ယူူနန္ အေပၚသက္ေရာက္ေနတဲ့ အေအးလႈိင္းဟာ ျမန္မာျပည္တြင္းကို သက္ေရာက္မႈရွိႏိုင္လား




Zawgyi ျဖင့္ဖတ္ရန္

အေအးလႈိင္းဆိုသည္မွာ 250mb ကမာၻေျမမ်က္ျပင္ရဲ႕အထက္ ေပ ၃၄၀၀၀အျမင့္မွ တိုက္ခတ္ေနေသာေလမ်ားသည္ တစ္နာရီမိုင္ ၁၇၀ကေန ၂၀၀မိုင္ ေက်ာ္အထိတိုက္ခတ္တဲ့အခါမွာ ဖိအားျမင့္ေလထုမ်ား High pressure မ်ားျမင့္မားလာကာ ဆိုး႐ြားျပင္းထန္တဲ့ ရာသီဥတုကို ရရွိေစမွာျဖစ္ပါတယ္

Jet Stream ဂ်က္ေလစီးေၾကာင္းလို႔ိလည္းေခၚပါတယ္

အေရွ႕ပစၥဖိတ္သမုဒၵရာမွစတင္ကာ ေျမာက္အေမရိကတိုက္ ကေနဒါ အေမရိကန္ ကေနၿပီး ဥေရာပတိုက္ အာရွတိုက္ေျမာက္ပိုင္းေတြကို တိုက္ခတ္ေလ့ရွိပါတယ္

ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္အေပၚ ကို တိုက္ခတ္ေလ့ရွိၿပီး အျခားေဒသေတြေလာက္ ဆိုး႐ြားျပင္းထန္းျခင္းမရွိခဲ့တာကို မွတ္တမ္းမ်ားအရ သိရွိရပါတယ္

အဆိုပါ Cold Wave သည္ လာနီညာႏွစ္ေတြမွာ အျဖစ္အမ်ားဆုံးေတြ႕ရွိရပါတယ္ ဒီႏွစ္မွာေတာ့ နိညိဳညာ ၾကားကာလျဖစ္ၿပီး ဒီဇင္ဘာလေနာက္ဆုံးပတ္နဲ႔ ဇန္နဝါရီလ ပထမပတ္ေတြမွာ ျဖစ္ေပၚလာဖို႔ အလားအလာရွိပါတယ္

ဝင္႐ိုးစြန္းေဒသမ်ားမွာ ႏွစ္စဥ္သက္ေရာက္ေလ့ရွိၿပီး တ႐ုတ္ႏိုင္ငံ တိဘက္နဲ႔ ယူနန္ျပည္နယ္မွာ ဖိအားျမင့္မ်ားျဖစ္ေပၚတတ္ကာ ျမန္မာဖက္ကို တိုက္ခတ္ေလမ်ားက ေလထုဖိအားအနည္းအမ်ားအလိုက္ အေအးပိုတာနဲ႔ အေအးေလ်ာ့တာနဲ႔ အၿမဲလိုလိုျဖစ္ေနတာပါပဲ

ဒါေၾကာင့္လည္း ျမန္မာမွာေဆာင္းဥတုျဖစ္ေပၚေနတာေပါ့ ဒီေလမရရွိတဲ့ မေလးရွားတို႔ စင္ကာပူတို႔ကေတာ့ ေႏြနဲ႔ အၿမဲလိုလို မိုး႐ြာေစတဲ့ ရာသီဥတုကိုသာ ရရွိေနၾကၿပီး ေဆာင္းဆိုတာ မရွိၾကပါ…

Cold Wave ျဖစ္ၿပီဆိုရင္ အဆိုပါေဒသေတြမွာ အႏုတ္ -35°C မွ -72°C အထိ အပူခ်ိန္မ်ားေလ်ာ့က်သြားၿပီး ႏွင္းမုန္တိုင္းေတြ ႏွင္းမိုးေတြ႐ြာေတာ့တာပါပဲ

ျမစ္ေတြ အိုင္ေတြမွာ ေရေတြခဲကုန္တဲ့အထိပါပဲ ဒါကိုအေအးလႈိင္းျဖတ္တယ္လို႔ ေခၚဆိုၾကၿပီး ျမန္မာႏိုင္ငံမွာ -10ေအာက္ေတာင္မွ ဘယ္ေနရာမွေရာက္ခဲ့ဘူးတာမရွိလို႔ ဘယ္တုန္းကမွလည္း အေအးလႈိင္းမျဖတ္ခဲ့ဘူးပါဘူး

အာရွတိုက္ေျမာက္ပိုင္းျဖတ္စဥ္မွာ ျပင္းထန္ရင္ ျမန္မာမွာ အနည္းငယ္ အေအးပိုႏိုင္ၿပီး မျဖစ္ခဲ့ရင္ ျမန္မာေဆာင္းေတာင္ေပ်ာက္သြားပါလိမ့္မယ္

ယခုေတာင္မွ တနင္သာရီ ရန္ကုန္ မြန္ ေဒသေတြမွာ ေဆာင္းေပ်ာက္လုလု ျဖစ္ေနပါၿပီ (Climat Change) ဒီအပတ္မွာေတာ့ ယူနန္ဖက္မွာ ဖိအားျမင့္မ်ားျဖစ္ေပၚခဲ့လို႔ ျမန္မာဖက္သက္ေရာက္ေစကာ

ရွမ္းျပည္နယ္ စစ္ကိုင္းတိုင္း မႏၲေလးတိုင္း မေကြးတိုင္း ေနျပည္ေတာ္ ကယားျပည္နယ္ ပဲခူးတိုင္း ကရင္ျပည္နယ္ မြန္ျပည္နယ္ ရန္ကုန္တိုင္း ဧရာဝတီတိုင္း ပါမက တနသၤာရီတိုင္းႀကီးအထိပါ ေအးျမတဲ့ေဆာင္းကို ရရွိေနေစတာျဖစ္ပါတယ္

ယူူနန္အေပၚသက္ေရာက္ေန႔တဲ့ Jet stream သည္ ယေန႔ ၁၅၀မိုင္ႏႈန္းေအာက္မွာသာရွိလို႔ ဆိုး႐ြားျပင္းထန္တဲ့အဆင့္ေတာ့မရွိပါဘူးဆိုတာ ခ်စ္မန္ဘာအေပါင္း သိရွိၾကေစရန္ မွ်ေဝလိုက္ပါတယ္ေနာ္…

share from: theesaychin

Unicode ဖြင့်ဖတ်ရန်

ယူူနန် အပေါ်သက်ရောက်နေတဲ့ အအေးလှိုင်းဟာ မြန်မာပြည်တွင်းကို သက်ရောက်မှုရှိနိုင်လား





အအေးလှိုင်းဆိုသည်မှာ 250mb ကမ္ဘာမြေမျက်ပြင်ရဲ့အထက် ပေ ၃၄၀၀၀အမြင့်မှ တိုက်ခတ်နေသောလေများသည် တစ်နာရီမိုင် ၁၇၀ကနေ ၂၀၀မိုင် ကျော်အထိတိုက်ခတ်တဲ့အခါမှာ ဖိအားမြင့်လေထုများ High pressure များမြင့်မားလာကာ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုကို ရရှိစေမှာဖြစ်ပါတယ်

Jet Stream ဂျက်လေစီးကြောင်းလို့ိလည်းခေါ်ပါတယ်

အရှေ့ပစ္စဖိတ်သမုဒ္ဒရာမှစတင်ကာ မြောက်အမေရိကတိုက် ကနေဒါ အမေရိကန် ကနေပြီး ဥရောပတိုက် အာရှတိုက်မြောက်ပိုင်းတွေကို တိုက်ခတ်လေ့ရှိပါတယ်

မြန်မာနိုင်ငံ ကချင်ပြည်နယ်အပေါ် ကို တိုက်ခတ်လေ့ရှိပြီး အခြားဒေသတွေလောက် ဆိုးရွားပြင်းထန်းခြင်းမရှိခဲ့တာကို မှတ်တမ်းများအရ သိရှိရပါတယ်

အဆိုပါ Cold Wave သည် လာနီညာနှစ်တွေမှာ အဖြစ်အများဆုံးတွေ့ရှိရပါတယ် ဒီနှစ်မှာတော့ နိညိုညာ ကြားကာလဖြစ်ပြီး ဒီဇင်ဘာလနောက်ဆုံးပတ်နဲ့ ဇန်နဝါရီလ ပထမပတ်တွေမှာ ဖြစ်ပေါ်လာဖို့ အလားအလာရှိပါတယ်

ဝင်ရိုးစွန်းဒေသများမှာ နှစ်စဉ်သက်ရောက်လေ့ရှိပြီး တရုတ်နိုင်ငံ တိဘက်နဲ့ ယူနန်ပြည်နယ်မှာ ဖိအားမြင့်များဖြစ်ပေါ်တတ်ကာ မြန်မာဖက်ကို တိုက်ခတ်လေများက လေထုဖိအားအနည်းအများအလိုက် အအေးပိုတာနဲ့ အအေးလျော့တာနဲ့ အမြဲလိုလိုဖြစ်နေတာပါပဲ

ဒါကြောင့်လည်း မြန်မာမှာဆောင်းဥတုဖြစ်ပေါ်နေတာပေါ့ ဒီလေမရရှိတဲ့ မလေးရှားတို့ စင်ကာပူတို့ကတော့ နွေနဲ့ အမြဲလိုလို မိုးရွာစေတဲ့ ရာသီဥတုကိုသာ ရရှိနေကြပြီး ဆောင်းဆိုတာ မရှိကြပါ…

Cold Wave ဖြစ်ပြီဆိုရင် အဆိုပါဒေသတွေမှာ အနုတ် -35°C မှ -72°C အထိ အပူချိန်များလျော့ကျသွားပြီး နှင်းမုန်တိုင်းတွေ နှင်းမိုးတွေရွာတော့တာပါပဲ

မြစ်တွေ အိုင်တွေမှာ ရေတွေခဲကုန်တဲ့အထိပါပဲ ဒါကိုအအေးလှိုင်းဖြတ်တယ်လို့ ခေါ်ဆိုကြပြီး မြန်မာနိုင်ငံမှာ -10အောက်တောင်မှ ဘယ်နေရာမှရောက်ခဲ့ဘူးတာမရှိလို့ ဘယ်တုန်းကမှလည်း အအေးလှိုင်းမဖြတ်ခဲ့ဘူးပါဘူး

အာရှတိုက်မြောက်ပိုင်းဖြတ်စဉ်မှာ ပြင်းထန်ရင် မြန်မာမှာ အနည်းငယ် အအေးပိုနိုင်ပြီး မဖြစ်ခဲ့ရင် မြန်မာဆောင်းတောင်ပျောက်သွားပါလိမ့်မယ်

ယခုတောင်မှ တနင်သာရီ ရန်ကုန် မွန် ဒေသတွေမှာ ဆောင်းပျောက်လုလု ဖြစ်နေပါပြီ (Climat Change) ဒီအပတ်မှာတော့ ယူနန်ဖက်မှာ ဖိအားမြင့်များဖြစ်ပေါ်ခဲ့လို့ မြန်မာဖက်သက်ရောက်စေကာ

ရှမ်းပြည်နယ် စစ်ကိုင်းတိုင်း မန္တလေးတိုင်း မကွေးတိုင်း နေပြည်တော် ကယားပြည်နယ် ပဲခူးတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပါမက တနင်္သာရီတိုင်းကြီးအထိပါ အေးမြတဲ့ဆောင်းကို ရရှိနေစေတာဖြစ်ပါတယ်

ယူူနန်အပေါ်သက်ရောက်နေ့တဲ့ Jet stream သည် ယနေ့ ၁၅၀မိုင်နှုန်းအောက်မှာသာရှိလို့ ဆိုးရွားပြင်းထန်တဲ့အဆင့်တော့မရှိပါဘူးဆိုတာ ချစ်မန်ဘာအပေါင်း သိရှိကြစေရန် မျှဝေလိုက်ပါတယ်နော်…

share from: theesaychin


မှတ်ချက်များ