ေမြးခ်င္းထဲက အႀကီးဆံုးေတြဟာ ႏူးညံ့တဲ့ အခ်စ္တတ္ဆံုးသူမ်ား ျဖစ္ေၾကာင္း ေလ့လာသိရွိ
Zawgyiျဖင့္ဖတ္ရန္
ေမြးခ်င္းေတြထဲ အႀကီးဆံုးျဖစ္ေနတဲ့ သူေတြက အျမဲ တည္ၿငိမ္ ရင့္က်က္သလို စိတ္ထားလည္း ႏူးညံ့တဲ့သူေတြ ျဖစ္ပါတယ္။ အႀကီးဆံုးသူေတြရဲ႕ သေဘာသဘာဝေတြကို လိုက္ၾကည့္ရင္ ခ်စ္တတ္ၿပီး နားလည္ေပးႏိုင္စြမ္း ႀကီးၾကပါတယ္။ လက္ေတြ႕ဘဝထဲက ဒီအခ်က္ေတြအရ သူတို႔က ႏူးညံ့တဲ့သူေတြ ျဖစ္ေၾကာင္း သိရွိရပါတယ္။
(၁) ညွာတာတယ္
အႀကီးဆုံး ျဖစ္တဲ့အေလ်ာက္ အငယ္ေတြအေပၚ အျမဲ ညွာရေလ့ ရွိတယ္။ ကုိယ့္ထက္ ႀကီးတဲ့သူေတြကိုဆို ဆိုးေလ့ရွိတဲ့ အငယ္ေတြအေပၚ အႏြံတာခံၿပီး အဆိုးခံေလ့ရွိပါတယ္။ အငယ္ေတြရဲ႕ အႏိုင္က်င့္မႈေတြကိုလည္း အျပစ္မျမင္ႏိုင္ပဲ အျမဲ ညွာေလ့ရွိပါတယ္။ သူမွ အဆိုးမခံရင္ ဘယ္သူ႔ကို သြားဆိုးလို႔ ရပါ့မလဲဆိုၿပီးလည္း ၾကံဖန္ သနားတတ္ပါေသးတယ္။
(၂) အေလ်ာ့ေပးတယ္
အငယ္ေတြက ဗိုလ္က်ၿပီဆိုရင္ သူပဲ အျမဲ အေလ်ာ့ေပးတတ္ပါတယ္။ ဒီလို အေလ်ာ့ေပးလိုက္လို႔ အငယ္ေတြ ေပ်ာ္သြားရင္ သူပါ လိုက္ေပ်ာ္ေနတတ္သူရယ္ပါ။ ဒီလို အက်င့္ေလးေၾကာင့္ပဲ ကိုယ့္ လူမႈဆက္ဆံေရး နယ္ပယ္မွာလည္း အတၱနည္းၿပီး အေလ်ာ့ေပးတတ္တဲ့သူ ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ပဲ အေပါင္းအသင္းေတြရဲ႕ ခ်စ္ခင္ အသိအမွတ္ ျပဳမႈေတြကို ပိုင္ဆိုင္ထားၾကပါတယ္။
(၃) ဦးစားေပးတတ္သူ
မိဘေတြဆီမွာ သူ႔လိုအပ္ခ်က္ထက္ အငယ္ေတြရဲ႕ လိုအပ္ခ်က္ကို အရင္ ျဖည္းဆည္းေပးခိုင္းေလ့ရွိပါတယ္။ အဆင္ေျပမွသာ သူ႔အတြက္ ေတာင္းဆိုေလ့ရွိတဲ့သူ ျဖစ္ပါတယ္။ တစ္ခုခုဆို အငယ္ေတြအတြက္ အရင္ဆံုး စဥ္းစားေပးၿပီး သူ႔ဆႏၵေတြကို ေနာက္ဆုတ္ထားေလ့ရွိပါတယ္။ ဒီလိုစိတ္ေလးက လူအမ်ားၾကား ထင္သာျမင္သာ ရွိေနတတ္တဲ့သူေတြပါ။ အမ်ားကို ဦးစားတတ္တဲ့ စိတ္ကေလးကို ပိုင္ဆိုင္ထားသူေတြလည္း ျဖစ္ၾကပါတယ္။
(၄) စိတ္ထားႏူးညံ့တယ္
အေပၚက အခ်က္ေလးေတြ ျမင္ရံုနဲ႔ သူတို႔ေတြရဲ႕ စိတ္ထားက ႏူးညံ့ေၾကာင္း သိသာေနၿပီ မဟုတ္လား။ ဒါေပမဲ့ အဲ့ထက္ပိုပါတယ္။ တိရစာၦန္ေလးေတြအေပၚ ၾကင္နာတတ္သလို ကိုယ့္ထက္ ခ်ိဳ႕တဲ့အားနည္းတဲ့သူေတြအေပၚလည္း အႏိုင္မက်င့္တတ္ၾကပါဘူး။ သူတစ္ပါးကို ရိုင္းစိုင္းျပစ္တင္ဖို႔ဆိုတာလည္း သူတို႔အတြက္ ရွားပါတယ္။
(၅) ကူညီတတ္တယ္
မိဘေတြ ဆံုးမေနတဲ့ၾကားက ႐ိုင္းစိုင္းတဲ့ကေလးတစ္ေယာက္ ျဖစ္သြားေစနိုင္တဲ့ အခ်က္ (၅)ခ်က္
သူတို႔ရဲ႕ ဘဝမွာ အငယ္ေတြရဲ႕ ဆိုးမႈေကာင္းမႈ အကုန္လံုးကို လက္ခံၿပီး ေက်ေက်နပ္နပ္ ျဖတ္သန္းေနတဲ့သူ ျဖစ္တဲ့အတြက္ တစ္ျခားသူေတြအေပၚ နားလည္ႏိုင္စြမ္း ႀကီးသူ ျဖစ္ပါတယ္။ ဘယ္သူ အကူအညီလိုလို ကူညီဖို႔ အဆင္သင့္ ရွိေနတဲ့သူေတြပါ။ ဒါေၾကာင့္ စိတ္ထားေကာင္းတာကို အခြင့္ေကာင္းယူတတ္တဲ့ သူေတြနဲ႔လည္း ႀကံဳရတတ္ပါေသးတယ္။
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
မွေးချင်းထဲက အကြီးဆုံးတွေဟာ နူးညံ့တဲ့ အချစ်တတ်ဆုံးသူများ ဖြစ်ကြောင်း လေ့လာသိရှိ
မွေးချင်းတွေထဲ အကြီးဆုံးဖြစ်နေတဲ့ သူတွေက အမြဲ တည်ငြိမ် ရင့်ကျက်သလို စိတ်ထားလည်း နူးညံ့တဲ့သူတွေ ဖြစ်ပါတယ်။ အကြီးဆုံးသူတွေရဲ့ သဘောသဘာဝတွေကို လိုက်ကြည့်ရင် ချစ်တတ်ပြီး နားလည်ပေးနိုင်စွမ်း ကြီးကြပါတယ်။ လက်တွေ့ဘဝထဲက ဒီအချက်တွေအရ သူတို့က နူးညံ့တဲ့သူတွေ ဖြစ်ကြောင်း သိရှိရပါတယ်။
(၁) ညှာတာတယ်
အကြီးဆုံး ဖြစ်တဲ့အလျောက် အငယ်တွေအပေါ် အမြဲ ညှာရလေ့ ရှိတယ်။ ကိုယ့်ထက် ကြီးတဲ့သူတွေကိုဆို ဆိုးလေ့ရှိတဲ့ အငယ်တွေအပေါ် အနွံတာခံပြီး အဆိုးခံလေ့ရှိပါတယ်။ အငယ်တွေရဲ့ အနိုင်ကျင့်မှုတွေကိုလည်း အပြစ်မမြင်နိုင်ပဲ အမြဲ ညှာလေ့ရှိပါတယ်။ သူမှ အဆိုးမခံရင် ဘယ်သူ့ကို သွားဆိုးလို့ ရပါ့မလဲဆိုပြီးလည်း ကြံဖန် သနားတတ်ပါသေးတယ်။
(၂) အလျော့ပေးတယ်
အငယ်တွေက ဗိုလ်ကျပြီဆိုရင် သူပဲ အမြဲ အလျော့ပေးတတ်ပါတယ်။ ဒီလို အလျော့ပေးလိုက်လို့ အငယ်တွေ ပျော်သွားရင် သူပါ လိုက်ပျော်နေတတ်သူရယ်ပါ။ ဒီလို အကျင့်လေးကြောင့်ပဲ ကိုယ့် လူမှုဆက်ဆံရေး နယ်ပယ်မှာလည်း အတ္တနည်းပြီး အလျော့ပေးတတ်တဲ့သူ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ပဲ အပေါင်းအသင်းတွေရဲ့ ချစ်ခင် အသိအမှတ် ပြုမှုတွေကို ပိုင်ဆိုင်ထားကြပါတယ်။
(၃) ဦးစားပေးတတ်သူ
မိဘတွေဆီမှာ သူ့လိုအပ်ချက်ထက် အငယ်တွေရဲ့ လိုအပ်ချက်ကို အရင် ဖြည်းဆည်းပေးခိုင်းလေ့ရှိပါတယ်။ အဆင်ပြေမှသာ သူ့အတွက် တောင်းဆိုလေ့ရှိတဲ့သူ ဖြစ်ပါတယ်။ တစ်ခုခုဆို အငယ်တွေအတွက် အရင်ဆုံး စဉ်းစားပေးပြီး သူ့ဆန္ဒတွေကို နောက်ဆုတ်ထားလေ့ရှိပါတယ်။ ဒီလိုစိတ်လေးက လူအများကြား ထင်သာမြင်သာ ရှိနေတတ်တဲ့သူတွေပါ။ အများကို ဦးစားတတ်တဲ့ စိတ်ကလေးကို ပိုင်ဆိုင်ထားသူတွေလည်း ဖြစ်ကြပါတယ်။
(၄) စိတ်ထားနူးညံ့တယ်
အပေါ်က အချက်လေးတွေ မြင်ရုံနဲ့ သူတို့တွေရဲ့ စိတ်ထားက နူးညံ့ကြောင်း သိသာနေပြီ မဟုတ်လား။ ဒါပေမဲ့ အဲ့ထက်ပိုပါတယ်။ တိရစ္ဆာန်လေးတွေအပေါ် ကြင်နာတတ်သလို ကိုယ့်ထက် ချို့တဲ့အားနည်းတဲ့သူတွေအပေါ်လည်း အနိုင်မကျင့်တတ်ကြပါဘူး။ သူတစ်ပါးကို ရိုင်းစိုင်းပြစ်တင်ဖို့ဆိုတာလည်း သူတို့အတွက် ရှားပါတယ်။
(၅) ကူညီတတ်တယ်
မိဘတွေ ဆုံးမနေတဲ့ကြားက ရိုင်းစိုင်းတဲ့ကလေးတစ်ယောက် ဖြစ်သွားစေနိုင်တဲ့ အချက် (၅)ချက်
သူတို့ရဲ့ ဘဝမှာ အငယ်တွေရဲ့ ဆိုးမှုကောင်းမှု အကုန်လုံးကို လက်ခံပြီး ကျေကျေနပ်နပ် ဖြတ်သန်းနေတဲ့သူ ဖြစ်တဲ့အတွက် တစ်ခြားသူတွေအပေါ် နားလည်နိုင်စွမ်း ကြီးသူ ဖြစ်ပါတယ်။ ဘယ်သူ အကူအညီလိုလို ကူညီဖို့ အဆင်သင့် ရှိနေတဲ့သူတွေပါ။ ဒါကြောင့် စိတ်ထားကောင်းတာကို အခွင့်ကောင်းယူတတ်တဲ့ သူတွေနဲ့လည်း ကြုံရတတ်ပါသေးတယ်။
Credit:Aunty May


မှတ်ချက်များ