Zawgyi ျဖင့္ဖတ္ရန္
ဆရာမႏွင္းႏု ေပ်ာက္ဆုံးေနဆဲျဖစ္တဲ့ ဗစ္တိုးရီးယားေလးအမႈ ႐ုံးခ်ိန္းအေၾကာင္း ႐ုပ္သံဖိုင္
ယေန႔ ဒီဇင္ဘာလ ၄ ရက္ေန႔တြင္ ဗစ္တိုးရီးယားကေလးငယ္ လိင္အၾကမ္းဖက္ခံရသည့္ အမႈအတြက္ ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးတြင္၁၂ ႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့သည္။ယေန႔႐ုံးခ်ိန္းတြင္ Wisdom Hill မူႀကိဳေက်ာင္းမွ ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ႏွင့္ ဆရာမတစ္ဦးကို စစ္ေဆးေနတာျဖစ္ၿပီး တရားခြင္ထဲမွာေတာ့ မုဒိမ္းမႈနဲ႔ ဖမ္းဆီးတရားစြဲ ခံထားရတဲ့ ကိုေအာင္ႀကီးအေနနဲ႔ victoria ကေလးငယ္ကိုလိင္အၾကမ္းဖက္မႈ က်ဴးလြန္ႏိုင္တဲ့ အခ်ိန္နဲ႔ အခြင့္အေရး မရွိႏိုင္ေၾကာင္း Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က တရား႐ုံးမွာထြက္ဆိုခဲ့ေၾကာင္း သိရွိရသည္။
ဗစ္တိုးရီးယား အမႈရဲ႕ ၁၂ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို ဒီေန႔ ေနျပည္ေတာ္၊ ဒကၡိဏ ခ႐ိုင္ တရား႐ုံးမွာ ဆက္လက္ ျပဳလုပ္ေနတာမွာ ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းတုန္းက မၿပီးျပတ္ခဲ့တဲ့ သက္ေသ ေဒၚဥမၼာလႈိင္ကို ဆက္လက္ စစ္ေဆးဖို႔ ရွိပါတယ္။
Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ အေပၚ အဓိက စစ္ေမးခ်က္ ၿပီးခဲ့ၿပီးေနာက္ ဒီေန႔မွာေတာ့ ျပန္လွန္ စစ္ေမးခ်က္ေတြကို စြပ္စြဲခံရသူ ကိုေအာင္ႀကီးရဲ႕ ေရွ႕ေန ေဒၚစုဒါလီေအာင္က စစ္ေမးသြား ဖို႔ ရွိပါတယ္။ဒါ့အျပင္ Wisdom Hill မူႀကိဳေက်ာင္းက ဆရာမ ေဒၚႏွင္းႏွင္းႏု မဟုတ္တဲ့ အျခား ေက်ာင္းဆရာမ ၂ ဦး ကိုလည္း သက္ေသ အျဖစ္ ဒီေန႔ ႐ုံးခ်ိန္း တရားခြင္မွာ စစ္ေဆးဖို႔ ရွိပါတယ္။
အဲဒီဆရာမ ၂ ဦထဲက ၁ ဦးဟာ ေက်ာင္း အတြင္းပိုင္းမွာ ကေလးေတြကို ထိန္းသိမ္းေစာင့္ေရွာက္ရတဲ့ သူ ျဖစ္တယ္ ဆိုပါတယ္။ ဒီေန႔႐ုံးခ်ိန္း ဘာေတြ ထူးျခားမလဲ။ တရားခံ အျဖစ္ စြပ္စြဲခံထားရသူ ကိုေအာင္ႀကီး ဘက္က လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ ေျဖၾကားထားခ်က္ကို ႐ုပ္သံမွာ အျပည့္အစုံ ၾကည့္ရႈ ႏိုင္ပါၿပီ။
ဗီဒီယိုဖိုင္ကို ေအာက္ဆုံးတြင္ ေဖာ္ျပေပးထားပါသည္။
share from: everytimestory
Unicode ဖြင့်ဖတ်ရန်
ဆရာမနှင်းနု ပျောက်ဆုံးနေဆဲဖြစ်တဲ့ ဗစ်တိုးရီးယားလေးအမှု ရုံးချိန်းအကြောင်း ရုပ်သံဖိုင်
ဆရာမနှင်းနု ပျောက်ဆုံးနေဆဲဖြစ်တဲ့ ဗစ်တိုးရီးယားလေးအမှု ရုံးချိန်းအကြောင်း ရုပ်သံဖိုင်
ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရသည့် အမှုအတွက် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင်၁၂ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။ယနေ့ရုံးချိန်းတွင် Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နှင့် ဆရာမတစ်ဦးကို စစ်ဆေးနေတာဖြစ်ပြီး တရားခွင်ထဲမှာတော့ မုဒိမ်းမှုနဲ့ ဖမ်းဆီးတရားစွဲ ခံထားရတဲ့ ကိုအောင်ကြီးအနေနဲ့ victoria ကလေးငယ်ကိုလိင်အကြမ်းဖက်မှု ကျူးလွန်နိုင်တဲ့ အချိန်နဲ့ အခွင့်အရေး မရှိနိုင်ကြောင်း Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားရုံးမှာထွက်ဆိုခဲ့ကြောင်း သိရှိရသည်။
ဗစ်တိုးရီးယား အမှုရဲ့ ၁၂ ကြိမ်မြောက် ရုံးချိန်းကို ဒီနေ့ နေပြည်တော်၊ ဒက္ခိဏ ခရိုင် တရားရုံးမှာ ဆက်လက် ပြုလုပ်နေတာမှာ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက မပြီးပြတ်ခဲ့တဲ့ သက်သေ ဒေါ်ဥမ္မာလှိုင်ကို ဆက်လက် စစ်ဆေးဖို့ ရှိပါတယ်။
Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် အပေါ် အဓိက စစ်မေးချက် ပြီးခဲ့ပြီးနောက် ဒီနေ့မှာတော့ ပြန်လှန် စစ်မေးချက်တွေကို စွပ်စွဲခံရသူ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က စစ်မေးသွား ဖို့ ရှိပါတယ်။ဒါ့အပြင် Wisdom Hill မူကြိုကျောင်းက ဆရာမ ဒေါ်နှင်းနှင်းနု မဟုတ်တဲ့ အခြား ကျောင်းဆရာမ ၂ ဦး ကိုလည်း သက်သေ အဖြစ် ဒီနေ့ ရုံးချိန်း တရားခွင်မှာ စစ်ဆေးဖို့ ရှိပါတယ်။
အဲဒီဆရာမ ၂ ဦထဲက ၁ ဦးဟာ ကျောင်း အတွင်းပိုင်းမှာ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ သူ ဖြစ်တယ် ဆိုပါတယ်။ ဒီနေ့ရုံးချိန်း ဘာတွေ ထူးခြားမလဲ။ တရားခံ အဖြစ် စွပ်စွဲခံထားရသူ ကိုအောင်ကြီး ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော် ဖြေကြားထားချက်ကို ရုပ်သံမှာ အပြည့်အစုံ ကြည့်ရှု နိုင်ပါပြီ။
ဗီဒီယိုဖိုင်ကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။
share from: everytimestory



မှတ်ချက်များ