“နားလည်ပေးပါကို” တစ်ကိုယ်တော် စီးရီး သီဆိုသူ အဆိုတော် သရုပ်ဆောင် သန္တာဗိုက အချစ်ရေး နဲ့ ပတ်သက်ပြီး အေးအေးဆေးပါ ပဲလို့ပြောပါတယ်။ သန္တာဗို နဲ့ တွေ့ ဆုံခိုက် သူရရှိ ထားတဲ့ အချစ်တွေ နဲ့ပတ်သက်ပြီး “၅၂၈ အချစ်ကတော့ ပြောပြလို့ မကုန်
အောင်အမှတ်တရတွေ၊ ပျော်စရာတွေ ကြည်နူးစရာ
တွေ အများကြီးပဲ။
၁၅ဝဝ အချစ် နဲ့ ပတ်သက်ပြီး အေးဆေးပါပဲ။ အခု လတ်တလောမှာ အချစ်နဲ့ ပတ် သက်ပြီး စိတ်ချမ်းသာ မှုတွေ ကတော့ များပါတယ်။ စိတ်ဆင်းရဲ၊ စိတ်ညစ်စ ရာကတော့ တစ် ခဏပါ” လို့ပြောပြခဲ့ပါတယ်။
အချစ်လို့ ဆိုရင် ပျော်ရွှင်မှုနဲ့ စိတ်ညစ်မှုက ဒွန်တွဲနေ တယ် ဆိုတာကော လက် ခံလား မေးကြည့်တော့ “အ ချစ်လို့ ဆိုရင် ပျော်ရွှင်မှု နဲ့ စိတ်ညစ်မှုက တိုက်ရိုက် အ ချိုး ကျတယ်။ တစ်ခါတလေ ကျတော့လည်း ရန်ဖြစ် လိုက်၊ ပြန်ချစ် လိုက်ကြတာပါပဲ။ တကယ် ချစ်ကြတယ် ဆိုရင် ရန်ဖြစ်ပြီး မပြတ်နိုင် ဘဲပြန်ချစ်ကြ တာပါပဲ” လို့
ပြောပြ ခဲ့ပါ တယ်။
အချစ်ရေးမှာ ပျော်ရွှင်မှု၊ စိတ်ညစ်မှုတွေ ခံစားဖူးသူ ဆိုတော့ ချစ်သူဆီက လုံးဝ မမေ့နိုင်တဲ့ အမှတ်တရ ဆိုတာကော ရှိလားလို့ မေးကြည့်တော့ “ချစ်သူများနေ့ မှာ သူပေး တဲ့ လက်စွပ်က ဘဝမှာ အမှတ်တရပါ ပဲ။ မြတ်လည်း မြတ်နိုးတယ် တန်ဖိုး လည်းထားတယ်”လို့ ပြောပြခဲ့ပါတယ်။ အခု အချစ်ရေးက သာယာနေ ပြီ ဆိုတော့ စိတ်ပူ ပေး ကြ တဲ့ ပရိသတ်တွေ အတွက် အနု ပညာနဲ့ ပတ်သက်ပြီး ဘာတွေ လုပ် နေလဲဆို တာလည်း သိချင်ပါ တယ်လို့ ဆက်မေးတော့ “ပရိ သတ်တွေကို ကျေးဇူးတင်ပါ တယ်။
သန္တာ အခု အနုပညာ အလုပ်ကတော့ သီချင်းပဲ ဆို ဖြစ်တယ်။ ပြက္ခဒိန် ရာသီဆိုတော့ လေးငါးခုလောက် ရိုက်ဖို့ ကမ်းလှမ်း ထားတယ်။ တစ်ကိုယ်တော် အခွေ အတွက် ဗီစီဒီ ထွက်နိုင်အောင်လည်း လုပ်နေပါ တယ်။ပရိသတ်တွေ ကို အထူးပြောပြစရာ ရှိတာက တော့ “သန္တာရဲ့ ‘နားလည်ပေးပါ…ကို’ စီးရီးမှာ သန္တာ ချစ်သူနဲ့ အတူ သရုပ်ဆောင် ဖို့ စဉ်းစားထားတာ ရှိတယ်။ နှစ်ယောက်တွဲ ရိုက်ဖို့ ရှိပါတယ်” လို့ပြောပြခဲ့ပါ တယ်။
Popular Journal

မှတ်ချက်များ