ငယ်သူငယ်ချင်းနဲ့ လူပုံ အလယ်မှာ လုံးထွေး သတ်ပုတ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ သမ္မတ ရဲ့ ဇနီးဟောင်း

ပြင်သစ်နိုင်ငံ သမ္မတ ကြီး Francois Hollande ရဲ့ ဇနီးဟောင်း Valerie Trierwiler ဟာ ပဲရစ်မြို့ က ဘားတစ်ခုမှာ သူမရဲ့ ငယ်သူငယ်ချင်း Valerie de Senneville ကို ဆံပင်ဆောင့်ဆွဲပြီး ကုတ်ခြစ် တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ယခင် ပြင်သစ်နိုင်ငံရဲ့ First Lady ဟောင်း Valerie Treiwiler ဟာပဲရစ်မြို့မှာရှိတဲ့ဘားတစ်ခုမှာ ပြုလုပ် တဲ့ သူမရဲ့ မိတ်ဆွေ နိုင်ငံရေးသမား Jean-Luc Romeo ရဲ့ မင်္ဂလာဆောင် အခမ်းအနား မှာ ရောက်ရှိနေချိန် သူမရဲ့ ငယ်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ Valerie de Senneville ဟာ သမ္မတကြီးရဲ့ မိတ်ဆွေတစ်ဦးနဲ့ ရင်းနှီးစွာ စကားပြောနေတာကို First Lady ဟောင်း Valerie Treiwiler က တွေ့သွားခဲ့ပြီး ဒေါသထွက်ကာ ခုလို ပြုမူခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
ငယ်သူငယ်ချင်း Valerie de Senneville

First Lady ဟောင်း က သူမရဲ့ ငယ်သူငယ်ချင်းကို စိန်ခေါ်ခဲ့ပြီး လူပုံ အလယ်မှာ လုံးထွေး သတ်ပုတ်ခဲ့ကြတယ်လို့လည်း သိရပါ တယ်။

ပြင်သစ်နိုင်ငံ သမ္မတ ကြီး Francois Hollande ဟာ မင်းသမီးတစ် ဦးဖြစ် တဲ့ Julie Gayet နဲ့ လက်ထပ်သွားခဲ့ပြီး သူမကိုချန်သွား ခဲ့တဲ့အတွက် ပြင်သစ်နိုင်ငံရဲ့ First Lady ဟောင်း Valerie Treiwiler က ခံစားနေရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Trend maynmar

မှတ်ချက်များ