ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အမှတ် ၉ ရပ် ကွက် ရတနာသိင်္ဂီပတ်လမ်း အမှတ် ၁၅၉ က တွင် ယနေ့(၁၄ ရက်အောက်တိုဘာ) နံနက် ၁၀နာရီက သေမှုသေခင်းဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ အဘဦးအောင်ကြည်၏သမီး ဒေါ်တင်ရီ အသက် ၅၉ နှစ်သည် ရေချိုးရန်အတွက် ရေမော် တာ မောင်းရန် ရေ စက်တွင် တပ်ဆင်ထားသောကြိုးကို ဆွဲလိုက်စဉ်ဓါတ်လိုက်
သေဆုံးသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရာသို့ ရွှေပြည်သာမြို့နယ် ပြည်သူ့ရဲစခန်းမှ တယ ၀န်မှူးဒုရဲအုပ် ဇင်မင်းလတ်နှင့် အဖွဲ့၊ မြို့နယ်လျှပ်စစ်တာဝန် ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ ကူညီဆောင်ရွက်ပေးပြီး အလောင်းအား အင်းစိန်ဆေးရုံသို့ အပ်နှံရာ ပီအာ ၁၀ဖြင့်လက်ခံခဲ့သည်။
ရွှေပြည်သာရဲစခန်းကလည်း သေမှုသေခင်းအမှတ် ပ-၃၃/ ၂၀၁၄ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဟုတ်ကဲ့ပါ၊ အမှုကို သေမှုသေခင်း အမှုအမှတ်စဉ် ၃၃/၂၀၁၄ အရ အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက် နေပါ တယ်”ဟု ရွှေပြည်သာရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက News Watch သို့ အတည်ပြု ပြောကြားသည်။
နိုင်ကြီး(ရွှေပြည်သာ) | News Watch

မှတ်ချက်များ