ကန္ေဒၚလာသန္း ၁၀၀ ေက်ာ္ရယူခဲ့သည့္ ႐ုရွားဆိုက္ဘာရာဇဝတ္ဂိုဏ္း ၿဖိဳခြင္းခံရ





Zawgyi ျဖင့္ဖတ္ရန္

ဆိုက္ဘာရာဇဝတ္မႈ က်ဴးလြန္ကာ ကမာၻတဝွမ္းကုမၸဏီေတြဆီက အေမရိကန္ေဒၚလာသန္း ၁၀၀ ေက်ာ္ရယူခဲ့တဲ့ ႐ုရွားဆိုက္ဘာရာဇဝတ္ဂိုဏ္း Evil Corpကို အေမရိကန္နဲ႔ၿဗိတိန္အာဏာပိုင္ေတြက ဒီဇင္ဘာ ၅ ရက္မွာ ၿဖိဳခြင္းလိုက္ပါတယ္။

ခုလိုၿဖိဳခြင္းၿပီးေနာက္ အာဏာပိုင္ေတြက ဂိုဏ္းေခါင္းေဆာင္ ႏွစ္ေယာက္ကို စြဲခ်က္တင္ၿပီး ဂိုဏ္းဝင္ ၁၇ ေယာက္ရဲ႕ ဘဏ္စာရင္းေတြ ပိတ္သိမ္းဖို႔ ၫႊန္ၾကားခဲ့ပါတယ္။

ဆိုက္ဘာရာဇဝတ္ဂိုဏ္း Evil Corp လုပ္ငန္းစဥ္မွာ လုပ္ငန္းသုံးကြန္ပ်ဴတာေတြ ဝင္ေရာက္ေမႊေႏွာက္တာ၊ စာရင္းပိုင္ရွင္ေတြရဲ႕ ဘဏ္စာရင္းနံပါတ္နဲ႔ လုံၿခဳံေရးကုတ္ေတြကို ရယူတာနဲ႔ ၾကားခံအဖြဲ႕ကိုသုံးၿပီး ဘဏ္စာရင္းထဲကေငြေတြကို ဟက္ကာေတြဆီ လႊဲေပးတာပါဝင္ပါတယ္။





ဒီဇင္ဘာ ၅ ရက္မွာ ထုတ္ျပန္တဲ့စြဲခ်က္အရ မာဆင္း ယူကူဘတ္ကို Evil Corp ဂိုဏ္း ေခါင္းေဆာင္အျဖစ္ စြဲခ်က္တင္ခဲ့ၿပီး Evil Corp ဟာ “Dridex” ဆိုတဲ့ မဲဝဲလ္ကို ေနာက္ကြယ္က ဖန္တီးခဲ့တယ္လို႔ သိရပါတယ္။

ယူကူဘတ္ရဲ႕ တြဲဖက္ျဖစ္သူ အီေဂါတူရယ္ရွက္ဖ္ကေတာ့ Evil Corp ရဲ႕လုပ္ငန္းေဆာင္တာ အမ်ိဳးမ်ိဳးကို ႀကိဳးကိုင္တယ္လို႔ ဆိုပါတယ္။

ဆိုက္ဘာရာဇဝတ္ဂိုဏ္း Evil Corp ကို ၿဖိဳခြင္းရာမွာ အေမရိကန္ဘ႑ာေရးနဲ႔ တရားေရး ဌာနေတြဟာ ၿဗိတိန္ရဲ႕အမ်ိဳးသားရာဇဝတ္မႈတိုက္ဖ်က္ေရးေအဂ်င္စီနဲ႔ ညႇိႏႈိင္းလုပ္ေဆာင္ခဲ့ပါတယ္။

၂၀၁၁ ေႏွာင္းပိုင္းမွာ ပထမဆုံးေပၚလာတဲ့ “Dridex.” မဲလ္ဝဲဟာ အင္တာနက္ေပၚက ေငြေၾကးေတြကို ဆုံးရႈံးမႈအျဖစ္ေစဆုံး မဲလ္ဝဲေတြထဲမွာ ပါဝင္တယ္လို႔ ဆိုက္ဘာလုံၿခဳံေရးကြၽမ္း က်င္သူေတြက ဆိုပါတယ္။

အဲဒီမလ္ဝဲဟာ ႐ုရွားဟက္ကာအဖြဲ႕ရဲ႕ စိတ္ကူးစိတ္သန္း ျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းထားပါတယ္။

Credit: DVB

Unicode ဖြင့်ဖတ်ရန်

ကန်ဒေါ်လာသန်း ၁၀၀ ကျော်ရယူခဲ့သည့် ရုရှားဆိုက်ဘာရာဇဝတ်ဂိုဏ်း ဖြိုခွင်းခံရ

ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ကာ ကမ္ဘာတဝှမ်းကုမ္ပဏီတွေဆီက အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်ရယူခဲ့တဲ့ ရုရှားဆိုက်ဘာရာဇဝတ်ဂိုဏ်း Evil Corpကို အမေရိကန်နဲ့ဗြိတိန်အာဏာပိုင်တွေက ဒီဇင်ဘာ ၅ ရက်မှာ ဖြိုခွင်းလိုက်ပါတယ်။

ခုလိုဖြိုခွင်းပြီးနောက် အာဏာပိုင်တွေက ဂိုဏ်းခေါင်းဆောင် နှစ်ယောက်ကို စွဲချက်တင်ပြီး ဂိုဏ်းဝင် ၁၇ ယောက်ရဲ့ ဘဏ်စာရင်းတွေ ပိတ်သိမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။

ဆိုက်ဘာရာဇဝတ်ဂိုဏ်း Evil Corp လုပ်ငန်းစဉ်မှာ လုပ်ငန်းသုံးကွန်ပျူတာတွေ ဝင်ရောက်မွှေနှောက်တာ၊ စာရင်းပိုင်ရှင်တွေရဲ့ ဘဏ်စာရင်းနံပါတ်နဲ့ လုံခြုံရေးကုတ်တွေကို ရယူတာနဲ့ ကြားခံအဖွဲ့ကိုသုံးပြီး ဘဏ်စာရင်းထဲကငွေတွေကို ဟက်ကာတွေဆီ လွှဲပေးတာပါဝင်ပါတယ်။



ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်တဲ့စွဲချက်အရ မာဆင်း ယူကူဘတ်ကို Evil Corp ဂိုဏ်း ခေါင်းဆောင်အဖြစ် စွဲချက်တင်ခဲ့ပြီး Evil Corp ဟာ “Dridex” ဆိုတဲ့ မဲဝဲလ်ကို နောက်ကွယ်က ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

ယူကူဘတ်ရဲ့ တွဲဖက်ဖြစ်သူ အီဂေါတူရယ်ရှက်ဖ်ကတော့ Evil Corp ရဲ့လုပ်ငန်းဆောင်တာ အမျိုးမျိုးကို ကြိုးကိုင်တယ်လို့ ဆိုပါတယ်။

ဆိုက်ဘာရာဇဝတ်ဂိုဏ်း Evil Corp ကို ဖြိုခွင်းရာမှာ အမေရိကန်ဘဏ္ဍာရေးနဲ့ တရားရေး ဌာနတွေဟာ ဗြိတိန်ရဲ့အမျိုးသားရာဇဝတ်မှုတိုက်ဖျက်ရေးအေဂျင်စီနဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၁ နှောင်းပိုင်းမှာ ပထမဆုံးပေါ်လာတဲ့ “Dridex.” မဲလ်ဝဲဟာ အင်တာနက်ပေါ်က ငွေကြေးတွေကို ဆုံးရှုံးမှုအဖြစ်စေဆုံး မဲလ်ဝဲတွေထဲမှာ ပါဝင်တယ်လို့ ဆိုက်ဘာလုံခြုံရေးကျွမ်း ကျင်သူတွေက ဆိုပါတယ်။

အဲဒီမလ်ဝဲဟာ ရုရှားဟက်ကာအဖွဲ့ရဲ့ စိတ်ကူးစိတ်သန်း ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

Credit: DVB


မှတ်ချက်များ