အိမ်ပြေးဘဝ၊ ISIS ရဲ့ ကြော်ငြာပိုစတာဘဝနဲ့ Chenchen တိုက်ခိုက်ရေးသမားတွေရဲ့ ဇနီးဘဝထိရောက်ရှိပြီး ကိုယ်ဝန်ရလာတဲ့အခါ နေအိမ်ပြန်လာချင်တဲ့ သြစတြေးလျ ဆယ်ကျော်သက်နှစ်ဦး
Samra Kesinovic အသက် (၁၇)နှစ်နဲ့ Sabina Selimovic အသက် (၁၅)နှစ် တို့နှစ်ဦးက အလာ(Allah)အ တွက် အသက်ပေးအစေခံဖို့ သွားကြပြီဖြစ်သည့်အတွက် မိဘတွေကို လာရောက်တွေ့ဆုံတော့မှာ မဟုတ်
ကြောင်း မှတ်စုတစ်ခုမှာ ဖော်ပြပြောဆိုထားပြီး သန့်ရှင်းသောစစ်ပွဲ (holy war) ခေါ် စစ်ပွဲကို ပါဝင်ဆင်နွှဲဖို့ ဧပြီလက Vienna ကို စွန့်ခွာခဲ့ကြတယ်။
ဒါပေမယ့် သူတို့နှစ်ဦးဟာ အီစလမ်ထောက်ခံရေးဝါဒီအဖွဲ့အတွက် တခဏချင်းဆိုသလို ကြော်ငြာပိုစတာ
ပေါ်ကို ရောက်ရှိသွားခဲ့ကြပါတယ်။ သူတို့ ဟာ Chenchen တိုက်ခိုက်ရေးသမားနှစ်ဦးနဲ့ လက်ထပ်ခဲ့ကြပြီး ကိုယ်ဝန် ရသွားပြီးတဲ့နောက်မှာတော့ နေအိမ်ကို ပြန်လိုကြောင်း ဖွင့်ဟလာခဲ့ကြပါတယ်။
ခုလိုတောင်းဆိုကြပေမယ့် ပြန်လာဖို့ ဖြစ်နိုင်ချေမရှိကြောင်း သြစတြေးလျအတွင်းရေးဆိုင်ရာပြောရေးဆို ခွင့်ရှိ သူတစ်ဦးက ပြောဆိုခဲ့ပါတယ်။
အဓိကပြဿနာအရင်းအမြစ်မှာ သြစတြေးလျနိုင်ငံကို ပြန်လာတဲ့ လူတွေနဲ့ပတ်သက်နေလို့ဖြစ်ပါတယ်။ သူတို့ထွက်သွားတဲ့အချိန်ကတည်းက ဒါမဖြစ်နိုင်တော့တဲ့ကိစ္စပဲ လို့ Karl-Heinz Grunboeck ကပြောတယ်။
ဆီးရီးယားမြောက်ပိုင်းမှာရှိတဲ့ Isis ရဲ့ တရားဝင်ကြေငြာထားတဲ့ မြို့တော် Raqqa ကို ခြေချလိုက်တဲ့အချိန်မှ စလို့ အကြမ်းဖက်အုပ်စုအတွက် ထိရောက်တဲ့ ဝါဒဖြန့်အသုံးတော်ခံအဖြစ် သူတို့ နှစ်ဦးဟာ မီဒီယာအ
ကောင့်တွေပေါ် ရောက်ရှိကြပြီး ပြုံးရွှင်သောမျက်နှာနဲ့ ရိုးရာဝတ်စုံတွေကိုကို ဝတ်ဆင်ထားခဲ့ကြပါတယ်တဲ့။
ဒါ့အပြင် သတင်းအစီရင်ခံစာ မပေါ်ထွက်လာခဲ့ပေမဲ့ အဲဒီအမျိုးသမီးနှစ်ဦးထဲတစ်ဦးဟာ သေဆုံးသွားခဲ့ပြီလို့ လည်း သတင်းထွက်လာပါတယ်။
Trend Myanmar

မှတ်ချက်များ