သစ္ပင္ေပါင္း ၂ သန္းရွိတဲ့ ေတာအုပ္ႀကီးကို ႏွစ္ ၂ဝေက်ာ္ အခ်ိန္ယူၿပီး ျပန္လည္ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ ဇနီးေမာင္ႏွံ
Zawgyi ျဖင့္ဖတ္ရန္
ဘရာဇီးႏိုင္ငံသား ဓာတ္ပုံဆရာ ဇနီးေမာင္ႏွံႏွစ္ဦးဟာ သစ္ပင္ေပါင္း ၂ သန္းေလာက္ရွိတဲ့ ေတာအုပ္ႀကီးတစ္ခုကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂ဝေက်ာ္ေလာက္ကတည္းကစၿပီး ႀကိဳးစားပန္းစား ျပန္လည္ျပဳစုပ်ိဳးေထာင္လာခဲ့ၾကတာဟာ ခုဆိုရင္ ေတာအုပ္ႀကီးဟာ ျပန္လည္စိမ္းလမ္းစိုျပည္ေနၿပီျဖစ္ၿပီး ေတာကိုစြန႔္ခြာသြားၾကတဲ့ တိရိစာၦန္ေတြလဲ ျပန္ေရာက္လာၾကၿပီျဖစ္ပါတယ္။
ေဆဘတ္စ္တီယာယို ဆယ္လ္ဂါဒိုနဲ႔ သူ႔ဇနီး ေလလီယာ ဆယ္လ္ဂါဒို တို႔ဟာ ကမာၻတစ္လႊားသတင္းဓာတ္ပုံေတြ လိုက္လံ႐ိုက္ကူးရာကေန ၁၉၉၄ ခုႏွစ္မွာ သူတို႔ေနရပ္ကိုျပန္ေရာက္ၾကတဲ့အခါမွာေတာ့ သူတို႔မိသားစုပိုင္ဆိုင္တဲ့ ၾကက္ၿခံႀကီးဟာ ေတာျပဳန္းမႈဒဏ္ေၾကာင့္ လုံးလုံးလ်ားလ်ားပ်က္စီးေနၿပီျဖစ္တာကိုေတြ႕ၿပီး အရမ္းတုန္လႈပ္သြားခဲ့ၾကပါတယ္။
ဒါေၾကာင့္ သူတို႔ဇနီးေမာင္ႏွံဟာ ျပဳန္းတီးသြားတဲ့ေတာအုပ္ႀကီးထဲက ၂သန္းေလာက္ရွိတဲ့ သစ္ပင္ေတြကို ၁၉၉၈ ခုႏွစ္မွာ စတင္ၿပီး ျပန္လည္စိုက္ပ်ိဳးခဲ့ၾကပါေတာ့တယ္။ အဲဒီေတာအုပ္ဟာ ၁၇၅၀ ဧကက်ယ္ဝန္းပါတယ္။ ဘရာဇီးႏိုင္ငံ Minas Gerais ျပည္နယ္က က်တ္တီးေျမျဖစ္ၿပီးေတာျပဳန္းသြားတာကို အပူပိုင္းေဒသရဲ႕ ေလာကနိဗၺာန္တစ္ခုျပန္ျဖစ္လာေအာင္ သူတို႔ ႀကိဳးစားခဲ့ၾကတာပါ။သူတို႔ဇနီးေမာင္ႏွံဟာ Instituto Terra ဆိုတဲ့ အဖြဲ႕ေလးတစ္ဖြဲ႕ကို တည္ေထာင္ခဲ့ၿပီး၊ အဲဒီအဖြဲ႕ဝင္ေတြနဲ႔ ျပဳန္းသြားတဲ့ေတာကို ျပန္ျပဳစုပ်ိဴးေထာင္ခဲ့ၾကတာျဖစ္ပါတယ္။
သူတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈေၾကာင့္ လုံးဝနီးပါးျပဳန္းတီးသြားတဲ့ေတာအုပ္ႀကီးဟာ တျဖည္းျဖည္းနဲ႔ ျပန္လည္စိမ္းလမ္းစိုျပည္လာပါတယ္။
ခုအခါမွာေတာ့ အဲဒီေတာအုပ္ႀကီးဟာ ျပန္လည္စိမ္းလမ္းစိုျပည္လာ၊ သစ္ပင္ပန္းမာန္ေတြ ေဝေဝဆာဆာျပန္ျဖစ္လာတာေၾကာင့္ ေတာကိုစြန႔္ခြာသြားၾကတဲ့ သားေကာင္ေလးေတြ၊ ငွက္ေတြ၊ ငါးေတြ၊ အင္းဆက္ပိုးမႊားေတြပါ ျပန္ေရာက္လာၾကပါၿပီ။
အဲဒီေတာအုပ္ႀကီးထဲမွာ သစ္ပင္မ်ိဳးစိတ္ေပါင္း ၃၀၀ ေလာက္ရွိၿပီး၊ ငွက္မ်ိဳးစိတ္ေပါင္း ၁ရဝေလာက္ရွိပါတယ္။ ႏို႔တိုက္သတၱဝါေတြကေတာ့ မ်ိဳးစိတ္ ၃၀ ေလာက္ရွိပါတယ္။ ေရတပိုင္းကုန္းတပိုင္းသတၱဝါေတြနဲ႔ တြားသြားသတၱဝါေတြကဆိုရင္ မ်ိဳးစိတ္ ၁၅ ခုေလာက္ရွိပါတယ္။ ခုေတာ့ သူတို႔တေတြ အိမ္ျပန္ေရာက္လာၾကပါၿပီ။တစ္ခ်ိန္က က်တ္တီးေျမဟာ ခုေတာ့ ငွက္ၾကည့္သမားေတြရဲ႕ နယ္ေျမတစ္ခုျဖစ္လာသလို၊ ေတာစခန္းထြက္ၾကသူေတြအတြက္လဲ သာယာတဲ့ေတာတစ္ခုျဖစ္လာပါၿပီ။
ကုလသမဂၢအ စိုက္ပ်ိဴးေရးနဲ႔ စားနပ္ရိကၡာအဖြဲ႕(United Nations’ Food and Agriculture Organization/ UNFAO)ရဲ႕ အဆိုအရ၊ ေတာင္အာဖရိကတိုက္အ႐ြယ္အစားရွိတဲ့ ဟက္တာေပါင္း ၁၂၉ သန္းခန႔္ ေတာေတြဟာ ၁၉၉၀ ခုႏွစ္ေလာက္ကစၿပီး ကမာၻေပၚမွာ ျပဳန္းတီးသြားခဲ့ၿပီလို႔သိရပါတယ္။ ပနားမားႏိုင္ငံအက်ယ္အဝန္းေလာက္ရွိတဲ့ ေတာေတြဟာ ကမာၻေပၚမွာ ႏွစ္စဥ္ျပဳန္းတီးေနတယ္လိုု႔လဲ ဆိုပါတယ္။
ေဆဘတ္စ္တီယာယို ဆယ္လ္ဂါဒိုဟာ ခုအခါမွာ အသက္ ၇၅ ႏွစ္ရွိၿပီျဖစ္ၿပီး၊ သူ႔ဇနီး ေလလီယာ ဆယ္လ္ဂါဒိုကလဲ သူနဲ႔ အသက္မတိမ္းမယိမ္းေလာက္ပဲလို႔သိရပါတယ္။အားက်ဖြယ္ရာ၊ ေလးစားဖြယ္ရာ၊ အတုယူဖြယ္ရာ ဇနီးေမာင္ႏွံအေၾကာင္းကို အတိုခ်ဳပ္တင္ျပလိုက္တာျဖစ္ပါတယ္။
share from: xyznews
Unicode ဖြင့်ဖတ်ရန်
သစ်ပင်ပေါင်း ၂ သန်းရှိတဲ့ တောအုပ်ကြီးကို နှစ် ၂ဝကျော် အချိန်ယူပြီး ပြန်လည်ပြုစုပျိုးထောင်ခဲ့တဲ့ ဇနီးမောင်နှံ
ဘရာဇီးနိုင်ငံသား ဓာတ်ပုံဆရာ ဇနီးမောင်နှံနှစ်ဦးဟာ သစ်ပင်ပေါင်း ၂ သန်းလောက်ရှိတဲ့ တောအုပ်ကြီးတစ်ခုကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝကျော်လောက်ကတည်းကစပြီး ကြိုးစားပန်းစား ပြန်လည်ပြုစုပျိုးထောင်လာခဲ့ကြတာဟာ ခုဆိုရင် တောအုပ်ကြီးဟာ ပြန်လည်စိမ်းလမ်းစိုပြည်နေပြီဖြစ်ပြီး တောကိုစွန့်ခွာသွားကြတဲ့ တိရိစ္ဆာန်တွေလဲ ပြန်ရောက်လာကြပြီဖြစ်ပါတယ်။
ဆေဘတ်စ်တီယာယို ဆယ်လ်ဂါဒိုနဲ့ သူ့ဇနီး လေလီယာ ဆယ်လ်ဂါဒို တို့ဟာ ကမ္ဘာတစ်လွှားသတင်းဓာတ်ပုံတွေ လိုက်လံရိုက်ကူးရာကနေ ၁၉၉၄ ခုနှစ်မှာ သူတို့နေရပ်ကိုပြန်ရောက်ကြတဲ့အခါမှာတော့ သူတို့မိသားစုပိုင်ဆိုင်တဲ့ ကြက်ခြံကြီးဟာ တောပြုန်းမှုဒဏ်ကြောင့် လုံးလုံးလျားလျားပျက်စီးနေပြီဖြစ်တာကိုတွေ့ပြီး အရမ်းတုန်လှုပ်သွားခဲ့ကြပါတယ်။
ဒါကြောင့် သူတို့ဇနီးမောင်နှံဟာ ပြုန်းတီးသွားတဲ့တောအုပ်ကြီးထဲက ၂သန်းလောက်ရှိတဲ့ သစ်ပင်တွေကို ၁၉၉၈ ခုနှစ်မှာ စတင်ပြီး ပြန်လည်စိုက်ပျိုးခဲ့ကြပါတော့တယ်။ အဲဒီတောအုပ်ဟာ ၁၇၅၀ ဧကကျယ်ဝန်းပါတယ်။ ဘရာဇီးနိုင်ငံ Minas Gerais ပြည်နယ်က ကျတ်တီးမြေဖြစ်ပြီးတောပြုန်းသွားတာကို အပူပိုင်းဒေသရဲ့ လောကနိဗ္ဗာန်တစ်ခုပြန်ဖြစ်လာအောင် သူတို့ ကြိုးစားခဲ့ကြတာပါ။သူတို့ဇနီးမောင်နှံဟာ Instituto Terra ဆိုတဲ့ အဖွဲ့လေးတစ်ဖွဲ့ကို တည်ထောင်ခဲ့ပြီး၊ အဲဒီအဖွဲ့ဝင်တွေနဲ့ ပြုန်းသွားတဲ့တောကို ပြန်ပြုစုပျိူးထောင်ခဲ့ကြတာဖြစ်ပါတယ်။
သူတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် လုံးဝနီးပါးပြုန်းတီးသွားတဲ့တောအုပ်ကြီးဟာ တဖြည်းဖြည်းနဲ့ ပြန်လည်စိမ်းလမ်းစိုပြည်လာပါတယ်။
ခုအခါမှာတော့ အဲဒီတောအုပ်ကြီးဟာ ပြန်လည်စိမ်းလမ်းစိုပြည်လာ၊ သစ်ပင်ပန်းမာန်တွေ ဝေဝေဆာဆာပြန်ဖြစ်လာတာကြောင့် တောကိုစွန့်ခွာသွားကြတဲ့ သားကောင်လေးတွေ၊ ငှက်တွေ၊ ငါးတွေ၊ အင်းဆက်ပိုးမွှားတွေပါ ပြန်ရောက်လာကြပါပြီ။
အဲဒီတောအုပ်ကြီးထဲမှာ သစ်ပင်မျိုးစိတ်ပေါင်း ၃၀၀ လောက်ရှိပြီး၊ ငှက်မျိုးစိတ်ပေါင်း ၁ရဝလောက်ရှိပါတယ်။ နို့တိုက်သတ္တဝါတွေကတော့ မျိုးစိတ် ၃၀ လောက်ရှိပါတယ်။ ရေတပိုင်းကုန်းတပိုင်းသတ္တဝါတွေနဲ့ တွားသွားသတ္တဝါတွေကဆိုရင် မျိုးစိတ် ၁၅ ခုလောက်ရှိပါတယ်။ ခုတော့ သူတို့တတွေ အိမ်ပြန်ရောက်လာကြပါပြီ။တစ်ချိန်က ကျတ်တီးမြေဟာ ခုတော့ ငှက်ကြည့်သမားတွေရဲ့ နယ်မြေတစ်ခုဖြစ်လာသလို၊ တောစခန်းထွက်ကြသူတွေအတွက်လဲ သာယာတဲ့တောတစ်ခုဖြစ်လာပါပြီ။
ကုလသမဂ္ဂအ စိုက်ပျိူးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့(United Nations’ Food and Agriculture Organization/ UNFAO)ရဲ့ အဆိုအရ၊ တောင်အာဖရိကတိုက်အရွယ်အစားရှိတဲ့ ဟက်တာပေါင်း ၁၂၉ သန်းခန့် တောတွေဟာ ၁၉၉၀ ခုနှစ်လောက်ကစပြီး ကမ္ဘာပေါ်မှာ ပြုန်းတီးသွားခဲ့ပြီလို့သိရပါတယ်။ ပနားမားနိုင်ငံအကျယ်အဝန်းလောက်ရှိတဲ့ တောတွေဟာ ကမ္ဘာပေါ်မှာ နှစ်စဉ်ပြုန်းတီးနေတယ်လို့လဲ ဆိုပါတယ်။
ဆေဘတ်စ်တီယာယို ဆယ်လ်ဂါဒိုဟာ ခုအခါမှာ အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး၊ သူ့ဇနီး လေလီယာ ဆယ်လ်ဂါဒိုကလဲ သူနဲ့ အသက်မတိမ်းမယိမ်းလောက်ပဲလို့သိရပါတယ်။အားကျဖွယ်ရာ၊ လေးစားဖွယ်ရာ၊ အတုယူဖွယ်ရာ ဇနီးမောင်နှံအကြောင်းကို အတိုချုပ်တင်ပြလိုက်တာဖြစ်ပါတယ်။
share from: xyznews


မှတ်ချက်များ