Sexy model ဇာဇာထက္ရဲ႕ခ်စ္သူျဖစ္ေနတဲ့ ေနလင္းေက်ာ္
Zawgyiျဖင့္ဖတ္ရန္
ဒီႏွစ္ျမန္မာအိုင္ေဒါ Season 4 ရဲ႕ Top 11 Finalist တစ္ဦးျဖစ္သူ ေနလင္းေက်ာ္ကေတာ့ ထူးထူးျခားျခား ဆံပင္ရွည္ေလးနဲ႔ ဆြဲေဆာင္မႈပိုေနသူတစ္ဦးပါ။ အရပ္ရွည္ရွည္ ႐ုပ္ရည္ခပ္ေျဖာင့္ေျဖာင့္နဲ႔ သန႔္ျပန႔္တဲ့ေကာင္ေခ်ာေလးတစ္ေယာက္မို႔ ႏႈတ္ခမ္းနီမေလးေတြၾကားမွာ နာမည္ႀကီးေနသူတစ္ေယာက္ျဖစ္ၿပီး ဒီႏွစ္ၿပိဳင္ပြဲဝင္ေတြထဲမွာေတာ့ မိန္းကေလးပရိသတ္အမ်ားစုရဲ႕ အားေပးမႈေတြကိုရရွိထားသူတစ္ဦးလည္းျဖစ္ပါတယ္။
႐ုပ္ရည္႐ူပကာေျဖာင့္႐ုံမက စတိုင္ကလဲမိုက္ သီခ်င္းဆိုကလဲေကာင္းတာမို႔ ေနလင္းေက်ာ္ကေတာ့ အျပစ္ဆိုစရာသိပ္မရွိတဲ့ ၿပိဳင္ပြဲတစ္ဦးလို႔ ဆိုရေပမည္။ ေနလင္းေက်ာ္ကေတာ့ ပင္ကိုအသံေနအသံထားေကာင္းမြန္သူျဖစ္ၿပီး ျမန္မာအိုင္ေဒါရဲ႕ Live Performance ညေတြမွာ အေကာင္းဆုံးသီဆိုယွဥ္ၿပိဳင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။
လတ္တေလာလူမႈကြန္ယက္မွာ တက္လာတဲ့သတင္းတစ္ခုေၾကာင့္ ေနလင္းေက်ာ္ကိုအားေပးေနၾကတဲ့ ပရိသတ္ေတြၾကားမွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္သြားၿပီး ႏႈတ္ခမ္းနီမေလးေတြတစ္ခ်ိဳ႕ အသဲေတြဟက္တက္ကြဲသြားရပါတယ္။ အဲ့တာကေတာ့ ေနလင္းေက်ာ္ရဲ႕ခ်စ္သူေကာင္မေလးက ဘယ္သူလဲဆိုတာေပၚထြက္လာတာေၾကာင့္ပဲျဖစ္ပါတယ္။
ေနလင္းေက်ာ္ရဲ႕ခ်စ္သူေကာင္မေလးကေတာ့ ပရိသတ္ေတြၾကားမွာ ေရပန္းစားနာမည္ႀကီးတဲ့ Professional Sexy Model တစ္ဦးျဖစ္သူ ဇာဇာထက္ပဲျဖစ္ပါတယ္။ ပရိသတ္ေတြအကုန္လုံးက ေနလင္းေက်ာ္ဟာ ေမာ္ဒယ္ ဇာဇာထက္ရဲ႕ခ်စ္သူဆိုတာကို လုံး၀မသိခဲ့ၾကပါဘူး။ မေန႔ညမွာေတာ့ အင္တာနက္တစ္ခြင္မွာ ေနလင္းေက်ာ္နဲ႔ဇာဇာထက္တို႔ရဲ႕ အရင္ကဗီဒီယိုတစ္ခုကျပန႔္ႏွံ႔လာခဲ့ပါတယ္။
ထိုဗီဒီယိုေလးက ခ်စ္သူႏွစ္ေယာက္ ကေတာက္ကဆျဖစ္ၿပီး အဆင္မေျပခဲ့ခ်ိန္က အင္တာဗ်ဴးခဲ့တဲ့ဗီဒီယိုေလးျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ခ်စ္သူေတြဆိုတာကို သိရွိသြားၾကတဲ့ Fan ေတြက တစ္ဆင့္ျပန္လည္ေဝမွ်ခဲ့တာျဖစ္ပါတယ္။ ခ်စ္သူသက္တမ္း ၄ ႏွစ္ေက်ာ္ ၅ ႏွစ္ရွိသြားၿပီျဖစ္တဲ့ သူတို႔ႏွစ္ေယာက္ကို အဆင္ေျပပါေစလို႔ ဆုေတာင္းေပးၾကတဲ့ ပရိသတ္ေတြရွိၿပီး ဆံပင္ရွည္ေလးနဲ႔ ဆြဲေဆာင္မႈေတြပိုေနတဲ့ ေကာင္ေခ်ာေလးမို႔ ႀကိတ္ crush ၿပီး ေနာက္ကြယ္ကေနအားေပးေနၾကတဲ့ ပ်ိဳေမေတြအတြက္ေတာ့ အသဲေတြဟက္တက္ကြဲသြားခဲ့ရပါတယ္။
ေနလင္းေက်ာ္ဟာ ေဖ့စ္ဘြတ္ဆယ္လီ ေက်ာ္ေက်ာ္နႏၵရဲ႕ သီခ်င္းတစ္ပုဒ္မွာလည္း ခ်စ္သူဇာဇာထက္နဲ႔အတူ ပါဝင္တြဲဖက္သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။ ေက်ာ္ေက်ာ္နႏၵရဲ႕သီခ်င္းထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့မႈေၾကာင့္ပဲ ခ်စ္သူဇာဇာထက္နဲ႔ လမ္းခြဲျပတ္စဲမလိုထိ ျပႆနာေတြျဖစ္ခဲ့ၾကပါေသးတယ္။
Credit:(ပိုပိုေလး)
Unicodeဖြင့်ဖတ်ရန်
Sexy model ဇာဇာထက်ရဲ့ချစ်သူဖြစ်နေတဲ့ နေလင်းကျော်
ဒီနှစ်မြန်မာအိုင်ဒေါ Season 4 ရဲ့ Top 11 Finalist တစ်ဦးဖြစ်သူ နေလင်းကျော်ကတော့ ထူးထူးခြားခြား ဆံပင်ရှည်လေးနဲ့ ဆွဲဆောင်မှုပိုနေသူတစ်ဦးပါ။ အရပ်ရှည်ရှည် ရုပ်ရည်ခပ်ဖြောင့်ဖြောင့်နဲ့ သန့်ပြန့်တဲ့ကောင်ချောလေးတစ်ယောက်မို့ နှုတ်ခမ်းနီမလေးတွေကြားမှာ နာမည်ကြီးနေသူတစ်ယောက်ဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲဝင်တွေထဲမှာတော့ မိန်းကလေးပရိသတ်အများစုရဲ့ အားပေးမှုတွေကိုရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။
ရုပ်ရည်ရူပကာဖြောင့်ရုံမက စတိုင်ကလဲမိုက် သီချင်းဆိုကလဲကောင်းတာမို့ နေလင်းကျော်ကတော့ အပြစ်ဆိုစရာသိပ်မရှိတဲ့ ပြိုင်ပွဲတစ်ဦးလို့ ဆိုရပေမည်။ နေလင်းကျော်ကတော့ ပင်ကိုအသံနေအသံထားကောင်းမွန်သူဖြစ်ပြီး မြန်မာအိုင်ဒေါရဲ့ Live Performance ညတွေမှာ အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
လတ်တလောလူမှုကွန်ယက်မှာ တက်လာတဲ့သတင်းတစ်ခုကြောင့် နေလင်းကျော်ကိုအားပေးနေကြတဲ့ ပရိသတ်တွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး နှုတ်ခမ်းနီမလေးတွေတစ်ချို့ အသဲတွေဟက်တက်ကွဲသွားရပါတယ်။ အဲ့တာကတော့ နေလင်းကျော်ရဲ့ချစ်သူကောင်မလေးက ဘယ်သူလဲဆိုတာပေါ်ထွက်လာတာကြောင့်ပဲဖြစ်ပါတယ်။
နေလင်းကျော်ရဲ့ချစ်သူကောင်မလေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးတဲ့ Professional Sexy Model တစ်ဦးဖြစ်သူ ဇာဇာထက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေအကုန်လုံးက နေလင်းကျော်ဟာ မော်ဒယ် ဇာဇာထက်ရဲ့ချစ်သူဆိုတာကို လုံး၀မသိခဲ့ကြပါဘူး။ မနေ့ညမှာတော့ အင်တာနက်တစ်ခွင်မှာ နေလင်းကျော်နဲ့ဇာဇာထက်တို့ရဲ့ အရင်ကဗီဒီယိုတစ်ခုကပြန့်နှံ့လာခဲ့ပါတယ်။
ထိုဗီဒီယိုလေးက ချစ်သူနှစ်ယောက် ကတောက်ကဆဖြစ်ပြီး အဆင်မပြေခဲ့ချိန်က အင်တာဗျူးခဲ့တဲ့ဗီဒီယိုလေးဖြစ်ပြီး သူတို့နှစ်ယောက်ချစ်သူတွေဆိုတာကို သိရှိသွားကြတဲ့ Fan တွေက တစ်ဆင့်ပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။ ချစ်သူသက်တမ်း ၄ နှစ်ကျော် ၅ နှစ်ရှိသွားပြီဖြစ်တဲ့ သူတို့နှစ်ယောက်ကို အဆင်ပြေပါစေလို့ ဆုတောင်းပေးကြတဲ့ ပရိသတ်တွေရှိပြီး ဆံပင်ရှည်လေးနဲ့ ဆွဲဆောင်မှုတွေပိုနေတဲ့ ကောင်ချောလေးမို့ ကြိတ် crush ပြီး နောက်ကွယ်ကနေအားပေးနေကြတဲ့ ပျိုမေတွေအတွက်တော့ အသဲတွေဟက်တက်ကွဲသွားခဲ့ရပါတယ်။
နေလင်းကျော်ဟာ ဖေ့စ်ဘွတ်ဆယ်လီ ကျော်ကျော်နန္ဒရဲ့ သီချင်းတစ်ပုဒ်မှာလည်း ချစ်သူဇာဇာထက်နဲ့အတူ ပါဝင်တွဲဖက်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ကျော်ကျော်နန္ဒရဲ့သီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့မှုကြောင့်ပဲ ချစ်သူဇာဇာထက်နဲ့ လမ်းခွဲပြတ်စဲမလိုထိ ပြဿနာတွေဖြစ်ခဲ့ကြပါသေးတယ်။
Credit:(ပိုပိုလေး)



မှတ်ချက်များ