Source: People
Credit:Aunty May




မှတ်ချက်များ