ဒီဗွီဒီဒီဘိတ် တင်ဆက်သူအသစ် မျိုးမျိုး ပွဲထုတ် မိတ်ဆက် သတင်းထုတ်ပြန်ချက်


မြန်မာနိုင်ငံတွင် ဒီဘိတ်ယဉ်ကျေးမှုကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်စေသည့်အနေဖြင့် ဒီဗွီဘီဒီဘိတ်က မတူကွဲပြားသော အကြောင်းအရာများကို အပတ်စဉ် တင်ဆက်ပေးနေသည်ဖြစ်ရာ လူမျိုးမရွေး၊ ဘာသာ မရွေး၊ ကျား/မတန်းတူ၊ အသက်အရွယ် ကြီးငယ်မဟူနှင့် နိုင်ငံရေး နောက်ခံစုံ ဦးဆောင် ဆွေးနွေးသူများ
နှင့် ပရိသတ်များက ပါဝင် ဆွေးနွေး ငြင်းခုံ အဖြေရှာလျှက် ရှိကြပါသည်။

အပတ်စဉ် စနေနေ့တိုင်း တိုက်ရိုက် ရိုက်ကူး တင်ဆက်မှုတွင် တင်ဆက်သူ သန်းဝင်းထွဋ်နှင့် မျိုးသာထက် တို့က တစ်ပတ်ခြားတစ်ခါ အလှည့်ကျ တင်ဆက်နေရာမှ ယခုအခါ သန်းဝင်းထွဋ်က ဒီဗွီဘီ၏ ``ဒို့ပြည် ဒို့မြေ`` အစီအစဉ်သစ်သို့ ရွှေ့ပြောင်း တာဝန်ယူ တင်ဆက်သည့်အတွက် သန်းဝင်းထွဋ်နေရာတွင် တင်ဆက်ရန် ဒီဗွီဘီဒီဘိတ်က ပရိသတ်များအား တင်ဆက်သူသစ် မျိုးမျိုးနှင့် မိတ်ဆက်ပေးလိုပါသည်။

မျိုးမျိုးသည် သက်လတ်ပိုင်း အိမ်ထောင်မရှိ အမျိုးသမီးသတင်းသမားတစ်ဦးဖြစ်ပြီး ပြည်တွင်းပြည်ပမှ ပုံနှိပ်နှင့် အွန်လိုင်းမီဒီယာများတွင် သတင်းသမားလုပ်သက် ၁၀ နှစ်နီးပါး ရှိသူ ဖြစ်ပါသည်။ သူသည် နိုင် ငံရေးနှင့် စီးပွားရေးသတင်းများကို အားသန်သော်လည်း အတွေ့အကြုံနှင့် အစွမ်းအစရှိသည့် သတင်းသ မားတစ်ဦး ဖြစ်သည့်အားလျော်စွာ အကြောင်းအရာစုံကို တီးခေါက်မိသည်မှသည် ကျွမ်းဝင်သူအထိ ၀င်ဆံ့ သူလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ်မှ အင်္ဂလိပ်စာအဓိကနှင့် ဘီအေဘွဲ့ကို ရရှိထားသူ မျိုးမျိုးက အာရှနှင့် ဥရောပသို့ သတင်းစာပညာသင်တန်းနှင့် သတင်းလိုက်ခြင်းအတွက် ရောက်ရှိ လုပ်ကိုင်ဖူးပြီး စင်ကာပူနိုင်ငံ၊ နန့်ယန်း နည်းပညာတက္ကသိုလ်၏ ဂျာနယ်လစ်ဇင်ဖဲလိုးတစ်ဦးလည်း ဖြစ်ပါသည်။

ဒီဗွီဘီဒီဘိတ်ကို မရောက်ခင်က မျိုးမျိုးတွင် အသံလွှင့်အတွေ့အကြုံ အနည်းငယ် ရှိခဲ့သော်လည်း ဒီဘိတ် ယဉ်ကျေးမှုကို စိတ်ဝင်စားသူ မျိုးမျိုးက လာမည့် သီတင်းပတ်တွင် စတင်တော့မည့် သူမ၏ ပထမဆုံးရှိုးအ တွက် စိတ်ထက်သန် တက်ကြွနေပါသည်။

``မြန်မာပြည်မှာ ဒီဘိတ်ယဉ်ကျေးမှုကို ထွန်းကားစေချင်တယ်။ အဲဒီအတွက် တင်ဆက်သူအဖြစ်နဲ့ မျိုးမျိုး လာခဲ့မယ်။ အားပေးဖို့ အဆင်သင့်ပြင်ပေးထားပါ`` ဟု သူမက ဆိုသည်။

ဒီဗွီဘီဒီဘိတ်က ထပ်မံ မွေးထုတ်လိုက်သော တင်ဆက်သူသစ် မျိုးမျိုးနှင့် သူမတင်ဆက်မည့် ဒီဘိတ်များ ကို ထုံးစံအတိုင်း ဆက်လက် အားပေးကြပါရန် ဒီဗွီဘီဒီဘိတ်အဖွဲ့သားများက တောင်းဆိုကြပါသည်။

DVB

မှတ်ချက်များ