ကိုလံဘီယာ ဘာသာရေးဆုတောင်းပွဲ မိုးကြိုးပစ်ခံရ၊ ၁၁ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းက ဒေသခံ လူမျိုးစုတွေရဲ့
ကျေးရွာတရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က မိုးကြိုးပစ်ခံရလို့ လူအနည်းဆုံး ၁၁ ဦး သေဆုံး သွားပါ တယ်။

ဘာသာရေး ဆုတောင်းပွဲတခု လုပ်နေတဲ့အချိန်မှာ အခုလို မိုးကြိုးပစ်ခံရတာလို့ ကိုလံဘီယာ စစ်တပ်ကပြောဆိုပါ တယ်။

မိုးကြိုးပစ်ခံရတဲ့ နေရာဟာ ဒေသခံ လူမျိုးစုတွေ အများအပြား နေထိုင်တဲ့ ဆီရီယာ နီဗာဒါ (Sierra Nevada) တောင်တန်း ဒေသဖြစ်ပြီး လူ ၁၀ ယောက်ကျော်လည်း အပြင်းအထန် ဒဏ်ရာ ရခဲ့ကြပါတယ်။

ကိုလံဘီယာသမ္မတ ဂျူအန့် မန်နျူရယ် ဆန်းတို့စ် (Juan Manuel Santos) က သေဆုံးသွားသူတွေအတွက် ၀မ်းနည်းကြောင်း ပြောဆိုပါတယ်။

ဒဏ်ရာရသူတွေကို အနီးဆုံး ဆန်တာ မာတာ (Santa Marta) မြို့ ဆေးရုံကို တင်ပို့ ကုသထားပါတယ်။

ဒေသခံလူမျိုးစုများအရေး အာဏာပိုင်တဦးက “ကိုလံဘီယာ တောင်တန်းဒေသတွေမှာ မိုးကြိုးပစ်မှုတွေ ရှိပေမယ့် အခုလို့ အင်အားပြင်းပြီး လူ ၁၀ ကျော် သေဆုံးသွားရတဲ့ အဖြစ်မျိုးတော့ သိပ်မတွေ့ဖူးဘူး။ ဆုတောင်းပွဲလုပ်နေတဲ့နေရာတည့်တည့်ကို မိုးကြိုးပစ်တာ” လို့ ပြောဆိုပါတယ်။

အစိုးရက အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့တဖွဲ့ကိုလည်း အဲဒီနေရာကို စေလွှတ်မယ်လို့လည်း သိရပါတယ်။

DVB

မှတ်ချက်များ