ကား ပါကင်ထိုးကျွမ်းကျင်သူတဦးရဲ့ အစွမ်း

တရုတ်နိုင်ငံအရှေ့တောင်ဘက် ကမ်းခြေ Fujian နယ်က အမျိုးသားတယောက်ဟာ ကား ပါကင် ထိုး တဲ့နေရာမှာ အလွန်ကျွမ်းကျင်သူတယောက်လို့ ပြောရမှာပါ။

ဓာတ်ပုံ- shanghaiist.com
သူက အရှည်အားဖြင့် ၅ မီတာနီးနီး၊ အကျယ်အားဖြင့် ၁.၈၂ မီတာသာ ရှိတဲ့နေရာမှာ ကားကို ထုတ်လိုက် သွင်းလိုက် ပါကင် ထိုးပြပါတယ်။

သူက မျက်မြင်သက်သေတွေရှေ့မှာ ကားတစီးသာ နေရာမှာ ဘေးတိုက် Parking လုပ်ပြတာပါ။ ကင်မရာ သမားတွေလည်း ၀ိုင်းပြီး သူ့ရဲ့ ကားပါကင် ထိုးမှု ပညာအစွမ်းကို မှတ်တမ်းတင်ကြပါတယ်။

ဒီလို လူအများရှေ့မှာ တကြိမ်တည်း မဟုတ်ဘဲ အကြိမ်ကြိမ်ပဲ ကားပါကင်ထိုးပြပါတယ်။

သူ့နာမည်က ချန်း လို့အမည်ရပြီး အသက် ၃၁ နှစ်ရှိတယ်လို့ တရုတ်သတင်း( shanghaiist.com) တပုဒ် မှာ ရေးပါတယ်။

စီးပွားရေး ဖွံ့ဖြိုးလာတဲ့ တရုတ်နိုင်ငံမှာ ကားစီးသူတွေလည်း ပိုများလာသလို ကား ရပ်နားဖို့ နေရာအခက် အခဲတွေ လည်း ရှိလာပြီး နေရာကျဉ်းကျဉ်းလေးမှာ ကား ပါကင်ထိုးတတ်အောင် လုပ်ဖို့ လိုအပ်နေပြီလို့ ဆိုရမှာပါ။

အခုလို ကားပါကင်ထိုးတာကျွမ်းကျင်သူအဖို့ အဲဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်မှာကတော့ အသေ အချာပါ။

ရန်ကုန်မြို့မှာတော့ ယာဉ်ကြောပိတ်ဆိုမှုတွေက ခရီးသွားတွေအတွက် အလွန်အခက်အခဲဖြစ်နေကြသလို ကား ပါကင်ထိုးဖို့အတွက်လည်း အခက်အခဲတွေက ပိုဆိုးလာနေပါတယ်။

ဒီလို ကားပါကင် ထိုးကျွမ်းကျင်သူမျိုးလည်း မြန်မာနိုင်ငံမှာ ရှိကောင်းလည်း ရှိနေနိုင်သလို အခက်အခဲတွေ ကို ကျော်လွှားဖို့ ကြိုးစားရင်းလည်း ကျွမ်းကျင်သူတွေ တိုးပွားလာနိုင်ပါတယ်။






အိမ့်သံစဉ်

မှတ်ချက်များ