Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ဆရာဝန်တွေကြောင့် အရွယ်နဲ့ မလိုက်အောင် ခံစားရပြီး မသေသင့်ဘဲ သေခဲ့ရတဲ့ ၁၁ လအရွယ် သမီးလေး ထက်ဒေဝီ
ယနေ့ကမ္ဘာကြီး လူမှုပတ်ဝန်းကျင်မှာတော့ အဓိက အရေးကြီးဆုံးဟာ ကျန်းမာရေးဆိုရင် မှားမယ်မထင်ပါဘူး။ ကျန်းမာရေးကောင်းမှ လူလောကမှာ ရှင်သန်လှုပ်ရှားသွားလာဖို့ ပျော်ရွှင်ရမှာဖြစ်ပါတယ်။ ဒီလိုကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အရေးပါနေပါတယ်။ လူတွေရဲ့ အသက်ကို ကာကွယ်စောင့်ရှောက်ပေးနေရတဲ့ ဝန်ထမ်းတွေအနေနဲ့ အများကြီးကို ဂရုစိုက်ရမှာဖြစ်ပါတယ်။ အခု ပရိတ်သတ်ကြီးကို တင်ဆက်မယ့် သတင်းလေးကတော့ လူမှုကွန်ယက်တစ်ခုမှာ ဆရာဝန်တစ်ယောက်ရဲ့ ပျက်ကွပ်မှုကြောင့် ၁၁ လ အရွယ် ကလေးငယ်လေး သေဆုံးသွားတဲ့အဖြစ်ပါပဲ။ ဒီဖြစ်ရပ်လေးကိုတော့ Ma Sabai ဆိုတဲ့ လူမှုကွန်ယက်အကောင့်တစ်ခုက ယခုလိုမျှဝေထားပါတယ်။ ((((ဘဝဆက်တိုင်းဆက်တိုင်း မသူတော်ဆရာဝန်များနဲ့ မကြုံရပါစေနဲ့ သွေးလွန်တုပ်ကွေးမှန်းသိရက်နဲ့ ဘယ့်နယ့်ညနေ ၃ နာရီက အပြင်ဆေးခန်းကိုတင်ခိုင်းပီး တင်ခိုင်းတဲ့ဆရာဝန်မကြီးမနက်ထိမလာပါ
ဘာပုလင်းမှလဲလာမချိတ် ကိုယ်တွေနားမလည်တဲ့သူတောင် သွေးလွန်တုတ်ကွေးဖြစ်ပီးဆိုရင် ဆေးပုလင်း ၆ လုံးချိတ်ရမှာ လုံးဝလာမစမ်း မြေးမကတကိုယ်လုံးအေးစက်နေတော့ အပြင်ကအစောင့်တွေထွက်ပြရတယ်လေ အယ့်ကျမှဆရာဝန်မကြီးကိုလှမ်းခေါ်ပေးတော့ ဆရာဝန်မကြီးကလာတော့သွေးလွန်နေဘီတဲ့ ပထမဆုံးဒီဆရာဝန်မကြီးဘာလုပ်နေလဲသူကြောင့် ပြောင်းလိုက်တဲ့ဆေးရုံရောက်ပြန်တော့ ခါကြီးရက်ကြီးမို့ဆရာဝန်ကြီးတွေတယောက်မှမရှိပါတဲ့ ရှိတဲ့ဆရာဝန်တွေဆရာမတွေကလဲ ဘာတွေလုပ်မှန်းမသိဆေးချိတ်တော့အဖွားကပြောတယ် မြန်နေတယ်ဆရာမဆိုတော့ မမြန်ဘူးတဲ့ အယ့်ဒီမှာအသည်းကကြီးလာပါလေရော အသည်းကကြီးလို့အောက်စီဂျင်ပေးပြန်ရော ပေးပြန်တော့နှလုံးခုန်တွေမြန်လာပါရော သွေးကြောရှာမရလို့တဲ့မမြင်ရက်စရာ ဆီးမသွားလို့ဆီးပိုက်ထိုးပြန်ရော ဒီကလေးဘယ်ခံနိုင်တော့မလဲ နီးစပ်တဲ့ကလေးဆရာဝန်ကြီးတွေနဲ့လှမ်းဆက်သွယ်တော့ ကလေးကိုဆီးပိုက်ထပ်ထိုးတယ်
ကလေးကမလှုပ်တော့ဘူး ဒါကိုမလှုပ်နိုင်တဲ့ကလေးကို ဂန်းနဲ့ဒူးဂေါင်းရိုး ထပ်ဖောက်တယ် ချင်းဆီစမ်းဖို့တဲ့ အာ့ဒါကိုကျောက်ကပ်ဆေးအုံးမလို့တဲ့ အံ့ရော အံ့ရော အံ့ရော သနားစရာအကောင်းဆုံးကသတိမရတချက်ရတချက်ကို သူ့အမေမျက်နှာလးကြည့်ပီးဘာလုပ်ပြသလဲ သူ့အမေကိုအိမ်ပြန်ချင်တဲ့အရိပ်အယောင်လေးပြတော့ အေးအိမ်ပြန်မယ်ဆိုပီးပြောတော့ ကလေးအဖွားလဲမြင်ရော မျက်ရည်လေးတဖက်ကျပီးဆုံးသွားရှာတယ် အစအဆုံးမြင်ပီးဘာမှမပြောနိုင်ရှာတာကအဖိုးလူအေး ဒီအဖိုးအဖွားတွေရင်ကွဲအောင်လုပ်တဲ့သူများ သက်ရှည်ကျမ်းမာကြပါစေ
၁၁ လမြေးမလေးရေ ဘဝဆက်တိုင်းဆက်တိုင်း ဒီအဖြစ်တွေမကြံရပါစေနဲ့ ဆရာဝန်တိုင်းလူနာအသက်တချောင်း တန်ဘိုးထားနိုင်ကြပါစေ ဆရာဝန်တိုင်းကိုမဆိုလိုပါ ဆေးပိုင်းဆိုင်ရာနဲ့မရေးတတ်တော့ ရေးတတ်သလိုရေးထားတာအမှားပါရင်ခွင့်လွှတ်ပါ ဘာဘဲပြောပြောကိုယ်တွေကတရက်တည်းနဲ့ဆုံးရှုံးသွားရပါဘီ သူငယ်ချင်းလေးဖြူ့မြေးမလေး မမေ့နိုင်တဲ့နေ့စွဲ 11-11-19 ))))
ပရိတ်သတ်ကြီးရေ ယခုလို စိတ်မကောင်းစရာ သတင်းတစ်ခုကို မျှဝေရလို့ စိတ်မကောင်းပေမယ့်လည်း၊ ပရိတ်သတ်ကြီး မိမိပတ်ဝန်းကျင်က ယခုလို ကလေးငယ်လေးတွေ မဆုံးရှုံးဖို့အတွက် ဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်နော်။ နောက်နောင်လည်း ယခုလို ကျန်းမာရေးဝန်ထမ်းတွေရှိခဲ့ရင်လည်း အချိန်မှီပြင်ဆင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်………။
Writer – ME( Shwe Yaung Lan )



မှတ်ချက်များ