ရုပ္လကၡဏာဖတ္ပညာအရ လူခ်မ္းသာတစ္ေယာက္ က်ိန္းေသျဖစ္လာမယ့္ မ်က္နွာပံုစံမ်ား
Zawgyiျဖင့္ဖတ္ရန္
လူတစ္ေယာက္ရဲ႕မ်က္နွာကိုၾကည့္ရံုနဲ႕ သူ႕အေၾကာင္းကို အတိအက်ေျပာနိုင္တဲ့ ရုပ္လကၡဏာကိုဖတ္တဲ့ ပညာမ်ိဳးဆို တာ အံ့ၾသဖို႕ေကာင္းတဲ့ပညာတစ္မ်ိဳးျဖစ္ပါတယ္။ ရုပ္ရည္သြင္ျပင္က ကံကၾကမၼာကို မသတ္မွတ္နိုင္ေပမယ့္ ဘာေတြျ ဖစ္လာ နိုင္သလဲဆိုတာကိုေတာ့ အနီးစပ္ဆံုးခန္႕မွန္္းနိုင္ပါတယ္။ ဒါေၾကာင့္ တရုတ္ရိုးရာရုပ္လကၡဏာဖတ္ပညာအရ လူခ်မ္းသာတစ္ေယာက္ျဖစ္လာနိုင္ေခ်မ်ားတဲ့သူတစ္ေယာက္ရဲ႕ ရုပ္လကၡဏာေတြကိုေဖာ္ျပေပးလုိက္ပါတယ္။
(၁) နွစ္ဖက္ညီညာတဲ့မ်က္နွာအခ်ိဳးအစား
မ်က္နွာအခ်ိဳးအစားႏွစ္ဖက္ညီညာေနတာမ်ိဳးက ရွားပါတယ္။ တကယ္လို႕ အဲ့ဒီလိုမ်က္နွာမ်ိဳးရွိခဲ့ရင္ သူမတူေအာင္ခ်မ္း သာၾကြယ္ဝလာတတ္ပါတယ္။
(၂) နဖူးျမင့္ျမင့္က်ယ္က်ယ္
ျမင့္ျပီးက်ယ္ဝန္းတဲ့နဖူးမ်ိဳးကို ပိုင္ဆိုင္ထားတဲ့သူေတြဟာလည္း ခ်မ္းသာၾကြယ္ဝနိုင္ေခ်မ်ားတဲ့သူေတြပါ။ ဒါေပမယ့္ နဖူးအလယယ္မွာ မွဲ႕ရွိေနရင္ေတာ့ ကံသိပ္မေကာင္းတတ္ပါဘူး။
(၃) လံုးဝန္းတဲ့ႏွာေခါင္း
ႏွာေခါင္းလံုးလံုးေလးက ခ်မ္းသာၾကြယ္ဝသူတစ္ေယာက္ျဖစ္နိုင္တယ္ဆိုတဲ့ သေကၤတတစ္ခုပါ။ အမ်ိဳးသားေတြမွာ ဆို ေငြေၾကးကံအလြန္ေကာင္းျပီး၊ အမ်ိဳးသမီးေတြမွာဆို သူမကိုလက္ထပ္တဲ့အမ်ိဳးသားက တျဖည္းျဖည္းတိုးတက္ႀကီး ပြားလာပါလိ္မ့္မယ္။
(၄) အလယ္မွာခြ်န္ေနတဲ့ႏႈတ္ခမ္း
အေပၚေအာက္အရြယ္အစားတူညီျပီး တိက်တဲ့ပံုစံမ်ိဳးရွိတဲ့၊ အလြယ္မွာခြ်န္ေနတဲ့ႏႈတ္ခမ္းရွိတဲ့သူေတြလည္း ခ်မ္းသာ ၾကြယ္ဝနိုင္ေခ်အလြန္မ်ားတဲ့သူေတြပါ။ အဲ့ဒါမ်ိဳးကိို ပုလဲႏႈတ္ခမ္းလို႕ေခၚပါတယ္။
(၅) အဖ်ားႏွစ္ဖက္ေကာ့တက္ေနတဲ့ပါးစပ္
အဖ်ားနွစ္ဖက္က အေပၚဘက္ကိုေကာ့တက္ေနျပီး ဒီတိုင္းေနရင္ေတာင္ျပံဳးေနသလိုေလးျဖစ္ေနတဲ့ပံုစံပါ။ အဲ့ဒါကို ၾကာ ပြင့္ပါးစပ္လို႕ေခၚျပီး ခ်မ္းသာၾကြယ္ဝမယ့္သူေတြမွာ ေတြ႕ရတတ္ပါတယ္။
(၆) လံုးဝန္းတဲ့ေမးေစ့
လံုးဝန္းျပီးထင္ရွားတဲ့ေမးေစ့ရွိတဲ့သူေတြဟာ ခ်မ္းသာၾကြယ္ဝမယ့္သူ၊ အိုဇာတာေကာင္းမယ့္သူေတြ လို႕ ေျပာလို႕ ရပါတယ္။
(၇) မ်က္လံုးေတာက္ေတာက္
စူးရွေတာက္ပတဲ့မ်က္လံုးပိုင္ရွင္ေတြ ရွိတတ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက သူတို႕ၾကည့္တာကို မခံနိုင္ပါဘူး။ အဲ့ဒီလိုမ်က္လံုးေတာက္ေတာက္ေတြရွိတာကလည္း ခ်မ္းသာမယ့္ လကၡဏာတစ္ခုပါပဲ။
(၈) ထင္ရွားတဲ့ပါးရိုး
ပါးရိုးေတြက ျမင့္ျပီးထင္းေနလို႕ ကိုယ့္ကိုယ္ကိို မလွဘူးလို႕မေတြးလိုက္ပါနဲ႕ေနာ္။ အဲ့ဒါက ခ်မ္းသာၾကြယ္ဝမယ့္ သူတစ္ေယာက္ရဲ႕ လကၡဏာပါ။
(၉) နားရြက္ၾကီးၾကီး
ထင္ရွားျပီးၾကီးမားတဲ့နားရြက္ေတြကိုပိုင္ဆိုင္ထားတယ္ဆိုရင္လည္း ဒါဟာ ခ်မ္းသာၾကြယ္ဝမယ့္ သေဘာပါပဲ။ ဒါတင္မကေသးပါဘူး၊ ပညာေရးကံ၊ အလုပ္ကံနဲ႕ ေငြေၾကးကံေတြလည္း အလြန္ေကာင္းမယ့္သူပါ။
source – wofs
Credit:Em Em(Auntymay)
Unicodeဖြင့်ဖတ်ရန်
ရုပ်လက္ခဏာဖတ်ပညာအရ လူချမ်းသာတစ်ယောက် ကျိန်းသေဖြစ်လာမယ့် မျက်နှာပုံစံများ
လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်ရုံနဲ့ သူ့အကြောင်းကို အတိအကျပြောနိုင်တဲ့ ရုပ်လက္ခဏာကိုဖတ်တဲ့ ပညာမျိုးဆို တာ အံ့သြဖို့ကောင်းတဲ့ပညာတစ်မျိုးဖြစ်ပါတယ်။ ရုပ်ရည်သွင်ပြင်က ကံကကြမ္မာကို မသတ်မှတ်နိုင်ပေမယ့် ဘာတွြေ ဖစ်လာ နိုင်သလဲဆိုတာကိုတော့ အနီးစပ်ဆုံးခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် တရုတ်ရိုးရာရုပ်လက္ခဏာဖတ်ပညာအရ လူချမ်းသာတစ်ယောက်ဖြစ်လာနိုင်ချေများတဲ့သူတစ်ယောက်ရဲ့ ရုပ်လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။
(၁) နှစ်ဖက်ညီညာတဲ့မျက်နှာအချိုးအစား
မျက်နှာအချိုးအစားနှစ်ဖက်ညီညာနေတာမျိုးက ရှားပါတယ်။ တကယ်လို့ အဲ့ဒီလိုမျက်နှာမျိုးရှိခဲ့ရင် သူမတူအောင်ချမ်း သာကြွယ်ဝလာတတ်ပါတယ်။
(၂) နဖူးမြင့်မြင့်ကျယ်ကျယ်
မြင့်ပြီးကျယ်ဝန်းတဲ့နဖူးမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေဟာလည်း ချမ်းသာကြွယ်ဝနိုင်ချေများတဲ့သူတွေပါ။ ဒါပေမယ့် နဖူးအလယယ်မှာ မှဲ့ရှိနေရင်တော့ ကံသိပ်မကောင်းတတ်ပါဘူး။
(၃) လုံးဝန်းတဲ့နှာခေါင်း
နှာခေါင်းလုံးလုံးလေးက ချမ်းသာကြွယ်ဝသူတစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့ သင်္ကေတတစ်ခုပါ။ အမျိုးသားတွေမှာ ဆို ငွေကြေးကံအလွန်ကောင်းပြီး၊ အမျိုးသမီးတွေမှာဆို သူမကိုလက်ထပ်တဲ့အမျိုးသားက တဖြည်းဖြည်းတိုးတက်ကြီး ပွားလာပါလိမ့်မယ်။
(၄) အလယ်မှာချွန်နေတဲ့နှုတ်ခမ်း
အပေါ်အောက်အရွယ်အစားတူညီပြီး တိကျတဲ့ပုံစံမျိုးရှိတဲ့၊ အလွယ်မှာချွန်နေတဲ့နှုတ်ခမ်းရှိတဲ့သူတွေလည်း ချမ်းသာ ကြွယ်ဝနိုင်ချေအလွန်များတဲ့သူတွေပါ။ အဲ့ဒါမျိုးကို ပုလဲနှုတ်ခမ်းလို့ခေါ်ပါတယ်။
(၅) အဖျားနှစ်ဖက်ကော့တက်နေတဲ့ပါးစပ်
အဖျားနှစ်ဖက်က အပေါ်ဘက်ကိုကော့တက်နေပြီး ဒီတိုင်းနေရင်တောင်ပြုံးနေသလိုလေးဖြစ်နေတဲ့ပုံစံပါ။ အဲ့ဒါကို ကြာ ပွင့်ပါးစပ်လို့ခေါ်ပြီး ချမ်းသာကြွယ်ဝမယ့်သူတွေမှာ တွေ့ရတတ်ပါတယ်။
(၆) လုံးဝန်းတဲ့မေးစေ့
လုံးဝန်းပြီးထင်ရှားတဲ့မေးစေ့ရှိတဲ့သူတွေဟာ ချမ်းသာကြွယ်ဝမယ့်သူ၊ အိုဇာတာကောင်းမယ့်သူတွေ လို့ ပြောလို့ ရပါတယ်။
(၇) မျက်လုံးတောက်တောက်
စူးရှတောက်ပတဲ့မျက်လုံးပိုင်ရှင်တွေ ရှိတတ်ပါတယ်။ လူတော်တော်များများက သူတို့ကြည့်တာကို မခံနိုင်ပါဘူး။ အဲ့ဒီလိုမျက်လုံးတောက်တောက်တွေရှိတာကလည်း ချမ်းသာမယ့် လက္ခဏာတစ်ခုပါပဲ။
(၈) ထင်ရှားတဲ့ပါးရိုး
ပါးရိုးတွေက မြင့်ပြီးထင်းနေလို့ ကိုယ့်ကိုယ်ကို မလှဘူးလို့မတွေးလိုက်ပါနဲ့နော်။ အဲ့ဒါက ချမ်းသာကြွယ်ဝမယ့် သူတစ်ယောက်ရဲ့ လက္ခဏာပါ။
(၉) နားရွက်ကြီးကြီး
ထင်ရှားပြီးကြီးမားတဲ့နားရွက်တွေကိုပိုင်ဆိုင်ထားတယ်ဆိုရင်လည်း ဒါဟာ ချမ်းသာကြွယ်ဝမယ့် သဘောပါပဲ။ ဒါတင်မကသေးပါဘူး၊ ပညာရေးကံ၊ အလုပ်ကံနဲ့ ငွေကြေးကံတွေလည်း အလွန်ကောင်းမယ့်သူပါ။
source – wofs
Credit:Em Em(Auntymay)


မှတ်ချက်များ