ခ်စ္သူေကာင္ေလးရဲ႕ အဝတ္ေတြကို ယူဝတ္ပါက ပိုေပ်ာ္ရႊင္ေစဟု ေလ့လာေတြ႔ရွိ
Zawgyiျဖင့္ဖတ္ရန္
Aunty May စာဖတ္ပရိသတ္ေတြထဲက မိန္းကေလးေတြ အတြက္ (FA ေတြမ ပါ :P) သတင္းေကာင္းတစ္ခုရွိပါတယ္။ဒါေပမယ့္ ဒါဟာ ခ်စ္သူ(သို႔) ခင္ပြန္းရွိတဲ့ သူေတြအတြက္ သီးသန္႔ ပါ။ ခ်စ္သူရွိတဲ့ ေကာင္မေလးေတြအတြက္ စိတ္ဖီစီးေနၿပီဆုိရင္ေတာ့ ကိုယ့္ခ်စ္သူ ေကာင္ေလးရဲ႕ အ၀တ္အစားေတြကို ယူ၀တ္ၾကည့္ပါ။ ခ်စ္သူ ေကာင္ေလးရဲ႕ အ၀တ္အစားေတြကို ယူ၀တ္တာက စိတ္ဖိစီးမႈကို ေလ်ာ႕က်ေစၿပီး ပိုၿပီး စိတ္ေပ်ာ္ရႊင္ ေစတယ္ဆုိတဲ့ အခ်က္ကို ေလ့လာ ေတြ႕ရွိထားပါတယ္။ ဒီအခ်က္ေတြကိုေတာ့ သိပၸံပညာရွင္ေတြက ေတြ႕ရွိထားတာပါ။
University of British Columbia က ေလ့လာေတြ႔ရွိထားတာပါ။ ခ်စ္သူရဲ႕ အ၀တ္အစားေတြကို ယူ၀တ္ျခင္းက စိတ္က်န္းမာေပ်ာ္ရႊင္ ေစဖုိ႔ ကို အမ်ားႀကီး အေထာက္အကူျဖစ္ေစတယ္ဆိုတဲ့ အခ်က္ကို ေလ့လာ ေတြ႔ရွိခဲ့တာပါ။ သုေတသီ ေတြက တီရွပ္ အမိ်ဳးအစား (၃)မ်ိဳးကို အမ်ိဳးသမီး (၉၆)ေယာက္အား စမ္းသပ္၀တ္ဆင္ေစခဲ့ပါတယ္။ အဲ့ဒီအမ်ိဳးသမီးေတြရဲ႕ ခ်စ္သူ၀တ္ထားတဲ့ တီရွပ္၊ တျခား သူစိမ္းရဲ႕ တီရွပ္၊ ၾကားေန တီရွပ္(ခ်စ္သူေရာ သူစိမ္းေရာ ၀တ္ထား) ..အဲ့ဒီ သံုးမ်ိဳးကို ၀တ္ဆင္ေစခဲ့တာပါ။ အဲ့ဒီအခါမွာေတာ့ ကိုယ့္ခ်စ္သူရဲ႕ ကိုယ္သင္းရနံ႔ ပါတဲ့ အ၀တ္အစားကုိ (၂၄)နာရီ ၾကာ ၀တ္ရတဲ့အခါမွာ အမ်ိဳးသမီးေတြရဲ႕ ကိုလက္စထ ေရာ Level ဟာ သိသိသာသာ က်သြားၿပီး စိတ္ဖီစီးမႈနဲ႔ စိတ္ကေယာင္ကတန္းျဖစ္မႈေတြ က ေလ်ာ႔ က်သြားခဲ့ပါတယ္။ သူစိမ္းရဲ႕ တီရွပ္ကို ၀တ္တဲ့အခါမွာေတာ့ ကိုလက္စထ ေရာ Level က သိသိသာသာကို ပိုျမင့္တက္သြားခဲ့ပါတယ္။ အမ်ိဳးသားေတြကေရာ အဲ့ဒီလိုပဲ ျဖစ္တတ္သလား ဆုိရင္ေတာ့…………
မျဖစ္ပါဘူး။ အမ်ိဳးုသားေတြကို သူ႔ခ်စ္သူ အမိ်ဳးသမီးရဲ႕ တီရွပ္ကို ယူ၀တ္ခိုင္းတဲ့ အခါ မွာေတာ့ အမ်ိဳးသမီးေတြလုိ ပို ေပ်ာ္ရႊင္လာတာမ်ိဳး မရွိခဲ့ပါဘူး။ သုေတသီေတြက ေတာ့ ဒီလို ျဖစ္ရတာဟာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြ ထက္ပိုၿပီး အနံ႔ခံ အာရံုေကာင္းတယ္ (အမ်ိဳးသားေတြက အမိ်ဳးသမီးေတြ ေလာက္ အနံ႔ ခံအာရံု မေကာင္း) ဆုိတဲ့ အခ်က္ေၾကာင့္ ျဖစ္ႏိုင္တယ္လုိ႔ သံုးသပ္ခဲ့ပါတယ္။အမ်ိဳးသမီးေတြက အနံ႔ ခံအာရံုပိုင္းမွာ ပို ေကာင္းေပမယ့္ အျမင္ပို္င္းမွာေတာ့ အမ်ိဳးသားေတြက ပို ေကာင္းပါတယ္။ ဒါေၾကာင့္ အမ်ိိဳးသားေတြက သူတို႔ခ်စ္သူရဲ႕ အ၀တ္အစားကို ျမင္လိုက္ရင္ေတာ့ စိတ္ဖိစီးမႈေတြ ေလ်ာ႔က်သြားတာမ်ိဳးျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။
အမ်ိဳးသမီးေတြဟာ သူတို႔ ခ်စ္ရတဲ့ ခ်စ္သူ အနားမွာေနရရင္ သူတို႔ ကလည္း oxytocin ဆိုတဲ့ (happy hormone) တစ္မ်ိဳးထြက္လာတတ္ပါတယ္။ ထြက္လာတဲ့ ေဟာ္မုန္း ပမာဏ ကေတာ့ အဲ့ဒီ relationship မွာ သူမ ဘယ္ေလာက္ထိ ေပ်ာ္လဲ၊ ေက်နပ္ အားရမႈ ရွိလဲ ဆုိတဲ့ အေပၚ မူတည္ပါတယ္။ အဲ့ဒီအေပၚ မူတည္ၿပီးေတာ့လည္း ခ်စ္သူရဲ႕ ကို္ယ္သင္းရနံ႕ကို ရတဲ့ အခါ ျဖစ္တဲ့ သူမရဲ႕ စိတ္ခံစားခ်က္ကို သက္ေရာက္ေစပါတယ္။ မိခင္ရဲ႕ အသံကို သားသမီးေတြက ၾကားလိုက္ရင္ Happy Hormone ထြက္ေလ့ရွိတယ္လုိ႔လည္း ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။
Source: The Guardian
Credit:Em Em(Auntymay)
Unicodeဖြင့်ဖတ်ရန်
ချစ်သူကောင်လေးရဲ့ အဝတ်တွေကို ယူဝတ်ပါက ပိုပျော်ရွှင်စေဟု လေ့လာတွေ့ရှိ
Aunty May စာဖတ်ပရိသတ်တွေထဲက မိန်းကလေးတွေ အတွက် (FA တွေမ ပါ :P) သတင်းကောင်းတစ်ခုရှိပါတယ်။ဒါပေမယ့် ဒါဟာ ချစ်သူ(သို့) ခင်ပွန်းရှိတဲ့ သူတွေအတွက် သီးသန့် ပါ။ ချစ်သူရှိတဲ့ ကောင်မလေးတွေအတွက် စိတ်ဖီစီးနေပြီဆိုရင်တော့ ကိုယ့်ချစ်သူ ကောင်လေးရဲ့ အဝတ်အစားတွေကို ယူဝတ်ကြည့်ပါ။ ချစ်သူ ကောင်လေးရဲ့ အဝတ်အစားတွေကို ယူဝတ်တာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပိုပြီး စိတ်ပျော်ရွှင် စေတယ်ဆိုတဲ့ အချက်ကို လေ့လာ တွေ့ရှိထားပါတယ်။ ဒီအချက်တွေကိုတော့ သိပ္ပံပညာရှင်တွေက တွေ့ရှိထားတာပါ။
University of British Columbia က လေ့လာတွေ့ရှိထားတာပါ။ ချစ်သူရဲ့ အဝတ်အစားတွေကို ယူဝတ်ခြင်းက စိတ်ကျန်းမာပျော်ရွှင် စေဖို့ ကို အများကြီး အထောက်အကူဖြစ်စေတယ်ဆိုတဲ့ အချက်ကို လေ့လာ တွေ့ရှိခဲ့တာပါ။ သုတေသီ တွေက တီရှပ် အမျိုးအစား (၃)မျိုးကို အမျိုးသမီး (၉၆)ယောက်အား စမ်းသပ်ဝတ်ဆင်စေခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးတွေရဲ့ ချစ်သူဝတ်ထားတဲ့ တီရှပ်၊ တခြား သူစိမ်းရဲ့ တီရှပ်၊ ကြားနေ တီရှပ်(ချစ်သူရော သူစိမ်းရော ဝတ်ထား) ..အဲ့ဒီ သုံးမျိုးကို ဝတ်ဆင်စေခဲ့တာပါ။ အဲ့ဒီအခါမှာတော့ ကိုယ့်ချစ်သူရဲ့ ကိုယ်သင်းရနံ့ ပါတဲ့ အဝတ်အစားကို (၂၄)နာရီ ကြာ ဝတ်ရတဲ့အခါမှာ အမျိုးသမီးတွေရဲ့ ကိုလက်စထ ရော Level ဟာ သိသိသာသာ ကျသွားပြီး စိတ်ဖီစီးမှုနဲ့ စိတ်ကယောင်ကတန်းဖြစ်မှုတွေ က လျော့ ကျသွားခဲ့ပါတယ်။ သူစိမ်းရဲ့ တီရှပ်ကို ဝတ်တဲ့အခါမှာတော့ ကိုလက်စထ ရော Level က သိသိသာသာကို ပိုမြင့်တက်သွားခဲ့ပါတယ်။ အမျိုးသားတွေကရော အဲ့ဒီလိုပဲ ဖြစ်တတ်သလား ဆိုရင်တော့…………
မဖြစ်ပါဘူး။ အမျိုးုသားတွေကို သူ့ချစ်သူ အမျိုးသမီးရဲ့ တီရှပ်ကို ယူဝတ်ခိုင်းတဲ့ အခါ မှာတော့ အမျိုးသမီးတွေလို ပို ပျော်ရွှင်လာတာမျိုး မရှိခဲ့ပါဘူး။ သုတေသီတွေက တော့ ဒီလို ဖြစ်ရတာဟာ အမျိုးသမီးတွေဟာ အမျိုးသားတွေ ထက်ပိုပြီး အနံ့ခံ အာရုံကောင်းတယ် (အမျိုးသားတွေက အမျိုးသမီးတွေ လောက် အနံ့ ခံအာရုံ မကောင်း) ဆိုတဲ့ အချက်ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။အမျိုးသမီးတွေက အနံ့ ခံအာရုံပိုင်းမှာ ပို ကောင်းပေမယ့် အမြင်ပိုင်းမှာတော့ အမျိုးသားတွေက ပို ကောင်းပါတယ်။ ဒါကြောင့် အမျိုးသားတွေက သူတို့ချစ်သူရဲ့ အဝတ်အစားကို မြင်လိုက်ရင်တော့ စိတ်ဖိစီးမှုတွေ လျော့ကျသွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေဟာ သူတို့ ချစ်ရတဲ့ ချစ်သူ အနားမှာနေရရင် သူတို့ ကလည်း oxytocin ဆိုတဲ့ (happy hormone) တစ်မျိုးထွက်လာတတ်ပါတယ်။ ထွက်လာတဲ့ ဟော်မုန်း ပမာဏ ကတော့ အဲ့ဒီ relationship မှာ သူမ ဘယ်လောက်ထိ ပျော်လဲ၊ ကျေနပ် အားရမှု ရှိလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်။ အဲ့ဒီအပေါ် မူတည်ပြီးတော့လည်း ချစ်သူရဲ့ ကိုယ်သင်းရနံ့ကို ရတဲ့ အခါ ဖြစ်တဲ့ သူမရဲ့ စိတ်ခံစားချက်ကို သက်ရောက်စေပါတယ်။ မိခင်ရဲ့ အသံကို သားသမီးတွေက ကြားလိုက်ရင် Happy Hormone ထွက်လေ့ရှိတယ်လို့လည်း လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
Source: The Guardian
Credit:Em Em(Auntymay)


မှတ်ချက်များ