ဆေးဖက်ဝင် ရဲယိုပင် အကြောင်းသိကောင်းစရာ


ရဲယိုသီးသည်ပူစပ်သောအရသာရှိပြီးအနည်းငယ်ချဉ်၏။ သွေးသည်းခြေ၊ လေသလိပ်တို့ကိုနိုင်၏၊အစာမ
ကြေနာ၊လေနာ၊ သည်းခြေနာတို့ကိုနိုင်၏။

ရဲယိုရွက်ကိုပြုတ်ပြီးစားလျှင် လေချုပ်ရောဂါ၊ ၀မ်းဗိုလ်နာရောဂါ၊ အာခေါင်ပူလောင်သောရောဂါ၊ သည်းခြေ
ဖေါက်ပြန်သောရောဂါနှင့်သွေးတိုးရောဂါများအားသက်သာ ပျောက်ကင်းစေသည်။

ရဲယိုရွက်ကိုငါးမြွေထိုးအားနှင့် ပြုတ်ပြီးသုတ်စားလျှင်ပင်လယ်အူနာကိုသက်သာ ပျောက်ကင်းစေသည်။

ရဲယိုရွက်ကိုသုတ်စားပါက နို့ချောင်းပိတ်ရောဂါ၊ နို့ရေခန်းရောဂါ၊ သကျဉ်းကိုက်ရော ဂါ၊၀မ်းရစ်ပြီးနာခြင်း
နှင့် နာခေါင်းသွေးလျှံခြင်းတို့ကိုပျောက်ကင်းစေသည်။

နှလုံးရောဂါ၊သွေးလွန်ရောဂါနှင့်ဆီးချိုရောဂါများအတွက်ဒန့်သလွန်ရွက်နှင့်ရောပြီး ဟင်းချိုအဖြစ်ချက်
သောက်ပါကသက်သာပျောက်ကင်း စေပါသည်။

ရဲယိုသီးကိုပျားရည် နှင့်ခေါက်ပြီးစားလျှင် ချေင်းဆိုးရောဂါနှင့်ပန်းနာ ရောဂါတို့ကိုသက်သာ ပျောက်ကင်းစေ
သည်။

ရဲယိုသီးမှည့်ကိုထန်းလျက်နှင့်စားသော်အစာမကြေခြင်းအားပျောက်ကင်းစေသည်။

ရဲယိုသီးကိုပျားရည်နှင့်ခေါက်ပြီးစားလျှင် ချောင်းဆိုးရောဂါနှင့်ပန်းနာရောဂါတို့ကိုသက်သာပျောက်ကင်း
စေသည်။

ရဲယိုသီးမှည့်ကိုထန်းလျက်နှင့်စားသော်အစာမကြေခြင်းအားပျောက်ကင်းစေသည်။

ရဲယိုသီးနုကို ပြုတ်ပြီးသုတ်စားပါက လေထိုးလေအောင့်နှင့် သွေးတတ်ရောဂါများပျောက်ကင်းစေသည်။

searchmyanmar

မှတ်ချက်များ