ရည္းစားနဲ႔ ခရီးအတူတူထြက္ျခင္းေၾကာင့္ ရရွိလာမယ့္ ေကာင္းက်ိဳးမ်ား


Zawgyiျဖင့္ဖတ္ရန္

ခရီးသြားရာသီေရာက္ျပီးဆုိေတာ့ ဘယ္သူနဲ႔သြားရမလဲေခါင္းစားေနရျပီလား။ တကယ္လို႔ ရည္းစားရွိတဲ့သူ ဆိုရင္ေတာ့ အမ်ားၾကီးစဥ္းစားမေနပါနဲ႕ေတာ့ေနာ္ ကိုယ့္ရည္းစားနဲ႔သာ အတူတူသြားလုိက္ပါ။ သူငယ္ခ်င္းေတြ ခ်ိန္းျပီးရင္ ခဏခဏဖ်က္ၾကလို႔ စိတ္ရႈပ္ေနရတယ္မလား ရညး္စားနဲ႔ဆုိရင္ေတာ့ အဲ့လိုျဖစ္မွာ မဟုတ္ပါဘူးေနာ္။ ေသခ်ာေပါက္ မပ်က္နုိင္တဲ့ ခရီးစဥ္တစ္ခုျဖစ္သလုိေအာက္ပါေကာင္းက်ိဳးေတြကိုလဲ ရရွိအံုးမွာပါ။

(၁) တစ္ေယာက္နဲ႔တစ္ေယာက္ရင္းနွီးမႈပိုရမယ္

သမီးရည္းစားပါဆိုမွ ရင္းနွီးျပီးသားပဲလုိ႔ေတာ့မေျပာနဲ႔ေနာ္။ ခရီးအတူတူ သြားၾကည့္လုိက္ပါ။ ပိုျပီးရင္းနွီးသြားပါ လိမ့္မယ္။ မတူညီတဲ့ပံုစံနဲ႕တစ္ေယာက္နဲ႔တစ္ေယာက္ ဂရုိစုိက္နုိင္ျပီး အမွန္အကန္ ရင္းနွီးသြားပါလိမ့္မယ္။

(၂) တစ္ေယာက္အက်င့္ကိုတစ္ေယာက္ေလ့လာခြင့္ရမယ္

ခရီးသြားတဲ့အခါ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ပိုသိပါတယ္တဲ့။ အဲ့ဒါေၾကာင့္ ခ်စ္သူရည္းစားေတြအတူတူ ခရီးသြားတဲ့အခါလည္း တစ္ေယာက္ရဲ႕အက်င့္စရုိက္ေတြ တစ္ေယာက္ေလ့လာခြင့္ရလို႔ မၾကိဳက္တာေတြရွိရင္လည္း ျပင္ဆင္ခိုင္းလုိ႔ရတာေပါ့ေနာ္။

(၃) အခ်စ္ေတြပိုတိုးလာမယ္

ခဏတစ္ျဖဳတ္ ခ်ိန္းေတြ႔တာထက္ ရက္ရွည္ခရီးသြားတဲ့အခါ ရင္းႏွီးမႈေတြလည္း ပိုတုိးလာမွာမို႔ အရင္ကထက္ ပိုခ်စ္လာၾကမွာ အေသခ်ာပါဘဲ။ အဲ့ဒါေၾကာင့္ ခဏခဏရန္ျဖစ္ေနရင္လည္း ခရီးအတူတူသြားၾကည့္လိုက္ပါ။

(၄) တစ္ေယာက္ခံစားခ်က္ေတြတစ္ေယာက္မွ်ေဝနုိင္မယ္

ခရီးထြက္တဲ့အခါ တျခားအခ်ိန္္ေတြေတြ႔တာထက္ ပိုအခ်ိန္ရျပီးမေျပာျဖစ္ခဲ့တဲ့စကားေတြကိုလည္း ေျပာျဖစ္မွာျဖစ္တာေၾကာင့္ ရင္ထဲမွာ သိမ္းထားျဖစ္တဲ့စကားေတြလည္း ေျပာျပျဖစ္ပါလိမ့္မယ္။ အဲ့ဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုျပီး ရင္ဘတ္ခ်င္း နီးသြားပါလိမ့္မယ္။

(၅) ေရရွည္ပိုျပီးခိုင္ျမဲနုိင္ပါတယ္

ခရီးအတူတူသြားေပးတဲ့ စံုတြဲေတြရဲ႕အၾကီးမားဆံုး ေကာင္းက်ိဳးက ဘာလဲဆိုရင္ေတာ့ ေရရွည္ပိုခုိင္ျမဲနုိင္တာပါပဲ။ တစ္ေယာက္စိတ္ကုိ တစ္ေယာက္ပိုသိျပီး မပ်င္းရိရတဲ့ အခ်စ္ေရးေတြျဖစ္ေနတာေၾကာင့္ ျပတ္ဖုိ႔ ရာခုိင္နႈန္းအလြန္နည္းပါးပါတယ္။ အဲ့ဒါေၾကာင့္ ေရရွည္ခုိင္ျမဲခ်င္ရင္ေတာ့ ခရီးေတြအတူတူသြားလုိက္ပါေနာ္။

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ရည်းစားနဲ့ ခရီးအတူတူထွက်ခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုးများ

ခရီးသွားရာသီရောက်ပြီးဆိုတော့ ဘယ်သူနဲ့သွားရမလဲခေါင်းစားနေရပြီလား။ တကယ်လို့ ရည်းစားရှိတဲ့သူ ဆိုရင်တော့ အများကြီးစဉ်းစားမနေပါနဲ့တော့နော် ကိုယ့်ရည်းစားနဲ့သာ အတူတူသွားလိုက်ပါ။ သူငယ်ချင်းတွေ ချိန်းပြီးရင် ခဏခဏဖျက်ကြလို့ စိတ်ရှုပ်နေရတယ်မလား ရည်းစားနဲ့ဆိုရင်တော့ အဲ့လိုဖြစ်မှာ မဟုတ်ပါဘူးနော်။ သေချာပေါက် မပျက်နိုင်တဲ့ ခရီးစဉ်တစ်ခုဖြစ်သလိုအောက်ပါကောင်းကျိုးတွေကိုလဲ ရရှိအုံးမှာပါ။

(၁) တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုပိုရမယ်

သမီးရည်းစားပါဆိုမှ ရင်းနှီးပြီးသားပဲလို့တော့မပြောနဲ့နော်။ ခရီးအတူတူ သွားကြည့်လိုက်ပါ။ ပိုပြီးရင်းနှီးသွားပါ လိမ့်မယ်။ မတူညီတဲ့ပုံစံနဲ့တစ်ယောက်နဲ့တစ်ယောက် ဂရိုစိုက်နိုင်ပြီး အမှန်အကန် ရင်းနှီးသွားပါလိမ့်မယ်။

(၂) တစ်ယောက်အကျင့်ကိုတစ်ယောက်လေ့လာခွင့်ရမယ်

ခရီးသွားတဲ့အခါ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိပါတယ်တဲ့။ အဲ့ဒါကြောင့် ချစ်သူရည်းစားတွေအတူတူ ခရီးသွားတဲ့အခါလည်း တစ်ယောက်ရဲ့အကျင့်စရိုက်တွေ တစ်ယောက်လေ့လာခွင့်ရလို့ မကြိုက်တာတွေရှိရင်လည်း ပြင်ဆင်ခိုင်းလို့ရတာပေါ့နော်။

(၃) အချစ်တွေပိုတိုးလာမယ်

ခဏတစ်ဖြုတ် ချိန်းတွေ့တာထက် ရက်ရှည်ခရီးသွားတဲ့အခါ ရင်းနှီးမှုတွေလည်း ပိုတိုးလာမှာမို့ အရင်ကထက် ပိုချစ်လာကြမှာ အသေချာပါဘဲ။ အဲ့ဒါကြောင့် ခဏခဏရန်ဖြစ်နေရင်လည်း ခရီးအတူတူသွားကြည့်လိုက်ပါ။

(၄) တစ်ယောက်ခံစားချက်တွေတစ်ယောက်မျှဝေနိုင်မယ်

ခရီးထွက်တဲ့အခါ တခြားအချိန်တွေတွေ့တာထက် ပိုအချိန်ရပြီးမပြောဖြစ်ခဲ့တဲ့စကားတွေကိုလည်း ပြောဖြစ်မှာဖြစ်တာကြောင့် ရင်ထဲမှာ သိမ်းထားဖြစ်တဲ့စကားတွေလည်း ပြောပြဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ရင်ဘတ်ချင်း နီးသွားပါလိမ့်မယ်။

(၅) ရေရှည်ပိုပြီးခိုင်မြဲနိုင်ပါတယ်

ခရီးအတူတူသွားပေးတဲ့ စုံတွဲတွေရဲ့အကြီးမားဆုံး ကောင်းကျိုးက ဘာလဲဆိုရင်တော့ ရေရှည်ပိုခိုင်မြဲနိုင်တာပါပဲ။ တစ်ယောက်စိတ်ကို တစ်ယောက်ပိုသိပြီး မပျင်းရိရတဲ့ အချစ်ရေးတွေဖြစ်နေတာကြောင့် ပြတ်ဖို့ ရာခိုင်နှုန်းအလွန်နည်းပါးပါတယ်။ အဲ့ဒါကြောင့် ရေရှည်ခိုင်မြဲချင်ရင်တော့ ခရီးတွေအတူတူသွားလိုက်ပါနော်။

Credit:Aunty May

မှတ်ချက်များ