Zawgyiျဖင့္ဖတ္ရန္
(၂၀၁၉) ခုႏွစ္၊ ႏိုဝင္ဘာလကေတာ့ ဝမ္းနည္းေၾကကြဲစရာေတြကို ယူေဆာင္ခဲ့တယ္လို႔ေတာင္ ဆိုရပါတယ္။ ဟာသသ႐ုပ္ေဆာင္ကစ္ကစ္ ကြယ္လြန္သြားၿပီးတဲ့ေနာက္မွာေတာ့ ဟာသလူရႊင္ေတာ္တစ္ဦးျဖစ္တဲ့ သာဇံကလည္း (၉၆)ပါးေသာ ေရာဂါေဝဒနာေၾကာင့္ ေ႐ွ႕ဆင့္ေနာက္ဆင့္ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။
ဟာသလူရႊင္ေတာ္သာဇံက ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ (၂၉) ရက္ေန႔ နံနက္ (၇ နာရီ ၃၀ မိနစ္) က ရန္ကုန္အေနာက္ပိုင္းေဆးရံုမွာ ေဆးကုသမႈခံယူရင္း ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။
လူရႊင္ေတာ္ သာဇံရဲ႕ စ်ာပနအခမ္းအနားကိုေတာ့ မေန႔က ဒီဇင္ဘာလ (၁) ရက္ေန႔ ေန႔လည္ (၃ နာရီ) အခ်ိန္ ရန္ကုန္ေရေဝးသုသာန္မွာ မီးသၿဂိဳဟ္ခဲ့တာ ျဖစ္ၿပီး လုပ္ေဖာ္ကိုင္ဖက္ လူရႊင္ေတာ္နဲ႔ သ႐ုပ္ေဆာင္ေတြမ်ားစြာ လိုက္လံပို႔ေဆာင္ေပးခဲ့ၾကပါတယ္။
သာဇံရဲ႕ ေနာက္ဆံုးခရီးကို လူရႊင္ေတာ္အသင္းသားေတြက လူရႊင္ေတာ္ဝတ္စံုေတြကိုယ္စီဝတ္ဆင္ၿပီး လိုက္ပို႔ၾကတဲ့ ျမင္ကြင္းက အင္မတန္ ဝမ္းနည္းေၾကကြဲစရာပါပဲ။
သာဇံက ဟာသလူရႊင္ေတာ္တစ္ဦးျဖစ္ၿပီး ႐ုပ္႐ွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာလည္း သ႐ုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ လူေတြကို အျမဲေပ်ာ္ရႊင္ေစတဲ့ သာဇံတစ္ေယာက္ ေကာင္းရာဘံုဘဝမွာ ေအးခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Unicode ဖြင့်ဖတ်ရန်

(၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလကတော့ ဝမ်းနည်းကြေကွဲစရာတွေကို ယူဆောင်ခဲ့တယ်လို့တောင် ဆိုရပါတယ်။ ဟာသသရုပ်ဆောင်ကစ်ကစ် ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ ဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ သာဇံကလည်း (၉၆)ပါးသော ရောဂါဝေဒနာကြောင့် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဟာသလူရွှင်တော်သာဇံက ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် (၇ နာရီ ၃၀ မိနစ်) က ရန်ကုန်အနောက်ပိုင်းဆေးရုံမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
လူရွှင်တော် သာဇံရဲ့ ဈာပနအခမ်းအနားကိုတော့ မနေ့က ဒီဇင်ဘာလ (၁) ရက်နေ့ နေ့လည် (၃ နာရီ) အချိန် ရန်ကုန်ရေဝေးသုသာန်မှာ မီးသဂြိုဟ်ခဲ့တာ ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက် လူရွှင်တော်နဲ့ သရုပ်ဆောင်တွေများစွာ လိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။
သာဇံရဲ့ နောက်ဆုံးခရီးကို လူရွှင်တော်အသင်းသားတွေက လူရွှင်တော်ဝတ်စုံတွေကိုယ်စီဝတ်ဆင်ပြီး လိုက်ပို့ကြတဲ့ မြင်ကွင်းက အင်မတန် ဝမ်းနည်းကြေကွဲစရာပါပဲ။
သာဇံက ဟာသလူရွှင်တော်တစ်ဦးဖြစ်ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ လူတွေကို အမြဲပျော်ရွှင်စေတဲ့ သာဇံတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit: Burmese Asia

မှတ်ချက်များ