ကော်သူးလေတပ်မတော်ဖွဲ့စည်းရန် ကေအန်ယူသဘောတူ
ကရင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပူးပေါင်းပြီး ကော်သူးလေ တပ်မတော် အဖြစ်
ပြန်လည် ပေါင်းစည်းဖို့ သဘောတူညီ ချက်ရရှိကြောင်း ပူးတွဲ ထုတ်ပြန် ကြေညာချက်တရပ် ထွက်ပေါ် နေ ပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ လက်နက်ကိုင်တပ်တွေနဲ့ ကေအန်ယူ/ကေ အန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ)၊ ဒီကေဘီအေတို့နဲ့ ပြန်လည် ပေါင်းစည်းပြီး ကော်သူးလေ တပ် မတော်အဖြစ် ထူထောင်ကြဖို့ သဘောတူ ခဲ့ကြတယ်လို့ ၁၃ ရက်နေ့ထုတ် ပူးတွဲ ကြေညာချက် ထွက်ပေါ်ခဲ့ ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်လို့ ဒီဗွီဘီက သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကုန်လုံးကို အတည်ပြုချက်ရ ယူပေမယ့် တိကျခိုင်မာတဲ့ အတည်ပြု ချက်တော့ မရပါဘူး။
ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကို မေးမြန်းရာမှာ ကော်သူးလေ တပ်မတော် တည်ထောင်ဖို့ ကိစ္စဟာ ကေအန်ယူ ကွန်ဂရက်က ချမှတ်ထား တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်ဘက်ကနေပြီး ကေအန်ယူ ကွန်ဂရက်က ဆုံးဖြတ်ထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတွေ ကို ပြန်လည်ပေါင်းစည်းဖို့အတွက်ပေါ့၊ အဲဒါအကောင်အထည်ဖော်တာဖြစ်တယ်။” အသေးစိတ်ကိုတော့ သူက ပြောဆိုခြင်းမရှိပါဘူး။
ဒီပူးတွဲကြေညာချက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ)၊ ကရင်အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့ (ကေအန်ဒီအို)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) နဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီ ကေအန်ယူ/ကေအန်အယ်လ်အေ-ပီစီ အဖွဲ့တွေပူးပေါင်းပြီး ကော်သူးလေတပ်မတော် (ကေပီအက်ဖ်) အဖြစ် ပြန်လည်ပေါင်းစည်းကြဖို့ သဘောတူကြောင်း ပါရှိပါတယ်။
ကော်သူးလေတပ်မတော်ဟာ ကရင်အမျိုးသားအလံတော်အောက်မှာရှိနေပြီး ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးအပြည့်အ၀ရှိတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုစနစ်ပေါ်ပေါ် လာရေးကို တိုင်းရင်းသား တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းလက်တွဲ တိုက်ပွဲ ၀င်သွားမယ်လို့ ဆိုပါတယ်။
အဲဒီပူးတွဲကြေညာချက်မှာ ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်တဲ့ ကေအန်ယူ- ကေအန်အယ်လ်အေ ငြိမ်းချမ်း
ရေးကောင်စီကို ကိုယ်စားပြုပြီး ဗိုလ်မှူးကြီးတိုက်ဂါးက လက်မှတ်ရေးထိုးတာပါတယ်။
ဒါကြောင့် ကေအန်ယူ/ကေအန်အယ်လ်အေ-ပီစီအဖွဲ့ကို မေးမြန်း ကြည့်ရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီရဲ့ တစုံတရာ သဘောထားမပါကြောင်း ဗဟိုတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောနဂါးလေးက
ပြောပါတယ်။
“အဲဒီကိစ္စက ပြောရမယ်ဆိုရင်တော့ ဘယ်သူအင်တာနက်မှာ တင်လိုက်မှန်းကို မသိတာ။ ကျနော်တို့ ငြိမ်း ချမ်းရေးကောင်စီမှာ ဒီလိုမျိုး သဘောဆန္ဒလည်းမရှိဘူး။ အတည်ပြု ချက်လည်းမရှိဘူး။သိလည်းမသိပါ ဘူး။”
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အားလုံးစုပေါင်းပြီး ကရင်လက်နက်ကိုင် အဖွဲ့ များ ညီညွတ်ရေး ကော်မတီတရပ်ကို ပြီးခဲ့တဲ့နှစ် မေလ ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့ပါသေးတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ကေအန်ဒီအို) ဦးစီချုပ် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး စောနယ်ဒါးမြက လည်း လာမယ့် ကော်မတီအစည်းအဝေးမှာ ကော်သူးလေတပ်မတော်ကိစ္စကို ထည့်သွင်းဆွေးနွေးသွားမယ် လို့ ဒီဗွီဘီကို ပြောပါတယ်။
“ဒီကေဘီအေဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးကောင်စီဖြစ်ဖြစ်၊ ကေအန်အယ်လ်အေ ဖြစ်ဖြစ် အားလုံး ကော်သူးလေ တပ်မတော် ဖြစ်ဖို့လိုတယ်။ ဘာဖြစ်လဲဆိုတော့ ကရင်တပ်မတော်တွေက အများကြီးပဲ။ နောက်ဆုံးမှာ
တော့ ကော်သူးလေတပ်မတော်ဖြစ်ရမယ်။ ကရင်အမျိုးသားအတွက် ကရင့်တပ်မတော် တမျိုးပဲ ရှိရမယ်။ ဒါကြောင့်မလို့ ကျနော်တို့ သဘောတူတာကတော့ ကရင်တပ်မတော်တရပ်ပဲ ရှိမယ်တိုတာ သဘောထား ရှိတယ်။ နောက်ပြီး ၆ လတကြိမ် အစည်းအဝေးမှာ ဒီကိစ္စ ကျနော်တို့ ပြန်ဆွေးနွေးရမှာပေါ့။”
ဒီကေဘီအေ မြ၀တီရုံး ဆက်ဆံရေး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်ကတော့ ကော်သူးလေတပ်မတော်ဖွဲ့ စည်းခြင်းနဲ့ပတ်သက်ပြီး ဗဟိုကော်မတီက တစုံတရာ ထုတ်ပြန်တာ မရှိသေးဘူးလို့ ပြောပါတယ်။
နော်နိုရင်း | DVB

မှတ်ချက်များ