သမီးကိုၾကင္ၾကင္နာနာနဲ႔လက္ထပ္ယူသူကို ဝက္အေကာင္ ၃၀၀ ပါေပးမယ္ဆိုတဲ့ဖခင္





Zawgyi ျဖင့္ဖတ္ရန္

တေလာကလည္း ထိုင္းႏိုင္ငံက ဒူရင္းသီးၿခံပိုင္ရွင္လုပ္ငန္းသူေဌးႀကီးမွ သမီးျဖစ္သူကို တကယ္ခ်စ္ေပးၿပီး လင့္ဝတၱရားေက်ေက်ပြန္ပြန္နဲ႔ လက္ထပ္ေပါင္းသင္းခဲ့မယ္ဆိုရင္ သူ႔အေနနဲ႔ ဒူးရင္းၿခံကိုအပိုင္ေပးမွာျဖစ္တဲ့အျပင္ အိမ္တစ္ေဆာင္မီးတစ္ေျပာင္လည္း ထားဦးမယ္ဆိုၿပီး ေၾကျငာခဲ့တာကို မွတ္မိၾကဦးမယ္ထင္ပါတယ္။

အခုလည္း World of Buzz မွာ ဖတ္ခဲ့ရတဲ့သတင္းတစ္ပုဒ္အရ ဖခင္တစ္ဦးဟာ သမီးကို အတည္လက္ထပ္ယူၿပီး ၾကင္ၾကင္နာနာနဲ႔ေပါင္းသင္းမယ္ဆိုရင္ သမက္ျဖစ္သူကို ဝက္အေကာင္ ၃၀၀ အေမြအျဖစ္ေပးမယ္ဆိုၿပီး ေျပာလာခဲ့ပါတယ္။



သတင္းအရေတာ့ တ႐ုတ္ျပည္မွာပါတဲ့။ ဖခင္ဟာ အသက္ ၂၄ ႏွစ္အ႐ြယ္ သမီးျဖစ္သူနဲ႔အတူတူ ဝက္ေမြးျမဴေရးလုပ္ငန္းကိုလုပ္ကိုင္ေနပါတယ္။ ေမးျမဴေရးၿခံမွာ အမည္းေရာင္ဝက္ေတြခ်ည္းကိုပဲ အေကာင္ေပါင္း ၂ ေထာင္ေက်ာ္ေလာက္ေမြးျမဴထားတာပါ။ ဝက္အေကာင္ေရကိုၾကည့္႐ုံနဲ႔တင္ သားအဖႏွစ္ေယာက္ရဲ႕ ေမြးျမဴေရးလုပ္ငန္းဟာ လုပ္ငန္းေသးေလးမဟုတ္ဘဲ လုပ္ငန္းႀကီးတစ္ခုျဖစ္တယ္ဆိုတာ ရိပ္မိၾကမယ္ထင္ပါတယ္။ ေနာက္ၿပီး သူတို႔ ေဒသမွာေတာ့ သူေဌးလို႔ဆိုရမွာေပါ့။



ေကာင္မေလးနာမည္ကေတာ့ Zhiyuan ပါတဲ့။ ဖခင္ကိုယ္တိုင္ကိုက လုပ္ငန္းေတြအတြက္ စိတ္ခ်လက္ခ်နဲ႔ မ်က္ႏွာလႊဲႏိုင္တဲ့အေနအထားဆိုေတာ့ မိန္းကေလးအေနနဲ႔ စစီးပြားေရးအေၾကာင္း ဘယ္ေလာက္ေတာင္ ကြၽမ္းက်င္းေနမလဲဆိုတာ ေတြးလိုက္႐ုံနဲ႔တင္ သိႏိုင္ပါတယ္။ ဝက္ေမြးတဲ့လုပ္ငန္းဟာ မိသားစုအစဥ္အဆက္လုပ္လာတဲ့လုပ္ငန္းျဖစ္တာေၾကာင့္ Zhiyuan ဟာ တကၠသိုလ္မွဘြဲ႕ရပညာတတ္တစ္ေယာက္ျဖစ္ေနခဲ့တာေတာင္မွပဲ ၿမိဳ႕ျပႀကီးမွာ အလုပ္မလုပ္ခိုင္းဘဲ မိသားစုလုပ္ငန္းကို ဦးေဆာင္ေစခဲ့တာပါ။




ဘြဲ႕ရၿပီးကတည္းက သူမရဲ႕လူငယ္ဘဝကို လုပ္ငန္းထဲမွာပဲ ေန႔ေန႔ညညျမႇဳပ္ႏွံထားတဲ့အတြက္ေၾကာင့္ တခ်ိဳ႕လူငယ္ေတြလို ရည္းစားထားတာ၊ အျပင္ထြက္ေလွ်ာက္လည္တာမ်ိဳးေတြ မလုပ္ျဖစ္ခဲ့တာပါ။ အသက္ ၂၄ ႏွစ္ဆိုတာ ေရွး႐ိုးဆန္တဲ့မိဘေတြအတြက္ေတာ့ အိမ္ေထာင္ျပဳဖို႔ ေနာက္က်ေနတဲ့ အ႐ြယ္ျဖစ္ေနတာေၾကာင့္ ရည္းစားလည္းမရွိ၊ ႀကိဳက္မယ့္သူလည္းမရွိတဲ့ Zhiyuan ကို ဖခင္ကေနၿပီး သမီးကိုယူရင္ ဝက္ အေကာင္ ၃၀၀ ထက္မနည္း ေပးမယ္လို႔ေၾကျငာၿပီး အိမ္ေထာင္ခ်ေပးဖို႔အခုလိုမ်ိဳး စီစဥ္ခဲ့ၾကတာပါ။

Zhiyuan အတြက္ေတာ့ သူမရဲ႕ခင္ပြန္းေလာင္းျဖစ္မယ့္သူဟာ ဝက္တစ္ေကာင္ရဲ႕တစ္ဝက္ေလာက္ကိုေတာ့ မႏိုင္ရမယ္ဆိုၿပီး ေျပာလာခဲ့ပါတယ္။ ၾကည့္ရတာေတာ့ ဘာအရည္အခ်င္းသတ္မွတ္ခ်က္မွေတာ့ ႀကီးႀကီးမားမားမရွိတဲ့ပုံပါပဲ။ သတို႔သားအျဖစ္ ဝင္အေ႐ြးခံဖို႔ ဘယ္သူ႔ကိုသြားသတိရမိၾကလဲ။

share from: burmese.asia

MKE1

Unicode ဖြင့်ဖတ်ရန်

သမီးကိုကြင်ကြင်နာနာနဲ့လက်ထပ်ယူသူကို ဝက်အကောင် ၃၀၀ ပါပေးမယ်ဆိုတဲ့ဖခင်

တလောကလည်း ထိုင်းနိုင်ငံက ဒူရင်းသီးခြံပိုင်ရှင်လုပ်ငန်းသူဌေးကြီးမှ သမီးဖြစ်သူကို တကယ်ချစ်ပေးပြီး လင့်ဝတ္တရားကျေကျေပွန်ပွန်နဲ့ လက်ထပ်ပေါင်းသင်းခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဒူးရင်းခြံကိုအပိုင်ပေးမှာဖြစ်တဲ့အပြင် အိမ်တစ်ဆောင်မီးတစ်ပြောင်လည်း ထားဦးမယ်ဆိုပြီး ကြေငြာခဲ့တာကို မှတ်မိကြဦးမယ်ထင်ပါတယ်။

အခုလည်း World of Buzz မှာ ဖတ်ခဲ့ရတဲ့သတင်းတစ်ပုဒ်အရ ဖခင်တစ်ဦးဟာ သမီးကို အတည်လက်ထပ်ယူပြီး ကြင်ကြင်နာနာနဲ့ပေါင်းသင်းမယ်ဆိုရင် သမက်ဖြစ်သူကို ဝက်အကောင် ၃၀၀ အမွေအဖြစ်ပေးမယ်ဆိုပြီး ပြောလာခဲ့ပါတယ်။



သတင်းအရတော့ တရုတ်ပြည်မှာပါတဲ့။ ဖခင်ဟာ အသက် ၂၄ နှစ်အရွယ် သမီးဖြစ်သူနဲ့အတူတူ ဝက်မွေးမြူရေးလုပ်ငန်းကိုလုပ်ကိုင်နေပါတယ်။ မေးမြူရေးခြံမှာ အမည်းရောင်ဝက်တွေချည်းကိုပဲ အကောင်ပေါင်း ၂ ထောင်ကျော်လောက်မွေးမြူထားတာပါ။ ဝက်အကောင်ရေကိုကြည့်ရုံနဲ့တင် သားအဖနှစ်ယောက်ရဲ့ မွေးမြူရေးလုပ်ငန်းဟာ လုပ်ငန်းသေးလေးမဟုတ်ဘဲ လုပ်ငန်းကြီးတစ်ခုဖြစ်တယ်ဆိုတာ ရိပ်မိကြမယ်ထင်ပါတယ်။ နောက်ပြီး သူတို့ ဒေသမှာတော့ သူဌေးလို့ဆိုရမှာပေါ့။



ကောင်မလေးနာမည်ကတော့ Zhiyuan ပါတဲ့။ ဖခင်ကိုယ်တိုင်ကိုက လုပ်ငန်းတွေအတွက် စိတ်ချလက်ချနဲ့ မျက်နှာလွှဲနိုင်တဲ့အနေအထားဆိုတော့ မိန်းကလေးအနေနဲ့ စစီးပွားရေးအကြောင်း ဘယ်လောက်တောင် ကျွမ်းကျင်းနေမလဲဆိုတာ တွေးလိုက်ရုံနဲ့တင် သိနိုင်ပါတယ်။ ဝက်မွေးတဲ့လုပ်ငန်းဟာ မိသားစုအစဉ်အဆက်လုပ်လာတဲ့လုပ်ငန်းဖြစ်တာကြောင့် Zhiyuan ဟာ တက္ကသိုလ်မှဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်နေခဲ့တာတောင်မှပဲ မြို့ပြကြီးမှာ အလုပ်မလုပ်ခိုင်းဘဲ မိသားစုလုပ်ငန်းကို ဦးဆောင်စေခဲ့တာပါ။

ဘွဲ့ရပြီးကတည်းက သူမရဲ့လူငယ်ဘဝကို လုပ်ငန်းထဲမှာပဲ နေ့နေ့ညညမြှုပ်နှံထားတဲ့အတွက်ကြောင့် တချို့လူငယ်တွေလို ရည်းစားထားတာ၊ အပြင်ထွက်လျှောက်လည်တာမျိုးတွေ မလုပ်ဖြစ်ခဲ့တာပါ။ အသက် ၂၄ နှစ်ဆိုတာ ရှေးရိုးဆန်တဲ့မိဘတွေအတွက်တော့ အိမ်ထောင်ပြုဖို့ နောက်ကျနေတဲ့ အရွယ်ဖြစ်နေတာကြောင့် ရည်းစားလည်းမရှိ၊ ကြိုက်မယ့်သူလည်းမရှိတဲ့ Zhiyuan ကို ဖခင်ကနေပြီး သမီးကိုယူရင် ဝက် အကောင် ၃၀၀ ထက်မနည်း ပေးမယ်လို့ကြေငြာပြီး အိမ်ထောင်ချပေးဖို့အခုလိုမျိုး စီစဉ်ခဲ့ကြတာပါ။

Zhiyuan အတွက်တော့ သူမရဲ့ခင်ပွန်းလောင်းဖြစ်မယ့်သူဟာ ဝက်တစ်ကောင်ရဲ့တစ်ဝက်လောက်ကိုတော့ မနိုင်ရမယ်ဆိုပြီး ပြောလာခဲ့ပါတယ်။ ကြည့်ရတာတော့ ဘာအရည်အချင်းသတ်မှတ်ချက်မှတော့ ကြီးကြီးမားမားမရှိတဲ့ပုံပါပဲ။ သတို့သားအဖြစ် ဝင်အရွေးခံဖို့ ဘယ်သူ့ကိုသွားသတိရမိကြလဲ။

share from: burmese.asia



မှတ်ချက်များ