မြန်မာအသင်း ကွာတားတက်ရန် ယနေ့အဆုံးအဖြတ်ကစားရမည်

ဓာတ်ပုံ-စိုးညွန့်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှယူ-၁၉ ပြိုင်ပွဲအုပ်စု(က)နှင့်(ဂ)ပွဲစဉ်များကို
အောက်တိုဘာ၁၃ ရက်(ယနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် မြန်မာအသင်းမှာ ကွာတား ဖိုင်နယ် တက်ရေး အဆုံးအဖြတ်ပွဲအဖြစ် အီရန်အသင်းနှင့် ကစားရမည် ဖြစ်သည်။

မြန်မာအသင်းမှာ ဒုတိယပွဲတွင် ထိုင်းအသင်းကို အနိုင်ရရှိခဲ့သော ကြောင့် ကွာတားတက်ရန် အခြေ အနေ
ကောင်းသွားခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၂ ရက်ပွဲစဉ်များ အပြီးတွင် အုပ်စု(က)၌ အိမ်ရှင်မြန်မာ အ သင်းနှင့် ယီမင်အသင်းတို့က လေးမှတ်စီ၊ ထိုင်းအသင်းက သုံးမှတ် ရရှိထားပြီး နောက်တစ်ဆင့်တက်ရန် အပြိုင်ဖြစ်နေသည်။

မြန်မာအသင်းမှာ နောက်ဆုံးပွဲ၌ အီရန်အသင်းကို သရေကစားနိုင်ရုံဖြင့် နောက်တစ်ဆင့် တက်နိုင်မည်ဖြစ် ပြီး အုပ်စုပထမ နေရာရရန်အတွက် အနိုင်ကစား ရမည်ဖြစ်သည်။ မြန်မာအသင်းနှင့် ကစားရမည့် အီရန်အ သင်းမှာ နှစ်ပွဲ စလုံးရှုံးထားပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။ အုပ်စု နောက်ဆုံးပွဲစဉ်များ ကို တစ်ချိန်တည်း ကစား မည်ဖြစ်ပြီး ညနေ ၆ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ မြန်မာနှင့် အီရန်၊ ဝဏ္ဏသိဒ္ဓိကွင်း၌ ထိုင်းနှင့် ယီမင်အ သင်းတို့ ကစားမည် ဖြစ်သည်။

အုပ်စု(ဂ)နောက်ဆုံးပွဲစဉ်များ ကိုလည်း ယနေ့ ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏကွင်းနှင့် ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပ မည်ဖြစ်သည်။ ယူ-၂ဝ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ဝင်ခွင့်ရရှိရန် ကြိုးပမ်း နေသည့် မြန်မာအသင်းအနေဖြင့် ပထမ အဆင့်အဖြစ် ကွာတားဖိုင်နယ် ရောက်ရှိအောင် ပရိသတ်အားပေး မှုဖြင့် ခြေကုန်ထုတ်၍ ကြိုးပမ်းရမည် ဖြစ် သည်။

ညီမြတ်သော်တာ | Myanmaalinn

မှတ်ချက်များ