ဖောက်ထွင်းမြင်နိုင်သော လေယာဉ် ကိုယ်ထည်ပုံစံ Display များ တပ်ဆင်ထား သည့် လေယာဉ်ကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်နေ


ဗြိတိန်နိုင်ငံအခြေစိုက် တီထွင်ဆန်းသစ်သော နည်းပညာများ တီထွင်လျှက် ရှိသည့် Centre for Process Innovation (CPI) ကုမ္ပဏီမှ လေယာဉ် ကိုယ်ထည်ကို ဖောက်ထွင်းမြင်တွေ့နိုင်စွမ်းရှိသည့် ကိုယ်ထည်ဒီ ဇိုင်းကို တီထွင်နေကြောင်း ဆိုပါတယ်။ လေယာဉ်ရဲ့ တံခါးပေါက်တွေနေရာမှာ အဆင့်မြင့်နည်းပညာသုံး
ကွေးညွှတ်နိုင်စွမ်းရှိသည့် High-definition Display မှန်သားပြင်များကို အစားထိုးတပ်ဆင်သွားမှာ ဖြစ်ပါ တယ်။ ဒါကြောင့် လေယာဉ်စီး နေသူဟာ လေထဲမှာ ပျံဝဲနေသလို ခံစားရစေမှာ ဖြစ်ပါတယ်။

အခြားတစ်ခုဖြစ်နိုင်တာကတော့ ဒါဟာ အမှန်တကယ်လေယာဉ်ရဲ့ ကိုယ်ထည်မဟုတ်ပဲ အဆိုပါ ကွေး ညွှတ်နိုင်သည့် High-Definition Display များကို အမှန်တကယ် ပြင်ပ ကောင်းကင်က ပုံစံမျိုး စိတ်ထဲမှာ ထင်ယောင်ထင်မှာ ဖြစ်စေအောင် လေယာဉ်ကိုယ်ထည်အတွင်းပိုင်းမှာ တပ်ဆင်မှုမျိုး ဖြစ်လိမ့်မယ်လို့လဲ ဆိုပါတယ်။

အဆိုပါ လေယာဉ်ကိုယ်ထည်ဒီဇိုင်းပုံစံကို ပြင်သစ်အခြေစိုက် လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုက လည်း တီထွင်နေပြီး အဆိုပါ ဒီဇိုင်းပုံစံဟာ ပြူတင်းပေါက်မရှိသည့် ဂျက်လေယာဉ်ပုံစံ မျိုးလို့လဲ ဆိုပါတယ်။ ဒါပေမယ့်လို့ CPI ကုမ္ပဏီကတော့ သူတို့အနေနဲ့ အဆိုပါ လေယာဉ်ဒီဇိုင်းကို ဆယ်နှစ် အတွင်းမှာ အမှန်တ ကယ် မြင်တွေ့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

အမှန်တကယ်တီထွင်နေတဲ့ ပုံစံကတော့ လေယာဉ်ရဲ့ အပြင်ဘက်ကိုယ်ထည် ပေါ်မှာ ကင်မရာတွေကို တပ်ဆင်ထားမှာ ဖြစ်ပြီး အဆိုပါကင်မရာတွေကနေ တစ်ဆင့် ပြင်ပ ကောင်းကင်ယံပုံစံကို လေယာဉ်အ တွင်းဘက်က အထက်ပါ ကွေးညွှတ်နိုင်သည့် High-Definition Display များမှာ တစ်ဆင့် ပြန်လည်ပြသ မှာ ဖြစ်ပါတယ်။ ထို့အတွက် လေယာဉ်ထဲမှာ လိုက်ပါ စီးနင်းသူများအနေဖြင့် မြင်ကွင်းကျယ် ရှုခင်းများ ကို မြင်တွေ့နိုင်မှာ ဖြစ်ပြီး အမှန်တကယ် အပြင်ဘက်ကို ကြည့်ရင် မြင်တွေ့နိုင်မည့် လေယာဉ်တောင်ပံ ၊ အင်ဂျင်စက် တို့ကို မြင်တွေ့နိုင်မှာ မဟုတ်ပဲ သဘာဝရှုခင်းပုံစံအတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထိုအတူ
လေယာဉ်စီးနင်းသူတွေဟာ အဆိုပါ High-Definition Panel များကနေ လေယာဉ်ရဲ့ ၀န်ဆောင်မှုတွေကို ရယူနိုင်မှာဖြစ်ကြောင်း CPI ကုမ္ပဏီက ဆိုပါတယ်။

အဆိုပါ Panel များဟာ အဆင့်မြင့်နည်းပညာသုံး OLED မျက်နှာပြင်များ ဖြစ်ပြီး သက်တမ်းပိုမိုတာရှည် ခံနိုင်စေဖို့အတွက် အလွှာတစ်ထပ်ဖြင့် ထပ်မံဖုံးအုပ်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါ Panel များကို တပ်ဆင်လိုက်သည့်အတွက် လေယာဉ်အနေဖြင့် ပိုမိုပါးလွှာလာခြင်း ၊ အလေးချိန်
ပေါ့ပါးသွားခြင်း နှင့် လက်ရှိလေယာဉ်များ ထက်ပင် ပိုမိုမာကြောမှု ရှိလာမှာ ဖြစ်တယ်လို့ CPI ကုမ္ပဏီက ဆိုပါတယ်။ ထိုကဲ့သို့ တပ်ဆင်ပါက လေယာဉ်ရဲ့ အလေးချိန်ကို ၁ ရာခိုင်နှုန်း ၊ လေယာဉ်ဆီစားနှုန်းကို ၇၅ ရာခိုင်နှုန်းအထိ လျော့ချနိုင်မှာ ဖြစ်တဲ့အတွက် လေယာဉ်ခရီးစဉ် စရိတ်တွေကိုလည်းလျော့ချနိုင်မှာ ဖြစ်  တယ်လို့ ဆိုပါတယ်။

YangonMediaGroup‬

မှတ်ချက်များ