ကော့စမွေထောင်ထဲမှာ ဖမ်းစည်းခံထားရတဲ့ ဝင်းဇော်ထွန်း ( ခ) ဝေဖြိုးရဲ့ ပြောပြချက် တချို့
( ၂၄၊၁၀၊၂၀၁၄) ရက်နေ့ မနက် (၁၁) နာရီ လောက်မှာ ကော့စမွေထောင်ထဲမှာနိုင်ငံခြားသား (၂) ယောက် ကို သတ်မှု့နဲ့ အစွပ်စွဲခံထားရတဲ့ မြန်မာလူငယ်လေးနှစ်ယောက်ကို မိဘများနှင့်အတူတွ့ ဆုံဖြစ်ပါတယ်။ သူတို့တွေဟာ၊လူသတ်မှု့ နဲ့ ဘယ်လိုမှမပတ်သက်ကြောင်း၊ နှိမ့်စက်ညှင်းပန်း၊ ခြိမ်းချောက်ပြောဆိုခဲ့
လို့ မသတ်ဘဲနဲ့ သတ်ပါတယ်လို့ ဝင်ခံခဲ့ တာလို့ ပြောပြပါတယ်။ သူတို့ ရဲ့ပြောပြချက်တွေကို ကျနော်တို့နဲ့အ တူပါသွားတဲ့ ထိုင်းရှေ့နေတွေက စနစ်တကျမှတ်သားပြီး။
အဆိုပါလူငယ်လေးနှစ်ယောက်အပါအဝင်၊ မိဘများကိုလက်မှတ်ထိုးခိုင်းပြီး ကော့စမွေတရားသို့ ကန်ကွက် လွှာတင်ခဲ့ပါတယ်။ ရှေ့အပတ်ထဲမှာလဲ။ ဘန်ကောက်မှာရှိတဲ့ တရားရုံးချုပ်မှာလဲ ကန့်ကွက်စာတင်သွင်း မှာဖြစ်ပါတယ်။
( ထူးချစ်)
( မိမိအားဖမ်းဆီးစဉ်၊ ရိုက်နှက်ခံခဲ့ရကြောင်း၊ တာဝန်ရှိရဲအရာရှိနှင့် မြန်မာစကားပြန် မှ ပါးကို (၇-၈) ချက်ခန့် ရိုက်နှက်ခံခဲ့ရကြောင်း၊ မြန်မာစကားပြန်ဆိုသူမှာမြန်မာသံရုံးမှ ထုတ်ပေးထားသည့် ဆိုသည့် ကဒ်ပြား ကို ပြ သခဲ့ပါသည်။လူသတ်မှု့တွင်၊ပါဝင်ခဲ့သည်ဟု၊မဝန်ခံပါက၊ ခြေလက်များကို ဖြတ်ပြီး၊ဂုံနီအိတ်ထဲထဲ့ကာ၊ မြစ်ထဲ
မျောပစ်မည်၊ ကားတာယာကွင်းများနှင့် ပတ်ပြီးရေနံဆီလောင်းကာ မီးရှို့သတ်ဖြတ်ပစ်မည်ဟု၊ ချိမ်းခြောက် ခဲ့ ပါသည်၊ ထို့အပြင်၊ ချော့မော့ ပြီးလဲ မေးမြန်းခဲ့ပါသည်၊ မိမိတို့အနေဖြင့်သတ်သည်ဟုဝင်ခံပါက၊ ထောင်
( ၄- ၅ နှစ်) သာကျခံရနိုင်ကြောင်းပြောခဲ့ပါသည်၊ မိမိတို့အနေဖြင့် အဆိုပါ၊ နှီမ့်စက်ညှင်းပန်းမှု့၊ခြိမ်းချေက်မှု့ နှင့်ချော့မော့ဖျားယောင်း မှု့များကြောင့် လိမ်လည် ထွက်ဆိုခဲ့ခြင်းဖြစ်ပါသည်။ထို့အပြင်မိမိတို့ အနေဖြင့် သံရုံးမှဆိုပြီးရောက်လာသည့် အဖွဲ့ကိုလဲ မယုံကြည်သည့်အတွက်၊ မိမိတို့ သတ်ဖြတ်ခဲ့ကြောင်းလိမ်လည် ထွက်ဆိုခဲ့ခြင်းဖြစ်ပါသည်။)
(ဝင်းဇော်ထွန်း ( ခ) ဝေဖြိုး)
- ဘီယာသွားဝယ်တဲ့ CCTV ကပုံတွေကိုပြ ပြီး မင်းတို့မဟုတ်လားလို့မေးတယ် ဟုတ်တယ်ဆိုတော့ သတ်တာလဲမင်းတို့ဘဲဆိုပြီး ခြိမ်းခြောက်နှိပ်စက်ထိုးနှက်ပါတယ်မျက်နှာကိုစွတ်ထားတဲ့အ၀တ်ပိက်ကို ပါးစပ်ပေါ်အောင်လှန်ပြီး မျက်နှာကိုမမြင်ရ မြန်မာတယောက်ဘယ်သုမှန်းမသိဘူး ထမင်းလာကျွေးတယ်၊ အဲ့ဒီနောက်မှာ ကုလားစကားပြန်ဝင်လာတယ် မင်းသတ်လားအမှန်အတိုင်းပြော မပြောရင်မင်းတို့ဒီထက်နာ မယ်။ မင်းတို့သွားတွေကို ပလာရာနဲ့နုတ်ပစ်မယ်၊မျက်နှာကိုခြေထောက်နဲ့ကန်တယ်။
ဒီမှာလူသတ်တဲ့ပုံစံသိတယ်မို့လား တပိုင်းစီပိုင်းပြီး အင်္ဂတေနဲ့လောင်းရေထဲမြုတ်ပစ်လိုက်မယ် ၀န်ခံရင်
တော့ မင်းတို့သက်သာမယ် ငါတို့လဲကူပေးမယ်ဆိုပြီးပြောပါတယ်။နောက်တရက်လဲအဲ့ဒီမှာဘဲထားပြီး ခြိမ်း
ခြောက်တယ် မင်းတို့ဟာတရားဝင်လာနေတဲ့သူတွေမဟုတ်ဘူး အချိန်မရွေးသတ်ပြီး ကျောက်တုံးနဲတွဲမြုတ် လိုက်မယ်လို့ခြိမ်းခြောက်ပြီးဝန်ခံစေပါတယ် ပေါက်တူးနဲ့ရိုက်ပြီးသတ်တယ်လို့ပြောစေပါတယ်။ ကျွန်တော့် ကိုလာဖမ်းတော့ ၃၀ ရက်နေ့ပါ လစာကနောက်တနေ့ထုပ်ရမှာ အဖမ်းခံရလို့မထုတ်လိုက်ရဘူး။ဟုတ်ကဲ့
ပထမတခါတုံးကဖြေစဉ်မှာ ၀ိုင်ပုလင်းနဲ့ရိုက်တယ်ဆိုတာမဟုတ်ပါဘူး ကျွန်တော့်တို့လုပ်ကြံပြော ခိုင်းလို့
ပြောတာပါ။
ဇော်လင်း

မှတ်ချက်များ