ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကို ျပန္မခ်စ္တဲ့အခါ ဒီနည္းေတြနဲ႔ ေမ့ပစ္ႏုိင္ေအာင္ ႀကိဳးစားပါ


Zawgyiျဖင့္ဖတ္ရန္

ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကို စိတ္မဝင္စားတဲ့အခ်ိန္ ယံုၾကည္မႈေတြ စိတ္ဓာတ္ေတြ ေအာက္ဆံုးထိ က်သြားႏိုင္ပါတယ္။ ဒီခံစားခ်က္က ကိုယ့္အတြက္ ေရရွည္မွာ မေကာင္းတဲ့အတြက္ ေမ့ေဖ်ာက္သင့္ပါတယ္။ သူ႕ကိုအတိတ္မွာ ထားခဲ့ၿပီး လက္ရွိမွာ ဘဝသစ္ကို စဖို႔ အေရးႀကီးပါတယ္။ ေမ့ေဖ်ာက္ႏိုင္မယ့္နည္းလမ္းေတြကေတာ့-

၁။ သူကကိုယ့္ကို အလိုမရွိတာလက္ခံလိုက္ပါ

ကိုယ့္ကို မခ်စ္ႏိ္ုင္မွန္းသိသြားတဲ့အခ်ိန္မွာ ဒီအရာကို လက္ခံႏိုင္ဖို႔ ခဲယဥ္းေနတတ္ပါတယ္။ သင္ခ်စ္တဲ့လူတစ္ေယာက္က ဒီေန႔မွာ သင့္ကို ခ်စ္တယ္လို႔ ထင္ေနရေပမယ့္ ေနာက္ေန႔ ေပ်ာက္သြားတယ္ဆိုရင္ေတာ့ ဒါအခ်စ္မဟုတ္ပါဘူး။ သင္လိုခ်င္တဲ့အခ်စ္က ဒါမ်ိဳးေရာဟုတ္ရဲ႕လား ျပန္စဥ္းစားပါ။ သင္သူ႔ကို စကားေျပာခ်င္တ့ဲအခိ်န္ ဆက္သြယ္ခ်င္တဲ့အခ်ိန္မွာ သူ႕ရဲ႕ သင့္အေပၚထားတဲ့ခံစားခ်က္ကို ျပန္သတိကပ္ေပးပါ။ သူမခ်စ္ႏိ္ုင္ဘူးဆိုတာ လက္ခံေပးပါ။

၂။ အာရံုလႊဲပါ

မျမင္ရရင္ ေမ့ေနတတ္ပါတယ္။ သူက သင့္ကိုမခ်စ္ႏိ္ုင္တာ သိခဲ့တဲ့ေန႔ရက္က စၿပီး သူနဲ႔ မေတြ႕ေအာင္ ေရွာင္ေပးပါ။ ျဖစ္ႏ္ိုင္ရင္ ခရီးရွည္ရွည္ျဖစ္ျဖစ္ထြက္လိုက္ပါ။ သူနဲ႔ ဆက္သြယ္လို႔မရေအာင္ လုပ္လိုက္ပါ။ အခ်စ္ေရးကို မေတြးေသးဘဲ ကိုယ့္အိပ္မက္ ကိုယ့္ပန္းတိုင္ေတြဘက္ အာရံုလႊဲလိုက္ပါ။

၃။ သင့္လို ဘဝတူေတြကို ရွာၾကည့္ပါ

အခ်စ္ေရးအဆင္မေျပတာ ဒီေလာကႀကီးမွာ သင္တစ္ေယာက္တည္းမဟုတ္ပါဘူး။ သင့္လိုဘဝတူေတြ အမ်ားႀကီးရွိပါေသးတယ္။ တျခားလူေတြလည္း ခုခ်ိန္ မခံစားရရင္ေတာင္ အရင္က ခံစားဖူးမွာပါ။ သင့္ရဲ႕ ခံစားခ်က္ေတြကို ရငး္ႏွီးသူေတြဆီမွာ ရင္ဖြင့္ပါ။ သူတို႔ေကာ အဲ့လိုအခ်ိန္ေတြကို ဘယ္လိုျဖတ္သန္းခဲ့ရလဲ ေမးၾကည့္ပါ။ တစ္ခါတေလ “ငါနင့္ခံစားခ်က္ကို နားလည္ပါတယ္” ဆိုတဲ့စကားတစ္ခြန္းက သင့္အတြက္ အေထာက္အကူျဖစ္မွာပါ။

၄။ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ပါ

သင့္အေတြးေတြက သူမခ်စ္ဘူးဆိုတဲ့ အေတြးထဲမွာ နစ္ဝင္ေနတတ္ပါတယ္။ ကိုယ့္ကိုကိုယ္ ေမ့ေနတတ္ပါတယ္။ သူမခ်စ္တဲ့ကိစၥကို ဘာမွမလုုပ္ႏိုင္ေပမယ့္ သင္လုပ္ႏိ္ုင္တဲ့အရာတစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ကိုယ့္ရဲ႕ အသြင္အျပင္နဲ႔ က်န္းမာေရးကို ဂ႐ုစိုက္တာပါ။ မ်က္ႏွာေပါင္းတင္ပါ၊ ဆံပင္သြားလုပ္ပါ။ အလွဆံုးျဖစ္ေအာင္ေနထိုင္ပါ။

၅။ ေလ့က်င့္ခန္းလုပ္ပါ

စိတ္ညစ္တာကို ေပ်ာက္ဖို႔ျပဳလုပ္ႏိုင္တ့ဲ နည္းလမ္းေတြ အမ်ားအျပားရွိပါတယ္။ အထိေရာက္ဆံုးနည္းလမ္းေတြထဲကတစ္ခုကေတာ့ ေလ့က်င့္ခန္းလုပ္တာပါ။ မနက္တိုင္း ေစာေစာထၿပီး ႀကိဳးခုန္ၾကည့္ပါ။ လမ္းေလွွ်ာက္ပါ။ ေျပးပါ။ GYM သြားေဆာ့ပါ။ ဒီလို လုပ္ေပးတာက အေကာင္းျမင္စိတ္ေမြးဖြားေစပါတယ္။

၆။ သူနဲ႔ပတ္သက္တဲ့အိပ္မက္ကို လက္လႊတ္လိုက္ပါ

အရမ္းခ်စ္ရင္ ေစာင့္လိုက္ပါဆိုတဲ့ စကားေတြ။ တစ္ေန႔ သူငါ့အခ်စ္ကို နားလည္ၿပီး ငါ့ကို ျပန္ခ်စ္လာမွာပါဆိုတဲ့ အိပ္မက္ေတြက အေဝးႀကီးမွာပါ။ သင့္မွာဒီလိုအိပ္မက္ေတြရွိရင္ေတာ့ ဒီအိပ္မက္ေတြအစား ဘဝတိုးတက္ဖို႔ အိပ္မက္ေတြပဲ ႀကိဳးစားမက္ၾကည့္ပါ။

၇။ အကုန္လံုးကို ပတ္မရမ္းပါန႔ဲ

ကိုယ္ခ်စ္မိတဲ့သူက ကိုယ့္ကို ျပန္မခ်စ္ရင္ ေဒါသထြက္ၾကမွာပါ။ ကိုယ့္ကိုကိုယ္လည္း မုန္းတီးမိသလို ေယာက်ာ္းေတြ မေကာင္းဘူး။ မိန္းမေတြမေကာင္းဘူး။ ဒီလိုစကားေတြေျပာမိမွာပါ။ ဒီတစ္ေယာက္က ကိုယ့္အတြက္ အဆင္မေျပခဲ့ေပမယ့္ကိုယ့္အေပၚေကာင္းတဲ့သူေတြ အမ်ားႀကီးရွိပါေသးတ

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်တဲ့အခါ ဒီနည်းတွေနဲ့ မေ့ပစ်နိုင်အောင် ကြိုးစားပါ

ကိုယ်ချစ်တဲ့သူက ကိုယ့်ကို စိတ်မဝင်စားတဲ့အချိန် ယုံကြည်မှုတွေ စိတ်ဓာတ်တွေ အောက်ဆုံးထိ ကျသွားနိုင်ပါတယ်။ ဒီခံစားချက်က ကိုယ့်အတွက် ရေရှည်မှာ မကောင်းတဲ့အတွက် မေ့ဖျောက်သင့်ပါတယ်။ သူ့ကိုအတိတ်မှာ ထားခဲ့ပြီး လက်ရှိမှာ ဘဝသစ်ကို စဖို့ အရေးကြီးပါတယ်။ မေ့ဖျောက်နိုင်မယ့်နည်းလမ်းတွေကတော့-

၁။ သူကကိုယ့်ကို အလိုမရှိတာလက်ခံလိုက်ပါ

ကိုယ့်ကို မချစ်နိုင်မှန်းသိသွားတဲ့အချိန်မှာ ဒီအရာကို လက်ခံနိုင်ဖို့ ခဲယဉ်းနေတတ်ပါတယ်။ သင်ချစ်တဲ့လူတစ်ယောက်က ဒီနေ့မှာ သင့်ကို ချစ်တယ်လို့ ထင်နေရပေမယ့် နောက်နေ့ ပျောက်သွားတယ်ဆိုရင်တော့ ဒါအချစ်မဟုတ်ပါဘူး။ သင်လိုချင်တဲ့အချစ်က ဒါမျိုးရောဟုတ်ရဲ့လား ပြန်စဉ်းစားပါ။ သင်သူ့ကို စကားပြောချင်တဲ့အချိန် ဆက်သွယ်ချင်တဲ့အချိန်မှာ သူ့ရဲ့ သင့်အပေါ်ထားတဲ့ခံစားချက်ကို ပြန်သတိကပ်ပေးပါ။ သူမချစ်နိုင်ဘူးဆိုတာ လက်ခံပေးပါ။

၂။ အာရုံလွှဲပါ

မမြင်ရရင် မေ့နေတတ်ပါတယ်။ သူက သင့်ကိုမချစ်နိုင်တာ သိခဲ့တဲ့နေ့ရက်က စပြီး သူနဲ့ မတွေ့အောင် ရှောင်ပေးပါ။ ဖြစ်နိုင်ရင် ခရီးရှည်ရှည်ဖြစ်ဖြစ်ထွက်လိုက်ပါ။ သူနဲ့ ဆက်သွယ်လို့မရအောင် လုပ်လိုက်ပါ။ အချစ်ရေးကို မတွေးသေးဘဲ ကိုယ့်အိပ်မက် ကိုယ့်ပန်းတိုင်တွေဘက် အာရုံလွှဲလိုက်ပါ။

၃။ သင့်လို ဘဝတူတွေကို ရှာကြည့်ပါ

အချစ်ရေးအဆင်မပြေတာ ဒီလောကကြီးမှာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ သင့်လိုဘဝတူတွေ အများကြီးရှိပါသေးတယ်။ တခြားလူတွေလည်း ခုချိန် မခံစားရရင်တောင် အရင်က ခံစားဖူးမှာပါ။ သင့်ရဲ့ ခံစားချက်တွေကို ရင်းနှီးသူတွေဆီမှာ ရင်ဖွင့်ပါ။ သူတို့ကော အဲ့လိုအချိန်တွေကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ မေးကြည့်ပါ။ တစ်ခါတလေ “ငါနင့်ခံစားချက်ကို နားလည်ပါတယ်” ဆိုတဲ့စကားတစ်ခွန်းက သင့်အတွက် အထောက်အကူဖြစ်မှာပါ။

၄။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ

သင့်အတွေးတွေက သူမချစ်ဘူးဆိုတဲ့ အတွေးထဲမှာ နစ်ဝင်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ် မေ့နေတတ်ပါတယ်။ သူမချစ်တဲ့ကိစ္စကို ဘာမှမလုပ်နိုင်ပေမယ့် သင်လုပ်နိုင်တဲ့အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ကိုယ့်ရဲ့ အသွင်အပြင်နဲ့ ကျန်းမာရေးကို ဂရုစိုက်တာပါ။ မျက်နှာပေါင်းတင်ပါ၊ ဆံပင်သွားလုပ်ပါ။ အလှဆုံးဖြစ်အောင်နေထိုင်ပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ

စိတ်ညစ်တာကို ပျောက်ဖို့ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ အများအပြားရှိပါတယ်။ အထိရောက်ဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ လေ့ကျင့်ခန်းလုပ်တာပါ။ မနက်တိုင်း စောစောထပြီး ကြိုးခုန်ကြည့်ပါ။ လမ်းလျှောက်ပါ။ ပြေးပါ။ GYM သွားဆော့ပါ။ ဒီလို လုပ်ပေးတာက အကောင်းမြင်စိတ်မွေးဖွားစေပါတယ်။
၆။ သူနဲ့ပတ်သက်တဲ့အိပ်မက်ကို လက်လွှတ်လိုက်ပါ

အရမ်းချစ်ရင် စောင့်လိုက်ပါဆိုတဲ့ စကားတွေ။ တစ်နေ့ သူငါ့အချစ်ကို နားလည်ပြီး ငါ့ကို ပြန်ချစ်လာမှာပါဆိုတဲ့ အိပ်မက်တွေက အဝေးကြီးမှာပါ။ သင့်မှာဒီလိုအိပ်မက်တွေရှိရင်တော့ ဒီအိပ်မက်တွေအစား ဘဝတိုးတက်ဖို့ အိပ်မက်တွေပဲ ကြိုးစားမက်ကြည့်ပါ။

၇။ အကုန်လုံးကို ပတ်မရမ်းပါနဲ့

ကိုယ်ချစ်မိတဲ့သူက ကိုယ့်ကို ပြန်မချစ်ရင် ဒေါသထွက်ကြမှာပါ။ ကိုယ့်ကိုကိုယ်လည်း မုန်းတီးမိသလို ယောကျာ်းတွေ မကောင်းဘူး။ မိန်းမတွေမကောင်းဘူး။ ဒီလိုစကားတွေပြောမိမှာပါ။ ဒီတစ်ယောက်က ကိုယ့်အတွက် အဆင်မပြေခဲ့ပေမယ့်ကိုယ့်အပေါ်ကောင်းတဲ့သူတွေ အများကြီးရှိပါသေးတ

Credit:Aunty May

မှတ်ချက်များ