အိုင်အက်စ်တို့၏ လူ့ငရဲတွင်းထဲ နှစ်ခါပြန်ဆင်းသက်ခဲ့ရသည့် မိန်းကလေး


အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင်များ ဖြစ်သည့် IS တို့၏ လက်အောက်သို့ ကျရောက် သွားခဲ့သည့် အီရတ်မြို့ များသည် ပစ္စက္ခငရဲဘုံ တစ်ခုအဖြစ်သို့ ပြောင်းလဲသွား ခဲ့ရသည်မှာ ထူးဆန်းလှသည့် ကိစ္စတော့ မဟုတ်ပေ။

ထိုအစွန်းရောက်များ ကျုးကျော်ရာ ဒေသများတွင် ဘာသာမတူသူ အမျိုးသားတို့ ၏ သွေးမြေကျ မှုများ လည်းဒမ်းကြမ်း ပြည့်နေသည်။ ခေါင်းဖြတ် သတ်ဖြတ် ခြင်းများ၏ သားကောင်များ အဖြစ် ကျရောက်သွားသူ များလည်း မနည်းတော့ချေ။

IS အဖွဲ့ လက်သို့ ရောက်ရှိ သွားခဲ့သည့် အမျိုးသမီးများ၏ ဘဝကို ကြည့်လိုက်မည် ဆိုလျှင်လည်း ၎င်းတို့ ၀င်ရောက်လာရာ မြို့ ရွာတိုင်းမှ အမျိုးသမီး များစွာမှာ အဓမ္မ ပြုကျင့်ခံကြ ရပြီး အဖြစ်ဆိုး များနှင့် ကြုံတွေ
့နေ ရသည်။ ဖမ်းမိထားသည့် အမျိုးသမီးများနှင့် မိန်းကလေး များမှာ IS တို့၏ မတရားပြုကျင့် ခြင်းကို လည်စင်း ခံကြရသည်။ သဘောထား ပျော့ပြောင်းသည့် IS နှင့် တွေ့ပါက အရှက်သေရ သော်လည်း အသက်ရှင်ခွင့် ရသေးသည်။

သွေးဆာ ရက်စက်သည့် IS များနှင့် တွေ့ပါမူ ယင်းမိန်းကလေးမှာ အရှက်အပြင် အသက်ကိုပါ ပေးအပ် ရတော့သည်။ IS အကြမ်းဖက် သမားများ၏ အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရသည့် မိန်းကလေး အများစုမှာ ရက် ရက်စက်စက် သတ်ဖြတ်ခြင်းကိုလည်း ခံကြရသည်။ မိန်းကလေး ဖြစ်ပါက မည်သည့် အသက်အရွယ် ကိုမျှ ချမ်းသာပေးခြင်း မရှိ။ အသက် ၅နှစ် အရွယ်မိန်းကလေး များကိုပင် မစာနာ သားမယား ပြုကျင့်လျက် ရှိသည်။ သားမယားအဖြစ် ပြုကျင့်ကြရုံဖြင့် မပြီး လိင်ကျွန် အဖြစ်လည်း မိန်းကလေးပေါင်းများစွာမှာ
ရောင်းချခံ နေရသည်။

ထိုကပ်ဘေး ဒုက္ခအပေါင်းကို သယ်ဆောင်လာသည့် IS အဖွဲ့ က အီရတ်ရှိ ဆင်ဂျာတောင်ကုန်း ဒေသကို သိမ်းပိုက်ခဲ့ပြီးနောက် ရာဇီဒီ မျိုးနွယ်စုဝင် အမျိုးသမီး ရာနှင့်ချီသည့် အရေအတွက်ကို ပြန်ပေးဆွဲ ဖမ်းဆီး ထားပြီး မုဒိမ်းကျင့်ခြင်း၊ လိင်အစေအပါး အဖြစ် ရောင်းချခြင်း များကို ၎င်းတို့ ဗီဇအတိုင်း လုပ်ဆောင် ကြ သည်။

ရာဇီဒီ မျိုးနွယ်များမှာ အီရတ်နိုင်ငံတွင် နေထိုင်သည့် လူနည်းစု မျိုးနွယ်ဝင်များ ဖြစ်ပြီး မိန်းမလှ များ ပေါများ သည့် ယင်းမျိုးနွယ်စုမှာ IS တို့၏ ဒုက္ခပေးမှုကို လည်စင်း ခံကြရသူများ ဖြစ်သည်။ ထိုဒုက္ခဘုံကို နှစ်ကြိမ်တိုင် သက်ဆင်းခဲ့ရာမှ တွန်းလှန် ရုန်းကန်၍ လွတ်မြောက်ခဲ့သူ အသက် ၁၅နှစ် အရွယ် ဆယ်ကျော်သက် မိန်း ကလေး တစ်ဦးက ၎င်း၏ အဖြစ်သနစ်စုံကို အေအက်ဖ်ပီသို့ ပြန်ပြောင်း ပြောပြ ခဲ့သည်။

“အစမှာ ကျွန်မတို့ မိန်းကလေး တွေကို အနီးက တဲလ်အဖာမြို့ ကို အရင်ခေါ် သွားတယ်။ အဲဒီက ဘာဒေါ့ အကျဉ်းထောင်ထဲမှာ ကျွန်မတို့ ကို ထားပါတယ်။ အမေရိကန် လေကြောင်း ထိုးစစ်စတော့ အိုင်အက်စ် တို့ ရဲ့ အဓိက အမာခံမြို့  မိုဆူးလ်မြို့ ဆီ ပို့လိုက်တယ်။ အဲဒီကနေ ကျွန်မတို့ မိန်းကလေးတွေကို ဆီးရီးယား ကို တသုတ်ပြီး တသုတ် ရောင်းစား ကြတယ်။

ကျွန်မရဲ့ အစ်မ နှစ်ယောက်လည်း ဖမ်းဆီး ရောင်းချ ခံရတယ်။ ဆီးရီးယားမှာ ကျွန်မတို့ ညီအစ်မသုံးယောက် ငါးရက်လောက်ပဲ အတူနေ ခဲ့ရပြီး အသီးသီး ရောင်းချ ခံရတာပါ။ သူတို့ ကို ခုထိ ပြန်မတွေ့ ရ တော့ပါဘူး”ဟု လုံခြုံရေးအရ အမည် ထုတ်ဖော်ခြင်း မရှိသည့် ၎င်းမိန်းကလေးက ပြောသည်။

ရက္ကာမြို့ ရှိ ပါကစ္စတန် တစ်ဦးထံ မယားအဖြစ် ရောင်းချခံခဲ့ရသည့် ယင်း မိန်းကလေးသည် သားမယား အဖြစ် အလုပ်အကျွေး ပြုနေ ခဲ့ရာမှ ၎င်းပါကစ္စလင်ယောက်ျား၏ အိမ်ထိန်းထံမှ သေနတ် ရရှိလိုက်ပြီး ထို လင်ယောက်ကျားကို ပစ်သတ်ကာ ထွက်ပြေး လာခဲ့သည်။

လိင်ကျွန်အဖြစ်မှ လွတ်မြောက်ခဲ့ သော်လည်းပြေးစရာ မြေမရှိ ရှာသူ မိန်းကလေးမှာ နေရာစိမ်းတွင် မသွားတတ် မလာတတ်၍ သူအား အခြား မိန်းကလေးများနှင့် အတူပထမ ဖမ်းဆီး ထားရာ အိမ်သို့ ပင် သွားရောက်ခဲ့ရသည်။ သူလွတ်မြောက် လာမှုကို သူပုန် စစ်သွေးကြွများက မည်သို့ မျှ မေးမြန်းခြင်း မရှိသော် လည်း အမေရိကန်ဒေါ်လာ ၁၀၀၀ဖြင့် ဆော်ဒီ တိုက်ခိုက်ရေးသမား တစ်ဦးထံ တစ်ခါပြန် ရောင်းချ ခဲ့ပြန် သည်။

“နင် အစ္စလမ် သာသာ ဝင်ရမယ်။ ပြီးရင် လက်ထပ်ကြမယ် လို့ အဲဒီဆော်ဒီ အမျိုးသားက ကျွန်မကို ပြော ပါတယ်။ ကျွန်မ မွတ်စလင်လည်း မဖြစ်ချင်ဘူး။ ဒါကြောင့် ထွက်ပြေးလာ ခဲ့တယ်”ဟု မိန်းကလေးက ပြောခဲ့ သည်။ ကံကောင်း ထောက်မစွာဖြင့် ယင်းဆော်ဒီ တိုက်ခိုက်ရေး သမားနှင့် အပေါင်းအသင်း များကို လုပ်ကျွေး ပြုစုရစဉ် လက်ဖက်ရည်ထဲ ဆေးခပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ အိပ်ပျော် သွားချိန် ထွက်ပြေး ခဲ့ခြင်း ဖြစ်ကြောင်း မိန်းကလေးက သူ၏ ဇာတ်လမ်းကို ဖွင့်ဟ ပြောဆိုသည်။

ထိုသို့ ထွက်ပြေးလာစဉ် ပို၍ကံတရားဖေးမသည်က တူရကီသို့ သွားသည့် ကားတစ်စီးကို တွေ့ ပြီး သူအစ် ကိုဖြစ်သူထံ အရောက်ပို့ ပေး ခဲ့ခြင်းဖြစ်သည်။ အစ်ကို ဖြစ်သူနှင့် တွေ့ ၍ အစ်ကိုက သူငယ်ချင်များ ထံမှ
ဒေါ်လာ ၂၀၀၀ ချေးငှားကာ မှောင်ခိုသမားများကို ပေး၍ အီရတ် မြောက်ပိုင်းသို့ မောင်နှမနှစ်ဦး ပြန်လည်
ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ၏ ခရီးစဉ်သည် ကာ့ဒ်မြို့ တစ်မြို့ ဖြစ်သည့် အခြားသော ရာဇီဒီ မျိုးနွယ်စုဝင် မိသားစုများလည်း ရှိနေရာ ဒါဟတ်မြို့ အရောက်တွင်မှ အဆုံးသတ်ခဲ့တော့သည်။

ယင်းကဲ့သို့ပင် IS တို့၏ ဒုက္ခပေးမှုကို ကြုံခဲ့ရသူ အခြားမိန်းကလေး တစ်ဦး ဖြစ်သည့် အသက် ၁၉ နှစ် အရွယ်ရှိ ကိုယ်ဝန် ခြောက်လ လွယ်ထားရသူ အမတ်ရှာ အလီဆိုသူ မိန်းကလေးကလည်း သူ၏ အဖြစ်ကို
ပြန်ပြောခဲ့သည်။ သူအား ဆွဲခေါ်လာစဉ်က သေနတ်ဖြင့် ပစ်သတ်ခံရသောကြောင့် မြေပေါ် လဲသွားခဲ့သည့် လင်ယောက်ျား ဖြစ်သူကို နောက်ဆုံး မြင်လိုက်ရခြင်း ဖြစ်ကြောင်း အလီက ပြောသည်။

“ကျွန်မကိုလည်း အိုင်အက်စ်တိုက်ခိုက်ရေး သမားရဲ့ အသုံးတော်ခံ အဖြစ် ပေးအပ်ခံရပါတယ်။ ကံကောင်း တာက တစ်ခြား မိန်းကလေးတွေလို သားမယား ပြုကျင့် မခံရတာပါပဲ။ ကိုယ်ဝန်နဲ့ မို့ လားမသိဘူး။ ကျွန်မက ဒီဝဋ်တော့ မကြုံခဲ့ရဘူး။ အဲတုန်းက ကြုံရတာက တကယ်ဆိုးဝါးတဲ့ ဝေဒနာ ပါပဲ။ ပိုဆိုးတာက စစ်သွေးကြွ တစ်ဦးနဲ့ ပေးစား ခံရတာပါပဲ။ ကျွန်မအတွက် တကယ်ကို ကြမ်းတမ်းတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်”ဟု အလီက ပြောသွားခဲ့သည်။

mizzima

မှတ်ချက်များ