ချစ်သူက သူနဲ့အတူ မအိပ်တော့ဘူးလို့ အပြောခံလိုက်ရတာကြောင့် အမျိုးသားတစ်ဦး သူ့လိင်တံ သူကိုယ်တိုင်ဖြတ်ပစ်
သူနဲ့ အတူ အိပ်ရတာ မပျော်တော့ဘူးလို့ အပြောခံရတာကြောင့် အသက် ၂၂ နှစ်ရှိသူ Oliver LLic ဆိုသူက သူ့လိင်တံကို သူဖြတ်ပစ်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်တယ်လို့ သိရပါတယ်။
လိင်တံကို ဖြစ်ထုတ်လိုက်တယ်။ သူ့ချစ်သူနဲ့ ပတ်သက်စရာမရှိတော့တဲ့ အကြောင်းရင်းကြောင့် အဲဒီလို လုပ် လိုက်တာလို့ ဆရာဝန်တွေကို ပြောပြခဲ့တယ်လို့ သိရတယ်။
သူဘယ်လိုမှ သွေးတိတ်အောင် မလုပ်နိုင်တဲ့အခါ LLic က အရေးပေါ်လူနာဌာနကို အကြောင်းကြားပြီး Kocani မြို့လေးဖြစ်တဲ့ အရှေ့ Macedonian မြို့က ဆေးရုံကိုအပို့ခံလိုက်ရပါတယ်။
ရဲတွေက သူ့အိမ်ထဲ မွှေနှောက်ရှာဖွေတော့ ဘရိတ်ဓားနဲ့ တစ်ချက်တည်း ပိုင်းထားတဲ့ လိင်တံကို အမှိုက်ပုံး ထဲ အလျားလိုက် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပထမမှာ ဆရာဝန်တွေက သူ့လိင်တံကို ပြန်မဆက်နိုင်တော့တာ
ကြောင့်သူ့ကို Skopje ဆေးရုံသို့ လွှဲပေးပြီး အဲဒီနေရာတွင် ၅ နာရီကြာ ခွဲစိတ်မှုပြုလုပ်ပြီး ပြန်ဆက်ပေးခဲ့ပါ တယ်။
သို့ပေမဲ့ ဒီအော့ပရီးရှင်း အောင်မြင်၊ မအောင်မြင် နဲ့ နဂိုအတိုင်း ပြန်အသုံးပြုလို့ရ၊ မရကို ပြောဖို့တော့ အချိန်
စောနေသေးတယ်လို့ ဆရာဝန်တွေက ပြောဆိုထားပါတယ်။
မကြာသေးမီအချိန်ကလည်း အသက် ၄၀ အရွယ် မက်ဆီဒိုးနီးယမ်း အမျိုးသားတစ်ဦးက သူ့လိင်တံကိုသူ
ဖြတ်ပြီး အိမ်သာထဲ ဆွဲချခဲ့ပါသေးတယ်။
Trend Myanmar

မှတ်ချက်များ