သထုံမွာ ဖခင္ရင္းက (၉)တန္းေက်ာင္းသူ သမီးရင္းကို အၫႊန႔္ခ်ိဳး အႀကိမ္ႀကိမ္ ျပဳက်င့္ၿပီး လူမဆန္စြာ ႐ိုက္ႏွက္မႈ




Zawgyi ျဖင့္ဖတ္ရန္

သထုံၿမိဳ႕၊ ဘင္လႈိင္ရပ္ကြက္ေန မ ——၊ (၁၇)ႏွစ္၊ (ဘ)ဦးစိုင္းေက်ာ္ေဇာ၊ (၉)တန္းေက်ာင္းသူသည္ ၁၆-၁၀-၂၀၁၈ ရက္ေန႔ (၁၉း၀၀) အခ်ိန္ခန႔္တြင္ မိခင္ျဖစ္သူမွာ ေတာင္ႀကီးၿမိဳ႕သို႔ ေရာက္ရွိေနၿပီး ၎၏ဖခင္အရင္းျဖစ္သူ ဦးစိုင္းေက်ာ္ေဇာ(၄၃)ႏွစ္၊ (ဘ)ဦးသန္းေ႐ႊ၊ ေဆာက္လုပ္ေရးကန္ထ႐ိုက္ႏွင့္အတူ ေနအိမ္၌ ရွိေနစဥ္ ဖခင္ျဖစ္သူမွ ေနအိမ္အိပ္ခန္းအတြင္းေခၚ၍ အက်ႌခြၽတ္ခိုင္းကာ ကုတင္ေပၚထိုင္ေစလ်က္ ဖုန္းျဖင့္ ညစ္ညမ္းေခြမ်ားအတင္းျပသ၍ သားမယားအျဖစ္(၁)ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း၊



ဖခင္အားေၾကာက္ရသျဖင့္ မည္သူ႔ကိုမွ်မေျပာျပခဲ့ေၾကာင္း၊ ဖခင္ျဖစ္သူမွာ ေဆာက္လုပ္ေရးကန္ထ႐ိုက္အလုပ္ျဖင့္ ခရီးထြက္ေလ့ ရွိၿပီး ခရီးထြက္ ရာမွျပန္လည္ေရာက္ရွိတိုင္း မိခင္ျဖစ္သူအလစ္တြင္ ၎ေနအိမ္အိပ္ခန္းအတြင္း မၾကာခဏဝင္ေရာက္၍ သားမယားအျဖစ္ ျပဳက်င့္ေၾကာင္း၊



သားမယားျပဳက်င့္ၿပီးေနာက္တားေဆးတိုက္ေၾကာင္း၊ ၆-၁၁-၂၀၁၉ ရက္ေန႔ (၂၂း၀၀) အခ်ိန္ခန႔္တြင္ ဖခင္ျဖစ္သူမွာ ေနအိမ္အိပ္ခန္း အတြင္း ဝင္ေရာက္ၿပီး သားမယားအျဖစ္ (၁)ႀကိမ္ျပဳက်င့္ၿပီးေနာက္ ၎အိပ္ခန္းအတြင္း သြားေရာက္အိပ္စက္၍၇-၁၁-၂၀၁၉ ရက္ေန႔ (၀၂း၃၀) အခ်ိန္ မ ——- ၏ ေနအိမ္အိပ္ခန္း အတြင္းထပ္မံေရာက္ရွိလာကာ သားမယားအျဖစ္(၁)ႀကိမ္ ထပ္မံျပဳက်င့္ၿပီး အိပ္ေပ်ာ္သြားစဥ္ နံနက္(၀၅း၀၀)အခ်ိန္ ဖခင္ျဖစ္သူမွ လာေရာက္ႏႈိးၿပီး မ ———- ၏ ဖုန္းအား စစ္ေဆး၍ ရည္းစားထားရမလားဟုေျပာဆိုၿပီး တံမ်က္စည္းစတီးလက္ကိုင္႐ိုး၊ သစ္သားေခ်ာင္းတို႔ျဖင့္႐ိုက္ႏွက္ခဲ့သျဖင့္ ၎တြင္ ဝဲ/ယာ ပုခုံးညိဳမဲ၊ ဝဲ/ ယာလက္ခုံေပါက္ၿပဲ၊ ယာေပါင္ညိဳမဲ၊ ဝဲ/ယာေျခသလုံးေပါက္ၿပဲ၊ ယာခါးဖူးေယာင္၊ ယာဂ်ိဳေစာင္းဖူးေယာင္၊ ေနာက္ေစ့ဖူးေယာင္ဒဏ္ရာ မ်ား(မစိုးရိမ္ရ)ရရွိခဲ့သျဖင့္ သထုံခ႐ိုင္ေဆး႐ုံႀကီးသို႔ တက္ေရာက္ကုသ ခဲ့ရေၾကာင္း၊




၇-၁၁-၂၀၁၉ရက္ေန႔ (၁၅း၄၀)အခ်ိန္ မ———- မွ ၎အား သားမယားအျဖစ္ျပဳက်င့္ၿပီး ႐ိုက္ႏွက္ခဲ့သူ ဦးစိုင္းေက်ာ္ေဇာအား ဥပေဒအရ အေရးယူေပးရန္တိုင္တန္းသျဖင့္ သထုံၿမိဳ႕မရဲစခန္း (ပ) ၂၃၀၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆/၃၂၅ (အမႈႀကီးအမွတ္စဥ္၊၁၀/၂၀၁၉) အရ အမႈဖြင့္လွစ္ၿပီး တရားခံအားအမႈျဖင့္ ဖမ္းဆီးစစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။
share form : burmese.asia


Unicode ဖြင့်ဖတ်ရန်

သထုံမှာ ဖခင်ရင်းက (၉)တန်းကျောင်းသူ သမီးရင်းကို အညွှန့်ချိုး အကြိမ်ကြိမ် ပြုကျင့်ပြီး လူမဆန်စွာ ရိုက်နှက်မှု


သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်နေ မ ——၊ (၁၇)နှစ်၊ (ဘ)ဦးစိုင်းကျော်ဇော၊ (၉)တန်းကျောင်းသူသည် ၁၆-၁၀-၂၀၁၈ ရက်နေ့ (၁၉း၀၀) အချိန်ခန့်တွင် မိခင်ဖြစ်သူမှာ တောင်ကြီးမြို့သို့ ရောက်ရှိနေပြီး ၎င်း၏ဖခင်အရင်းဖြစ်သူ ဦးစိုင်းကျော်ဇော(၄၃)နှစ်၊ (ဘ)ဦးသန်းရွှေ၊ ဆောက်လုပ်ရေးကန်ထရိုက်နှင့်အတူ နေအိမ်၌ ရှိနေစဉ် ဖခင်ဖြစ်သူမှ နေအိမ်အိပ်ခန်းအတွင်းခေါ်၍ အင်္ကျီချွတ်ခိုင်းကာ ကုတင်ပေါ်ထိုင်စေလျက် ဖုန်းဖြင့် ညစ်ညမ်းခွေများအတင်းပြသ၍ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း၊



ဖခင်အားကြောက်ရသဖြင့် မည်သူ့ကိုမျှမပြောပြခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှာ ဆောက်လုပ်ရေးကန်ထရိုက်အလုပ်ဖြင့် ခရီးထွက်လေ့ ရှိပြီး ခရီးထွက် ရာမှပြန်လည်ရောက်ရှိတိုင်း မိခင်ဖြစ်သူအလစ်တွင် ၎င်းနေအိမ်အိပ်ခန်းအတွင်း မကြာခဏဝင်ရောက်၍ သားမယားအဖြစ် ပြုကျင့်ကြောင်း၊



သားမယားပြုကျင့်ပြီးနောက်တားဆေးတိုက်ကြောင်း၊ ၆-၁၁-၂၀၁၉ ရက်နေ့ (၂၂း၀၀) အချိန်ခန့်တွင် ဖခင်ဖြစ်သူမှာ နေအိမ်အိပ်ခန်း အတွင်း ဝင်ရောက်ပြီး သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ပြီးနောက် ၎င်းအိပ်ခန်းအတွင်း သွားရောက်အိပ်စက်၍၇-၁၁-၂၀၁၉ ရက်နေ့ (၀၂း၃၀) အချိန် မ ——- ၏ နေအိမ်အိပ်ခန်း အတွင်းထပ်မံရောက်ရှိလာကာ သားမယားအဖြစ်(၁)ကြိမ် ထပ်မံပြုကျင့်ပြီး အိပ်ပျော်သွားစဉ် နံနက်(၀၅း၀၀)အချိန် ဖခင်ဖြစ်သူမှ လာရောက်နှိုးပြီး မ ———- ၏ ဖုန်းအား စစ်ဆေး၍ ရည်းစားထားရမလားဟုပြောဆိုပြီး တံမျက်စည်းစတီးလက်ကိုင်ရိုး၊ သစ်သားချောင်းတို့ဖြင့်ရိုက်နှက်ခဲ့သဖြင့် ၎င်းတွင် ဝဲ/ယာ ပုခုံးညိုမဲ၊ ဝဲ/ ယာလက်ခုံပေါက်ပြဲ၊ ယာပေါင်ညိုမဲ၊ ဝဲ/ယာခြေသလုံးပေါက်ပြဲ၊ ယာခါးဖူးယောင်၊ ယာဂျိုစောင်းဖူးယောင်၊ နောက်စေ့ဖူးယောင်ဒဏ်ရာ များ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သထုံခရိုင်ဆေးရုံကြီးသို့ တက်ရောက်ကုသ ခဲ့ရကြောင်း၊



၇-၁၁-၂၀၁၉ရက်နေ့ (၁၅း၄၀)အချိန် မ———- မှ ၎င်းအား သားမယားအဖြစ်ပြုကျင့်ပြီး ရိုက်နှက်ခဲ့သူ ဦးစိုင်းကျော်ဇောအား ဥပဒေအရ အရေးယူပေးရန်တိုင်တန်းသဖြင့် သထုံမြို့မရဲစခန်း (ပ) ၂၃၀၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၂၅ (အမှုကြီးအမှတ်စဉ်၊၁၀/၂၀၁၉) အရ အမှုဖွင့်လှစ်ပြီး တရားခံအားအမှုဖြင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

share form : burmese.asia

မှတ်ချက်များ