တောင်ကိုရီးယားဇတ်လမ်းတွဲများကြည့်မှု၊ ခြစားမှု တို့ဖြင့် အရာရှိ ဆယ်ဦးကို ကင်ဂျုံအန် ကွပ်မျက်
တောင်ကိုရီးယား ဇတ်လမ်းတွဲများကြည့်ရှုမှု၊ ခြစားမှုတို့ဖြင့် အလုပ်သမားပါတီမှ အကြီးတန်းအရာရှိ ဆယ် ဦးခန့်ကို ကွပ်မျက်ခြင်းဖြင့် သေဆုံးသွားပြီးဖြစ်သော ဦးလေးဖြစ်သူ၏ ကျန်ရှိနေသော သြဇာကို မြောက်ကို ရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား ဥပဒေပြု အမတ်၏ လက်ထောက်တစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
ကွပ်မျက်ရေးတပ်ဖွဲဖြင့် ပစ်ခတ်ကွပ်မျက်မှုမှာ ကင်ဂျုံအန်၏ နောက်ဆုံးအကျော့ သန့်စင်မှု ဖြစ်သည်ဟု
တောင်ကိုရီးယားအဏာရပါတီ Saenuri Party မှ ဥပဒေပြုအမတ် လီချီအိုလ်ဝူး၏ လက်ထောက်တစ်ဦးဖြစ် သူ လင်ဒယ်ဆောင်က ပြောကြားခဲ့သည်။
လီချီအိုလ်ဝူးသည် အောက်တိုဘာ ၂၇ ရက်က ဆိုးလ်မြို့တွင် ပြုလုပ်ခဲ့သော အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့၏ ရှင်းလင်းတင်ပြပွဲသို့ တက်ရောက်ခဲ့သည်။
ကွပ်မျက်ခံရသည့် အရာရှိများမည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် ကွပ်မျက်ကြောင်းကိုမူ လီက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
Yangon Media Group

မှတ်ချက်များ