ေယာက်္ားေလးေတြ စိတ္ကုန္သြားတတ္တဲ့ မိန္းကေလးအမ်ိဳးအစား (၅) မ်ိဳး
Zawgyiျဖင့္ဖတ္ရန္
မိန္းကေလးေတြဟာ အရမ္းကို အခ်စ္ႀကီးသလို၊ တစ္ခါတေလ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္လို႔မရေလာက္ေအာင္ အလြန္အကၽြံေတြ ျဖစ္မွန္းမသိ ျဖစ္တတ္ၾကပါတယ္။ တစ္ခါတေလ ဆိုရင္ေတာ့ ကိစၥမရွိေပမယ့္ အၿမဲတမ္းဒီလိုျဖစ္ေနရင္ေတာ့ ကိုယ့္ခ်စ္သူ၊ ကိုယ့္ရဲ႕လက္တြဲေဖာ္က ၿငီးေငြ႕စိတ္ပ်က္ျပီး ေနာက္ဆံုးမွာေတာ့ ထားသြားတတ္ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ ေယာက်္ားေလးေတြ စိတ္ကုန္သြားတတ္တဲ့ မိန္းကေလးအမ်ိဳးအစားေတြပဲ ျဖစ္ပါတယ္။ တကယ္လို႔ ဒီအထဲသင္ပါေနရင္ေတာ့ အျမန္ဆံုးကိုယ့္ကိုယ္ကို ျပင္ဆင္လိုက္ပါ။ သင္ခ်စ္တဲ့သူကို လက္မလႊတ္လိုက္ရခင္ေပါ့။
(၁) နားပူနားဆာလုပ္တဲ့ မိန္းကေလးမ်ိဳး
နားပူနားဆာလုပ္တဲ့ မိန္းကေလးဆိုတာ ခ်စ္သူကို ထမင္းစားေရေသာက္ကအစ အျမဲတမ္းလိုက္ေျပာေနျပီး တစ္ခုခုအလိုမက်ရင္လည္း ဗ်စ္ေတာက္ဗ်စ္ေတာက္နဲ႔ အျမဲတမး္ မျပီးႏိုင္မစီးႏိုင္ ပူညံပူညံ လုပ္ေနတတ္တဲ့ သူေတြပါ။ ေယာက်္ားေလးေတြဟာ ေက်ာပူတာသာ ခံႏိုင္မယ္၊ နားပူတာ မခံႏိုင္ၾကပါဘူး။ ၾကာလာတဲ့အခါ စိတ္္ေတြမြန္းက်ပ္ျပီး သင့္အေပၚမွာ စိ္တ္ကုန္သြားပါလိမ့္မယ္။ ဒါေၾကာင့္ သင္မေက်နပ္တာ၊ ေဒါသထြက္တာေတြကို တိုတိုျပတ္ျပတ္၊ ရွင္းရွင္းေလးနဲ႔ ထိထိမိမိေလးေျပာတတ္ဖို႔ ေလ့က်င့္သင္ယူလိုက္ပါ။
(၂) အက်ယ္ခ်ဲ႔တဲ့ မိန္းကေလးမ်ိဳး
ျပႆနာေသးေသးေလးေတြ၊ ဘာမဟုတ္တဲ့ အေသးအမႊားေလးေတြကအစ လုိက္ျပီး ပံုၾကီးခ်ဲ႔တတ္တဲ့ မိန္းကေလးမ်ိဳးေတြကို ေယာက်္ားေလးေတြက စိတ္ကုန္သြားတတ္ပါတယ္။ ႏွစ္ကိုယ္ၾကားက ေတာက္ကဆ ျဖစ္တာေတြကို တစေ္လာကလံုးသိေအာင္ ထုတ္ေျပာတာမ်ိဳး၊ အတြင္းေရးေတြကို ထုတ္ေျပာတာမ်ိဳး၊ အေၾကာင္းကိစၥတိုင္းကို ပံုၾကီးခ်ဲ႔ျပီး လူသိရွင္ၾကားလုပ္တတ္တဲ့ မိန္းကေလးမ်ိဳးကို ေယာက်္ားေလးေတြ စိတ္ကုန္သြားတတ္ၾကပါတယ္။
(၃) နားလည္မႈမရွိတဲ့ မိန္းကေလးမ်ိဳး
မိန္းကေလးေတြဟာ အခ်ိန္တိုင္း အႏိုင္လိုခ်င္တဲ့သူေတြပါ။ ဒါဟာ လံုးဝသဘာဝမက်ပါဘူး။ သင္မွန္တဲ့ အခ်ိန္လည္းရွိသလို၊ မွားတဲ့အခ်ိန္ေတြလည္း ရွိမွာပါ။ သင္ႏိုင္ခဲ့သလို၊ အရံႈးေပးသင့္တဲ့ အခ်ိန္ေတြလည္း ရွိပါတယ္။ အျမဲတမး္အႏိုင္ပဲလိုခ်င္ျပီး ကိုယ္လုပ္တာ၊ ကိုယ္ေျပာတာ၊ ကိုယ္ေတြးတာပဲ မွန္တယ္လို႔ ထင္ေနရင္ေတာ့ သင္မွားေနပါျပီ။ ကုိယ့္စိတ္တစ္ခုပဲၾကည့္ျပီး အျမဲတမ္း စိတ္ဆိုးစိတ္ေကာက္၊ ျပႆနာရွာေနရင္ေတာ့ ၾကာလာတဲ့အခါခ်စ္သူက စိတ္ကုန္သြားမွာပါ။
(၄) မမွန္ကန္ေသာ မာနတရား
မာနက ရွိသင့္တဲ့ေနရာရွိရင္ေတာ့ ေလးစားမႈကိုခံရေပမယ့္ တလြဲမာနရွိေနရင္ေတာ့ စိတ္ကုန္ျခင္းကိုသာ ခံရမွာပါ။ ဘယ္လိုမ်ိဳးလဲဆိုေတာ့ ကိုယ့္ရဲ႕ ကိုယ္က်င့္သိကၡာနဲ႔ပတ္သက္လို႔ မာနရွိတာ အရမး္ကိုေကာင္းပါတယ္။ ေစာင့္ထိန္းသင့္တာကိုေစာင့္ထိန္းရမွာပါ။ ဒါဆိုရင္ေတာ့ ခ်စ္သူရဲ႕ေလးစားတန္ဖိုးထားမႈကို ခံရမွာပါ။ ဒီလိုမာနမ်ိဳးမဟုတ္ပဲ ကိုယ္မွားေနတာေတာင္ မေတာင္းပန္ခ်င္၊ ကိုယ့္ဖက္ကဘယ္ေတာ့မွ ျပန္ေခ်ာ့ဖို႔ မစဥ္းစားဘူး၊ သူမေလွ်ာ့မခ်င္း ကိုယ္လည္းမေလွ်ာ့ဘူးဆိုတဲ့ စိတ္ရွိေနရင္ေတာ့ ခ်စ္သူရဲ႕ စိတ္ကုန္ျခင္းသာ ရလဒ္အျဖစ္ခံစားရမွာပါ။
(၅) မယံုၾကည္ျခင္း
ေယာက်္ားေလးေတြဟာ သူဘာမွမဟုတ္ရင္ေတာင္ ခ်စ္သူရဲ႕ယံုၾကည္မႈကို ရရွိခ်င္တဲ့သူမ်ိဳးေတြပါ။ သူတုိ႔ဟာ လက္ေတြ႕မွာသာ ဘာမွ ျဖစ္ျဖစ္ေျမႇာက္ေျမႇာက္ မျဖစ္ေသးဘူးဆုိရင္ေတာင္၊ သူတို႔မွာ ေကာင္းမြန္တဲ့စိတ္ကူးေတြ၊ ၾကီးမားတဲ့အိပ္မက္ေတြ ရွိပါတယ္။ ဒီအရာေတြကို အေကာင္အထည္မေဖာ္ႏိုင္ေသးခင္ သူတုိ႔ကိုသူတုိ႔ အရမး္သိမ္ငယ္ၾကပါတယ္။ ဒီလိုအခ်ိန္မွာ ခ်စ္သူက အားမေပးပဲ မယံုၾကည္တာေတြ၊ အျပစ္တင္တာေတြလာလုပ္ရင္ အရမး္ကို စိတ္ကုန္သြားျပီး ဘယ္ေလာက္ခ်စ္ခ်စ္ ေယာက်္ားမာနတစ္ခုေၾကာင့္ လမး္ခြဲသြားတတ္ပါတယ္။
Credit:Em Em(Auntymay)
Unicodeဖြင့်ဖတ်ရန်
ယောကျ်ားလေးတွေ စိတ်ကုန်သွားတတ်တဲ့ မိန်းကလေးအမျိုးအစား (၅) မျိုး
မိန်းကလေးတွေဟာ အရမ်းကို အချစ်ကြီးသလို၊ တစ်ခါတလေ ကိုယ့်ကိုယ်ကို ထိန်းချုပ်လို့မရလောက်အောင် အလွန်အကျွံတွေ ဖြစ်မှန်းမသိ ဖြစ်တတ်ကြပါတယ်။ တစ်ခါတလေ ဆိုရင်တော့ ကိစ္စမရှိပေမယ့် အမြဲတမ်းဒီလိုဖြစ်နေရင်တော့ ကိုယ့်ချစ်သူ၊ ကိုယ့်ရဲ့လက်တွဲဖော်က ငြီးငွေ့စိတ်ပျက်ပြီး နောက်ဆုံးမှာတော့ ထားသွားတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ယောကျ်ားလေးတွေ စိတ်ကုန်သွားတတ်တဲ့ မိန်းကလေးအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒီအထဲသင်ပါနေရင်တော့ အမြန်ဆုံးကိုယ့်ကိုယ်ကို ပြင်ဆင်လိုက်ပါ။ သင်ချစ်တဲ့သူကို လက်မလွှတ်လိုက်ရခင်ပေါ့။
(၁) နားပူနားဆာလုပ်တဲ့ မိန်းကလေးမျိုး
နားပူနားဆာလုပ်တဲ့ မိန်းကလေးဆိုတာ ချစ်သူကို ထမင်းစားရေသောက်ကအစ အမြဲတမ်းလိုက်ပြောနေပြီး တစ်ခုခုအလိုမကျရင်လည်း ဗျစ်တောက်ဗျစ်တောက်နဲ့ အမြဲတမ်း မပြီးနိုင်မစီးနိုင် ပူညံပူညံ လုပ်နေတတ်တဲ့ သူတွေပါ။ ယောကျ်ားလေးတွေဟာ ကျောပူတာသာ ခံနိုင်မယ်၊ နားပူတာ မခံနိုင်ကြပါဘူး။ ကြာလာတဲ့အခါ စိတ်တွေမွန်းကျပ်ပြီး သင့်အပေါ်မှာ စိတ်ကုန်သွားပါလိမ့်မယ်။ ဒါကြောင့် သင်မကျေနပ်တာ၊ ဒေါသထွက်တာတွေကို တိုတိုပြတ်ပြတ်၊ ရှင်းရှင်းလေးနဲ့ ထိထိမိမိလေးပြောတတ်ဖို့ လေ့ကျင့်သင်ယူလိုက်ပါ။
(၂) အကျယ်ချဲ့တဲ့ မိန်းကလေးမျိုး
ပြဿနာသေးသေးလေးတွေ၊ ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကအစ လိုက်ပြီး ပုံကြီးချဲ့တတ်တဲ့ မိန်းကလေးမျိုးတွေကို ယောကျ်ားလေးတွေက စိတ်ကုန်သွားတတ်ပါတယ်။ နှစ်ကိုယ်ကြားက တောက်ကဆ ဖြစ်တာတွေကို တစေ်လာကလုံးသိအောင် ထုတ်ပြောတာမျိုး၊ အတွင်းရေးတွေကို ထုတ်ပြောတာမျိုး၊ အကြောင်းကိစ္စတိုင်းကို ပုံကြီးချဲ့ပြီး လူသိရှင်ကြားလုပ်တတ်တဲ့ မိန်းကလေးမျိုးကို ယောကျ်ားလေးတွေ စိတ်ကုန်သွားတတ်ကြပါတယ်။
(၃) နားလည်မှုမရှိတဲ့ မိန်းကလေးမျိုး
မိန်းကလေးတွေဟာ အချိန်တိုင်း အနိုင်လိုချင်တဲ့သူတွေပါ။ ဒါဟာ လုံးဝသဘာဝမကျပါဘူး။ သင်မှန်တဲ့ အချိန်လည်းရှိသလို၊ မှားတဲ့အချိန်တွေလည်း ရှိမှာပါ။ သင်နိုင်ခဲ့သလို၊ အရှုံးပေးသင့်တဲ့ အချိန်တွေလည်း ရှိပါတယ်။ အမြဲတမ်းအနိုင်ပဲလိုချင်ပြီး ကိုယ်လုပ်တာ၊ ကိုယ်ပြောတာ၊ ကိုယ်တွေးတာပဲ မှန်တယ်လို့ ထင်နေရင်တော့ သင်မှားနေပါပြီ။ ကိုယ့်စိတ်တစ်ခုပဲကြည့်ပြီး အမြဲတမ်း စိတ်ဆိုးစိတ်ကောက်၊ ပြဿနာရှာနေရင်တော့ ကြာလာတဲ့အခါချစ်သူက စိတ်ကုန်သွားမှာပါ။
(၄) မမှန်ကန်သော မာနတရား
မာနက ရှိသင့်တဲ့နေရာရှိရင်တော့ လေးစားမှုကိုခံရပေမယ့် တလွဲမာနရှိနေရင်တော့ စိတ်ကုန်ခြင်းကိုသာ ခံရမှာပါ။ ဘယ်လိုမျိုးလဲဆိုတော့ ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်လို့ မာနရှိတာ အရမ်းကိုကောင်းပါတယ်။ စောင့်ထိန်းသင့်တာကိုစောင့်ထိန်းရမှာပါ။ ဒါဆိုရင်တော့ ချစ်သူရဲ့လေးစားတန်ဖိုးထားမှုကို ခံရမှာပါ။ ဒီလိုမာနမျိုးမဟုတ်ပဲ ကိုယ်မှားနေတာတောင် မတောင်းပန်ချင်၊ ကိုယ့်ဖက်ကဘယ်တော့မှ ပြန်ချော့ဖို့ မစဉ်းစားဘူး၊ သူမလျှော့မချင်း ကိုယ်လည်းမလျှော့ဘူးဆိုတဲ့ စိတ်ရှိနေရင်တော့ ချစ်သူရဲ့ စိတ်ကုန်ခြင်းသာ ရလဒ်အဖြစ်ခံစားရမှာပါ။
(၅) မယုံကြည်ခြင်း
ယောကျ်ားလေးတွေဟာ သူဘာမှမဟုတ်ရင်တောင် ချစ်သူရဲ့ယုံကြည်မှုကို ရရှိချင်တဲ့သူမျိုးတွေပါ။ သူတို့ဟာ လက်တွေ့မှာသာ ဘာမှ ဖြစ်ဖြစ်မြှောက်မြှောက် မဖြစ်သေးဘူးဆိုရင်တောင်၊ သူတို့မှာ ကောင်းမွန်တဲ့စိတ်ကူးတွေ၊ ကြီးမားတဲ့အိပ်မက်တွေ ရှိပါတယ်။ ဒီအရာတွေကို အကောင်အထည်မဖော်နိုင်သေးခင် သူတို့ကိုသူတို့ အရမ်းသိမ်ငယ်ကြပါတယ်။ ဒီလိုအချိန်မှာ ချစ်သူက အားမပေးပဲ မယုံကြည်တာတွေ၊ အပြစ်တင်တာတွေလာလုပ်ရင် အရမ်းကို စိတ်ကုန်သွားပြီး ဘယ်လောက်ချစ်ချစ် ယောကျ်ားမာနတစ်ခုကြောင့် လမ်းခွဲသွားတတ်ပါတယ်။
Credit:Em Em(Auntymay)


မှတ်ချက်များ