![]() |
ဓာတ်ပုံ- Rodong Sinmun |
မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းက အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ကင်မ်ဂျုံအန်ဟာ ဝီဆုန်သိပ္ပံ ပညာရှင်တွေ ရှိတဲ့ နေရာတခုဆီ သွားပြီး လမ်းညွှန် မှာကြားမှုလုပ်တဲ့ သတင်းကို တင်ဆက်သွားခဲ့ပါတယ်။
အသစ်စက်စက် ဆောက်ပြီးခါစ သိပ္ပံပညာရှင်တွေ နေထိုင် လေ့လာသုတေသန ပြုတဲ့နေရာကို ကင်မ်က သွား ရောက်ခဲ့တာဖြစ်ပေမယ့် ဘယ်နေ့ ဘယ်အချိန်က သွားရောက်လည်ပတ်ခဲ့တယ်ဆိုတာ သတင်းမှာ မဖော်ပြပါဘူး။

ကင်မ်ဂျုံအန်တယောက် ကျန်းမာရေး တော်တော် မကောင်းဖြစ်နေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ပျံ့နှံ့ နေခဲ့တာကြာပါပြီ။
စက်တင်ဘာလ ၃ ရက်နေ့က သူ့ကို နောက်ဆုံးလူမြင်ကွင်းမှာတွေ့ခဲ့ပြီး ပျောက်ကွယ်သွားခဲ့ တာကြောင့် ထင်ကြေးအမျိုးမျိုး ပေးနေခဲ့ကြတာပါ။
မြောက်ကိုရီးယားနိုင်ငံမှာ အထင်ကရနေ့တွေဖြစ်တဲ့ စက်တင်ဘာ လ ၉ ရက်နေ့က ကျရောက်ခဲ့တဲ့
မြောက်ကိုရီးယား နိုင်ငံ ထူထောင်တဲ့နေ့ အခမ်းအနားနဲ့ အောက်တိုဘာလ ၁ဝ ရက်နေ့က ကျရောက်တဲ့ ကိုရီးယား အလုပ် သမား ပါတီနေ့ အခမ်းအနားတွေကို ကင်မ်ဂျုံအန် မတက်ရောက်နိုင်ခဲ့ပါဘူး။
အဲဒီလို လူမြင်ကွင်းက ကင်မ်ဂျုံအန်ပျောက်နေတာ ဘာကြောင့်ဆိုတာလည်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းက ပြောဆိုသွားတာမရှိပါဘူး။
လန်ဒန်မှာ ရှိတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်က ဘီဘီစီကို ပြောတာမှာ ကင်မ်ဟာ ကျန်း မာရေး ကောင်းတယ်လို့ ဆိုထားပါတယ်။
အိမ့်သံစဉ်

မှတ်ချက်များ