
Zawgyi ဖြင့်ဖတ်ရန်





share from: theesaychin

Unicode ဖြင့်ဖတ်ရန်

ချစ်သူနဲ့ လမ်းခွဲအဆုံးသတ်လိုက်ရတဲ့ အဓိကအကြောင်းအရင်းတွေကို ပြောပြလာတဲ့ နေလင်းကျော်

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ Myanmar Idol ပြိုင်ပွဲကြီးကနေ အမိုက်စား အသံကောင်းကောင်းလေးနဲ့ ပရိသတ်တွေရင်ထဲ ရောက်ရှိခဲ့တဲ့ အဆိုတော်နေလင်းကျော်ကတော့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

အမာခံပရိသတ်တွေအပြင် အနုပညာရှင်တွေကပါ အားပေးဝန်းရံကြတဲ့ နေလင်းကျော်ကတော့ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ သူရဲ့အချစ်ရေးလေးမှာ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ အကြောင်းအရင်းလေးကို ပြောပြလာခဲ့ပါတယ်..။

နေလင်းကျော်ကတော့ ချစ်သူဇာဇာထက်နဲ့ ညှိနှိုင်းလို့ မရတဲ့ အဆင်မပြေမှုတွေနဲ့ ရှေ့ဆက်လို့ မရတော့တဲ့ အခြေအနေတွေကြောင့် လမ်းခွဲအဆုံးသတ်လိုက်ကြတာဖြစ်ပြီး လတ်တလောမှာတော့ တစ်ယောက်တည်းပါပဲဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်..။

အတွေးအခေါ်အယူအဆတွေ မတူကာ တချို့အရာလေးတွေ ညှိနှိုင်းလို့ မရတဲ့ အဆင်မပြေမှုလေးတွေကြောင့် လမ်းခွဲလိုက်တာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အရမ်းကြီး အပြစ်ပြောစရာ မရှိပါဘူးဆိုပြီးတော့လည်း နေလင်းကျော်က ပြောပြထားတာပါ..။ ပရိတ်သတ်ကြီးရော နေလင်းကျော်ကို ဆက်လက်အားပေးမှာလားဆိုတာ ပြောပေးသွားပါဦးနော်။

မှတ်ချက်များ