Single Mother ေတြကို ၾကမ္းတမ္းစြာ ေဝဖန္သူေတြကို ပညာသားပါပါ တံု႔ျပန္လုိက္တဲ့ ေအသင္ခ်ိဳေဆြ
Zawgyiျဖင့္ဖတ္ရန္
လြန္ခဲ့တဲ့နွစ္ေတြက "ေပါက္တဲ့အိုး" သီခ်င္းေခြနဲ႔ ပရိသတ္ေတြၾကားမွာ နာမည္ၾကီးခဲ့တဲ့ အဆိုေတာ္မေလး ေအသင္ခ်ိဳေဆြကေတာ့ သရုပ္ေဆာင္ပိုင္းမွာလည္း ထူးခြၽန္သူတစ္ဦးမို႔ ဇာတ္ကားေတြမ်ားစြာလည္း ရိုက္ကူးခဲ့သူတစ္ဦးပါ။ အႏုပညာေလာကထဲကေန ေခတၲခဏ ေပ်ာက္ကြယ္သြားတဲ့ ေအသင္ခ်ိဳေဆြကေတာ့ လြန္ခဲ့တဲ့လေတြက ခ်စ္စရာသမီးေလးတစ္ေယာက္နဲ႔အတူ ရဲရဲဝံ့ဝံ့ ျပန္လည္ ထြက္လာခဲ့ပါတယ္။ သမီးေလး ရဲ့မ်က္ႏွာကိုသာၾကည့္ၿပီး single mother တစ္ဦးအေနနဲ႔ မားမားမတ္မတ္ ရပ္တည္ေနတဲ့ ေအသင္ခ်ိဳေဆြကေတာ့ လတ္တေလာမွာ Single Mother ေတြကို ၾကမ္းတမ္းစြာ ေဝဖန္သူေတြကို ပညာသားပါပါ တံု႔ျပန္လုိက္ေျပာဆိုလိုက္တာ ေတြ႔ရပါတယ္။
မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ ရဲရင့္ျပတ္သားတဲ့ စိတ္ဓါတ္နဲ႔ ခက္ခဲလွတဲ့ Single Mother ဘဝကို အေကာင္းဆံုး ျဖတ္သန္းေနတဲ့ ေအသင္ခ်ိဳေဆြရဲ႕ရင္ဖြင့္ခ်က္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ေအသင္ခ်ိဳေဆြကေတာ့ "တခ်ိဳ႕လူေတြကေရးၾက၊ေျပာၾကတာေလးတခု (အထူးသျဖင့္မိန္းမေတြပဲေရးတာ၊ေျပာတာပါ) SM (single mother) ေတြကို ေျပာတာပါ သူတို႔ကိုယ္သူတို႔ SM ျဖစ္တာကိုပဲ စံျပပုဂၢိုလ္လိုလို၊ဂုဏ္ေတြဆာေနၾကလို႔တဲ့.......စသျဖင့္ေပါ့ ပတ္ပတ္စက္စက္ေျပာတာမ်ိဳးေတြႀကံဳရတယ္။ တကယ္ေတာ့ေလ ကြၽန္မတို႔မွာ အဲ့ဒီေျပာေနတဲ့ အခ်ိန္ေလးမွာပဲ ဂုဏ္ဆာခြင့္ရိွတာပါ။ တကယ့္ ေနာက္ကြယ္မွာ ေန့စဉ္နဲ႔အမ်ွရုန္းကန္ေနရတာေတြထဲမွာ ဘယ္လိုေတြ၊ဘယ္ေလာက္ထိပင္ပန္းတယ္ဆိုတာ ကြၽန္မေနရာမွာ တရက္ေလာက္လာေနၾကည့္မွ ကိုယ္ခ်င္းစာႏိုင္မယ္ထင္တယ္။ ဒါေတာင္ “ကိုယ့္ဟာကိုယ္ ေသာက္ကျမင္းေက်ာထပီးရတာကိုး ............”
ဘာလားဘာလားေတြေျပာပီး ေသာက္ျပစ္ကလြတ္မွာမဟုတ္ဘူး။🙄🙄 အဲ့ေတာ့ေျပာခ်င္တာက ကိုယ္ရုန္းကန္ေနရတာေတြကကိုယ့္ဘဝပဲ။ ကိုယ့္ေလာက္ဘယ္သူသိမွာလဲ၊တခါတေလေျပာခြင့္ရတဲ့အခ်ိန္မွာေတာ့ ဂုဏ္ယူၿပီးေျပာရမွာပဲ။ ေသာက္ျပစ္ႀကီးသက္သက္ထိုင္ေျပာေနတဲ့ လူေတြက အေပၚယံေလာက္ၾကည့္ၿပီးအပ်င္းေျပထိုင္ေျပာ/ဆဲေနၾကတာ။ဪ......ဒါကလည္းသူတို႔အလုပ္ကိုး၊ 😆😆✍🏻စာေတြအမ်ားႀကီးေရးခ်င္ေပမယ့္ ထပ္ေျပာခ်င္ေပမယ့္ ...... အခုေတာ့ဒီေလာက္ပဲေရးႏိုင္ေသးလို႔.....To be continue 📝📝📝✍🏻✍🏻✍🏻" ဆိုျပီး သူမတို႔လို Single Mother ေတြကို ၾကမ္းတမ္းစြာ ေဝဖန္သူေတြကို ပညာသားပါပါနဲ႔ တုံ႔ျပန္ခဲ့တာပါ။
လတ္တေလာမွာေတာ့ ေအသင္ခ်ိဳေဆြက နယ္ရိႈးပြဲေတြ ဆက္တိုက္ဆိုျဖစ္ေနျပီး၊ သီခ်င္းသစ္ေတြလည္း ဖန္တီးျဖစ္ေနတာပါ။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း အရမ္းကို ထိမ္ိတဲ့ စကားလံုးေတြနဲ႔ Single Mother ေတြရဲ႕ဘဝကို ေျပာျပခဲ့တဲ့ ေအသင္ခ်ိဳေဆြရဲ႕စိတ္ဓါတ္ေလးကို သေဘာက်ရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။
Myint Myat
Source;Athen Cho Swe's Facebook
Credit:momolay
Unicodeဖြင့်ဖတ်ရန်
Single Mother တွေကို ကြမ်းတမ်းစွာ ဝေဖန်သူတွေကို ပညာသားပါပါ တုံ့ပြန်လိုက်တဲ့ အေသင်ချိုဆွေ
လွန်ခဲ့တဲ့နှစ်တွေက "ပေါက်တဲ့အိုး" သီချင်းခွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ အဆိုတော်မလေး အေသင်ချိုဆွေကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးမို့ ဇာတ်ကားတွေများစွာလည်း ရိုက်ကူးခဲ့သူတစ်ဦးပါ။ အနုပညာလောကထဲကနေ ခေတ္တခဏ ပျောက်ကွယ်သွားတဲ့ အေသင်ချိုဆွေကတော့ လွန်ခဲ့တဲ့လတွေက ချစ်စရာသမီးလေးတစ်ယောက်နဲ့အတူ ရဲရဲဝံ့ဝံ့ ပြန်လည် ထွက်လာခဲ့ပါတယ်။ သမီးလေး ရဲ့မျက်နှာကိုသာကြည့်ပြီး single mother တစ်ဦးအနေနဲ့ မားမားမတ်မတ် ရပ်တည်နေတဲ့ အေသင်ချိုဆွေကတော့ လတ်တလောမှာ Single Mother တွေကို ကြမ်းတမ်းစွာ ဝေဖန်သူတွေကို ပညာသားပါပါ တုံ့ပြန်လိုက်ပြောဆိုလိုက်တာ တွေ့ရပါတယ်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ရဲရင့်ပြတ်သားတဲ့ စိတ်ဓါတ်နဲ့ ခက်ခဲလှတဲ့ Single Mother ဘဝကို အကောင်းဆုံး ဖြတ်သန်းနေတဲ့ အေသင်ချိုဆွေရဲ့ရင်ဖွင့်ချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။
အေသင်ချိုဆွေကတော့ "တချို့လူတွေကရေးကြ၊ပြောကြတာလေးတခု (အထူးသဖြင့်မိန်းမတွေပဲရေးတာ၊ပြောတာပါ) SM (single mother) တွေကို ပြောတာပါ သူတို့ကိုယ်သူတို့ SM ဖြစ်တာကိုပဲ စံပြပုဂ္ဂိုလ်လိုလို၊ဂုဏ်တွေဆာနေကြလို့တဲ့.......စသဖြင့်ပေါ့ ပတ်ပတ်စက်စက်ပြောတာမျိုးတွေကြုံရတယ်။ တကယ်တော့လေ ကျွန်မတို့မှာ အဲ့ဒီပြောနေတဲ့ အချိန်လေးမှာပဲ ဂုဏ်ဆာခွင့်ရှိတာပါ။ တကယ့် နောက်ကွယ်မှာ နေ့စဉ်နဲ့အမျှရုန်းကန်နေရတာတွေထဲမှာ ဘယ်လိုတွေ၊ဘယ်လောက်ထိပင်ပန်းတယ်ဆိုတာ ကျွန်မနေရာမှာ တရက်လောက်လာနေကြည့်မှ ကိုယ်ချင်းစာနိုင်မယ်ထင်တယ်။ ဒါတောင် “ကိုယ့်ဟာကိုယ် သောက်ကမြင်းကျောထပီးရတာကိုး ............”
ဘာလားဘာလားတွေပြောပီး သောက်ပြစ်ကလွတ်မှာမဟုတ်ဘူး။🙄🙄 အဲ့တော့ပြောချင်တာက ကိုယ်ရုန်းကန်နေရတာတွေကကိုယ့်ဘဝပဲ။ ကိုယ့်လောက်ဘယ်သူသိမှာလဲ၊တခါတလေပြောခွင့်ရတဲ့အချိန်မှာတော့ ဂုဏ်ယူပြီးပြောရမှာပဲ။ သောက်ပြစ်ကြီးသက်သက်ထိုင်ပြောနေတဲ့ လူတွေက အပေါ်ယံလောက်ကြည့်ပြီးအပျင်းပြေထိုင်ပြော/ဆဲနေကြတာ။ဪ......ဒါကလည်းသူတို့အလုပ်ကိုး၊ 😆😆✍🏻စာတွေအများကြီးရေးချင်ပေမယ့် ထပ်ပြောချင်ပေမယ့် ...... အခုတော့ဒီလောက်ပဲရေးနိုင်သေးလို့.....To be continue 📝📝📝✍🏻✍🏻✍🏻" ဆိုပြီး သူမတို့လို Single Mother တွေကို ကြမ်းတမ်းစွာ ဝေဖန်သူတွေကို ပညာသားပါပါနဲ့ တုံ့ပြန်ခဲ့တာပါ။
လတ်တလောမှာတော့ အေသင်ချိုဆွေက နယ်ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေပြီး၊ သီချင်းသစ်တွေလည်း ဖန်တီးဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ထိမိတဲ့ စကားလုံးတွေနဲ့ Single Mother တွေရဲ့ဘဝကို ပြောပြခဲ့တဲ့ အေသင်ချိုဆွေရဲ့စိတ်ဓါတ်လေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Athen Cho Swe's Facebook
Credit:momolay


မှတ်ချက်များ