ရေးအခြေနေမှာ ဆိုး ရွားနေခြင်းဖြစ်နိုင်ကြောင်းနှင့် အဆိုပါ အခြေအနေက မြောက်ကိုရီးယား နိုင်ငံရေး တည်ငြိမ်မှုများအပေါ်ခြိမ်းခြောက်မှု ဖြစ်စေကြောင်း ကိုရီးယား ဟာရက်ဒ် သတင်းတစ်ရပ်တွင် အောက်တို ဘာ ၁၃ ရက်က ဖော်ပြထားသည်။
![]() |
| ကင်ဂျုံအွန်အား ယခုနှစ်ဇူလိုင်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အီးပီအေ) |
ကင်ဂျုံအွန်အား မြောက်ကိုရီးယား ရုပ်သံတွင် စက်တင်ဘာ ၃ ရက်မှ စတင်ကာ မမြင်တွေ့ ရတော့သော
ကြောင့် တောင်ကို ရီးယားနိုင်ငံ၏နိုင်ငံရေးအသိုင်းအ၀ိုင်းများတွင် ကင်၏ကျန်းမာရေး အခြနေ နှင့်ပတ်သက် ၍ ကောလဟလများ ထွက်ပေါ်နေခြင်းဖြစ်သည်။
ကြောင့် တောင်ကို ရီးယားနိုင်ငံ၏နိုင်ငံရေးအသိုင်းအ၀ိုင်းများတွင် ကင်၏ကျန်းမာရေး အခြနေ နှင့်ပတ်သက် ၍ ကောလဟလများ ထွက်ပေါ်နေခြင်းဖြစ်သည်။
အသက်၃၁နှစ်ခန့်ရှိပြီဖြစ်သော ကင်သည် ခွဲစိတ်မှုကိုခံယူပြီးနောက် ဦးနှောက်တစ်ခုလုံးနီးပါ သေခဲ့ခြင်း
ကြောင့် အိပ်ယာထဲလှဲလျက်ရှိပြီး အုပ်ချုပ်မှုများကို ထိပ်တန်း အရာရှိများဖြစ်သော ချိုယောင်ဟီ ၊ ဟောင်ပြုံး ဆိုနှင့် ကင်ယောင်ဂွန်တို့က ဆောင်ရွက်လျက်ရှိကြောင်းနှင့်အဆိုပါ အခြေအနေက မြောက်ကိုရီးယားအ ထက်တန်းလွှာလူတန်းစားများကြားထဲတွင် နိုင်ငံရေးအရ တိုက်ခိုက်မှုများကို တိုးမြှင့်စေကြောင်း ကောလ ဟာလသတင်းများထွက်ပေါ်လျက်ရှိသည်။
ကင်ဂျုံအွန် ပျောက်ကွယ်နေရခြင်းမှာ အာဏာသိမ်းမှု တစ်ရပ်ဖြစ်ကြောင်းလည်း အချို့က ပြောကြားလျက်ရှိ သည်။
မကြာသေးမီကပြုလုပ်သော KBSနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ကင်ဂျုံအန်၏အခြေနေမှာ
ကောင်းမွန်ကြောင်း ကိုရီးယားနိုင်ငံရေး ရာမြောက်ကို ရီးယားထိပ်တန်းအရာရှိကင်ယောင်ဂွန်၏ပြောကြား ချက်ကို ကိုးကား၍တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးရာဂေးဂျီက ပြီးခဲ့သည့်သီတင်းပတ် တွင်ပြောကြားသည်။
အောက်တိုဘာ ၁၀ရက်ကပြုလုပ်သာ မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရအလုပ်သမားပါတီ တည်ထောင်
ခြင်းနှစ်ပတ်လည်နေ့အခမ်းအနားတွင် ကင်ပျက်ကွက်ခဲ့ခြင်းက မြောက်ကိုရီးယားနိုင်ငံ အနာဂတ်နိုင်ငံရေး ရာ အခြနေအပေါ် စိုးရိမ်ပူပန်မှုများကိုကိုမြှင့်တက်စေခဲ့သည်။
mizzima

မှတ်ချက်များ