တူရကီနဲ့နယ်စပ် မဟာဗျူဟာကျတဲ့ ဆီရီးယားနယ်စပ်
မြို့ကိုဘာနီမြို့ကို အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့(အိုင် အက်စ်)က ရက်သတ္တ ပတ်နဲ့ချီပြီး အပြင်းအထန်တိုက် ခိုက်နေတာကြောင့် မြို့ခံ ဆီးရီးယား ကာဒ့်လူမျိုးတွေ ကလည်း အောက်တိုဘာ ၅ ရက်နေ့က ပြန်လည်ခုခံနေ ကြပါတယ်။
မြို့ပတ်ဝန်းကျင်က ကျေးရွာတွေအားလုံး အိုင်အက်စ် အစွန်းရောက်တွေ လက်အောက်ကျရောက်ခဲ့တာဖြစ်
ပေမယ့် ဆီးရီးယားကာဒ့်တွေကတော့ အမျိုးသမီးတွေပါ မကျန် မြို့ကို ရှိသမျှ လက်နက်ငယ်တွေနဲ့ အသေခံ ခုခံနေကြတာပါ။
အိုင်အက်စ်အဖွဲ့ကတော့ အီရတ်စစ်တပ်က သိမ်းဆီးရမိတဲ့ တင့်ကား အနည်းဆုံး အစီး ၂၀ နဲ့ တိုက်ခိုက်နေ တယ်လို့ ဆိုပါတယ်။
မြို့ခံဒုက္ခသည် အနည်းဆုံး ၁ သိန်း ၈ သောင်း ၆ ထောင်ဟာ တူရကီနိုင်ငံထဲကို ၀င်ရောက်ခိုလှုံနေကြ ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်လေကြောင်းတိုက်ခိုက်မှုတွေဟာ ဒီဆီးရီးယားနယ်စပ်မှာ ထိထိရောက်ရောက် တိုက်ခိုက်တာ မရှိသလို တူရကီကို ဆီးရီးယားနိုင်ငံထဲ မ၀င်ရောက်ဖို့ ဆီရီးယားအစိုးရက သတိပေးထား ပါတယ်။ ဒါကြောင့် နယ်စပ်မှာ တူရကီတင့်ကားတွေ ချထားတဲ့အဆင့်ပဲ ရှိပါတယ်။
အောက်တိုဘာ ၅ ရက်နေ့က တူရကီနိုင်ငံထဲကို ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ တူရကီ ၅ ဦး ဒဏ်ရာရခဲ့ပါ တယ်။
နောက်ဆုံးတိုက်ခိုက်မှုတွေအတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အယောက် ၂၀နဲ့ ဆီးရီးယားကာဒ့်တပ် ဖွဲ့ဝင် ၁၀ ယောက် ကျဆုံးခဲ့ကြတယ်လို့ အိုင်အက်စ်တပ်တွေကို ခုခံနေတဲ့ ဆီးရီးယားကာဒ့်တပ်ဖွဲ့ ၀င်တွေ က ပြောပါတယ်။
အမေရိကန်လေကြောင်းပစ်ကူမှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့နဲ့ ကိုဘာနီမြို့ကျလို့ အိုင်အက်စ်အစွန်း
ရောက်တွေက ကျူးလွန်ရင် အစုလိုက်အပြုံတိုက် သတ်ဖြတ်မှုတွေ တကမ္ဘာလုံးမှာ တာဝန်ရှိတယ်လို့ ကို ဘာနီကာကွယ်ရေးဝန်ကြီး အစ္စမေးလ် ရှိတ်လ် ဟာစန် (Ismet Sheikh Hasan)က ပြောဆိုပါတယ်။
DVB

မှတ်ချက်များ