အကြမ်းဖက်သမားများကို ကယ်တင်ရန် ဖောက်ထားသည့် လိုဏ်ခေါင်း ဖော်ထုတ်နိုင်

ပါကစ္စတန်နိုင်ငံ၊ ကရာချီဗဟိုအကျဉ်းထောင်အထဲ ကို တိုက်ရိုက်တူးဖော်ထားတဲ့ မြေအောက် လိုဏ်
ခေါင်းတခုကို လက်မတင်ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပါကစ္စတန်အထူးတပ်ဖွဲ့က မနေ့က ပြောပါတယ်။

အရှည်မီတာ ၄၀ ရှိတဲ့ ဒီလိုဏ်ခေါင်း ကို ထောင်နား က အိမ်တအိမ်ကနေ အန္တရာယ်အကြီးဆုံး အကြမ်း ဖက်သမားတွေကို ချုပ်နှောင်ထားတဲ့ ဘားတိုက်အ ထိ တူးဖော်ထား တာဖြစ်ပါတယ်။

စစ်ဆေးခံရတဲ့ အကြမ်းဖက်တပ်ဖွဲ့ဝင်တဦးရဲ့ ထွက်ဆိုချက်အရ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေကို ကယ်ထုတ်ဖို့ လို့ ပြောပါတယ်။

ပါကစ္စတန်အထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးကြီး Tahir Mehmood က အကြမ်းဖက်သမားတွေကို ဖမ်းဆီးနိုင်ခဲ့ တယ်လို့ ပြောပေမယ့် ဘယ်အဖွဲ့ဆိုတာနဲ့ အကြမ်းဖက် ဘယ်နှယောက် ဖမ်းဆီးထားတယ်ဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။

ထောင်ဘားတိုက်နဲ့ ၁၀ မီတာအလိုလောက်မှာ လက်မတင်ဖော်ထုတ်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။

ထောင်နားက အိမ်တအိမ်ကို အကြမ်းဖက်တွေက ၀ယ်ယူခဲ့ပြီး လနဲ့ချီပြီး တူးဖော်ခဲ့ကြတယ်လို့လည်း Mehmood က ပြောဆိုပါတယ်။

DVB

မှတ်ချက်များ