လူရုပ်အလောင်း အစုအပြုံလိုက် မက္ကဆီကို တောင်ပိုင်းမှာ တွေ့

စနေနေ့က Mexico နိုင်ငံ၊ မြို့တော်တောင်ပိုင်း ၁၂၅ မိုင်လောက်အကွာက Guerrero ပြည်နယ်အစွန်း Lguala ဒေသမှာ ရုပ်အလောင်းတွေ တွေ့ခဲ့ရပြီး ပြီးခဲ့တဲ့အပတ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခအပြီး ပျောက်ဆုံးနေ တဲ့ ကျောင်းသားတွေ ဖြစ်နိုင်တယ်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်း ၂၀ လောက်ကို စနေနေ့က ဂွာလာ (Lguala) ဒေသမှာ တွေ့ခဲ့ရတယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။ အရင် သီတင်းပတ်က ဂွာလာ ဒေသမှာ ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက် ရင်ဆိုင်မှုတွေရှိခဲ့ပြီး ဂွေရာယိုး ပြည်နယ်ထဲမှာ ရဲအရာရှိ ၂၂ ယောက်ကို ဖမ်းဆီး ခဲ့ပါတယ်။

ဆန္ဒပြ ကျောင်းသားငယ်တွေကို လိုတာထက် ပို အင်အားသုံး နှိမ်နင်းခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူ
တွေကို ပြည်နယ် အစိုးရ အာဏာပိုင်တွေက ဝေဖန် ပြောဆိုခဲ့ပါတယ်။

အလောင်းတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို စစ်ဆေးမယ့် ဒေသခံ အာဏာပိုင်တွေကို ကူညီဖို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိ သူတွေက ကျွမ်းကျင်သူတချို့ အဲဒီဒေသကို လွှတ်ပေးခဲ့ပါ တယ်။ Mexico နိုင်ငံက လုံခြုံရေးအဖွဲ့တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နှစ်တွေနဲ့ချီပြီး ကျူး လွန်ခဲ့တယ်လို့ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ခံနေရတဲ့နိုင်ငံ ဖြစ် ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

မှတ်ချက်များ