ပထမဦးဆုံးေသာ ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ ျဖစ္လာသူ ေဒၚဝါဝါထြန္း




Zawgyi ျဖင့္ဖတ္ရန္




အမ်ိဳးသမီး တရားလႊြတ္ေတာ္တရားသူႀကီးခ်ဳပ္တစ္ဦးကို ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္က ရခိုင္ျပည္နယ္တရားလႊတ္ေတာ္တြင္ ပထမဦးဆုံးခန႔္အပ္တာဝန္ေပးအပ္လိုက္ေၾကာင္းသိရသည္။

ရခိုင္ျပည္နယ္တရားလႊတ္ေတာ္တြင္ လႊတ္ေတာ္တရားသူႀကီးအျဖစ္တာဝန္ထမ္းေဆာင္ေနသူ ေဒၚဝါဝါထြန္းကို ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္တာဝန္ေပးလိုက္ျခင္းျဖစ္ၿပီး၊ရခိုင္ျပည္နယ္တရားလႊတ္ေတာ္သည္ တရားလႊတ္ေတာ္၁၄ခုထဲ အမ်ိဳးသမီးပထမဦးဆုံးတာဝန္ယူသည့္ တရားလႊတ္ေတာ္ျဖစ္သြားသည္။



သမၼတဦးဝင္းျမင့္က သူမကို ျပည္နယ္တရားသူႀကီးခ်ဳပ္အျဖစ္ခန႔္အပ္လိုေၾကာင္း ျပည္နယ္လႊတ္ေတာ္သို႔ ယမန္ေန႔က အမည္စာရင္းတင္သြင္းခဲ့ရာ ရခိိုင္လႊတ္ေတာ္က ကန႔္ကြက္သူမရွိဘဲ သေဘာတူေထာက္ခံေပးခဲ့သည္။

သမၼတက ေဒၚဝါဝါထြန္းကို ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္အျဖစ္ခန႔္အပ္တာဝန္ေပးေၾကာင္း အမိန႔္ထုတ္ျပန္လိုက္ၿပီးျဖစ္၍ က်မ္းသစၥာက်ိန္ဆိုမႈကို ျပည္နယ္လႊတ္ေတာ္တြင္ ယေန႔ျပဳလုပ္မည္ဟုသိရသည္။

ေဒၚဝါဝါထြန္းသည္ ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕ဇာတိျဖစ္ၿပီး ၁၉၈၆ ခုႏွစ္တြင္ တရားေရးဝန္ထမ္းအဆင့္(၄)မွ စတင္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ယင္းမွတစ္ဆင့္ ရာထူးတာဝန္ အဆင့္ဆင့္တိုးျမႇင့္ျခင္းခံရကာ စစ္ေတြခ႐ိုင္တရား႐ုံး ခ႐ိုင္တရားသူႀကီးအျဖစ္ ၂၀၁၈ ခုႏွစ္၊ ဇြန္လထိ တာဝန္ထမ္းေဆာင္ခဲ့သည္။



ယင္းေနာက္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလတြင္ ရခိုင္ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးအျဖစ္ ခန႔္အပ္ျခင္းခံရၿပီး ယခု ၂၀၁၉ ႏိုဝင္ဘာ ၂၈ရက္ေန႔တြင္ ရခိုင္ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္တာဝန္ေပးျခင္းခံရသူျဖစ္သည္။

ကိုမင္း/Myanmar Harp


Unicode ဖြင့်ဖတ်ရန်

ပထမဦးဆုံးသော ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဖြစ်လာသူ ဒေါ်ဝါဝါထွန်း



ရခိုင်ပြည်နယ်တရားလွှတ်တော်သည် တရားလွှတ်တော်၁၄ခုထဲ အမျိုးသမီးပထမဦးဆုံးတာဝန်ယူသည့် တရားလွှတ်တော်ဖြစ်လာ

စစ်တွေ၊နိုဝင်ဘာ ၂၉ ရက်

အမျိုးသမီး တရားလွှွတ်တော်တရားသူကြီးချုပ်တစ်ဦးကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် ပထမဦးဆုံးခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် လွှတ်တော်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်နေသူ ဒေါ်ဝါဝါထွန်းကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ခြင်းဖြစ်ပြီး၊ရခိုင်ပြည်နယ်တရားလွှတ်တော်သည် တရားလွှတ်တော်၁၄ခုထဲ အမျိုးသမီးပထမဦးဆုံးတာဝန်ယူသည့် တရားလွှတ်တော်ဖြစ်သွားသည်။



သမ္မတဦးဝင်းမြင့်က သူမကို ပြည်နယ်တရားသူကြီးချုပ်အဖြစ်ခန့်အပ်လိုကြောင်း ပြည်နယ်လွှတ်တော်သို့ ယမန်နေ့က အမည်စာရင်းတင်သွင်းခဲ့ရာ ရခိုင်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ သဘောတူထောက်ခံပေးခဲ့သည်။

သမ္မတက ဒေါ်ဝါဝါထွန်းကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ်ခန့်အပ်တာဝန်ပေးကြောင်း အမိန့်ထုတ်ပြန်လိုက်ပြီးဖြစ်၍ ကျမ်းသစ္စာကျိန်ဆိုမှုကို ပြည်နယ်လွှတ်တော်တွင် ယနေ့ပြုလုပ်မည်ဟုသိရသည်။

ဒေါ်ဝါဝါထွန်းသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့ဇာတိဖြစ်ပြီး ၁၉၈၆ ခုနှစ်တွင် တရားရေးဝန်ထမ်းအဆင့်(၄)မှ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယင်းမှတစ်ဆင့် ရာထူးတာဝန် အဆင့်ဆင့်တိုးမြှင့်ခြင်းခံရကာ စစ်တွေခရိုင်တရားရုံး ခရိုင်တရားသူကြီးအဖြစ် ၂၀၁၈ ခုနှစ်၊ ဇွန်လထိ တာဝန်ထမ်းဆောင်ခဲ့သည်။



ယင်းနောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံရပြီး ယခု ၂၀၁၉ နိုဝင်ဘာ ၂၈ရက်နေ့တွင် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူဖြစ်သည်။

ကိုမင်း/Myanmar Harp



မှတ်ချက်များ