အဖြေရှာမရသည့် ရိုလာကိုစတာ စီးရင်း ဇက်ကျိုးမှု
အင်္ဂလန်နိုင်ငံ ဘလက်ပူးလ် မြို့တွင် အသက် ၅၈ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးမှာ ရိုလာကိုစတာ စီးရင်း မည်သို့မည်ပုံ ရရှိခဲ့မှန်း မသိနိုင်သည့် ထူးဆန်းသည့် ဒဏ်ရာကြောင့် ဇက်ကျိုးကာ အကြောသေ သွားခဲ့ သည်။
ရောဘတ် ဆိုင်ကာမိုး အမည်ရှိ လူတစ်ဦးသည် သူ၏ ဘ၀တစ်သက်တာတွင် ပထမဆုံး အကြိမ်အဖြစ် ရို လာကိုစတာ စီးရန် အတွက် မြေးတစ်ဝမ်းကွဲ ဖြစ်သူ အသက် ၁၃ နှစ်အရွယ်ရှိ ဟယ်ရီပါလာကို အဖော်ခေါ် ကာ သွားခဲ့ခြင်း ဖြစ်သည်။ ရိုလာကိုစတာ စတင် စီးနင်း ချိန်တွင် အကောင်းပကတိ ရှိနေခဲ့သည့် ဆိုင်ကာမိုး သည် မူလ စထွက်နေရာသို့ ရိုလာကိုစတာ ပြန်ဝင်ချိန်တွင်မူ ရိုလာကိုစတာ၏ ခြေနင်း ကြမ်းပြင်တွင် ခွေ
ခေါက် နေခဲ့ပြီ ဖြစ်သည်။ ယင်းသို့ တွေ့ရှိရ ချိန်တွင် သူ၏ လည်ပင်းရိုး မှာလည်း ကျိုးနေခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင်မူ ဆိုင်ကာမိုးမှာ ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားနိုင်ခြင်း မရှိတော့ပဲ အသည်းနှင့် နှလုံးတို့ အလုပ် လုပ် စေရန် စက်ပစ္စည်းများ၏ အကူအညီကို ယူနေရပြီ ဖြစ်သည်။
ရောဘတ် ဆိုင်ကာမိုးနှင့် အတူ ရိုလာကိုစတာ အပေါ်သို့ ပါသွားခဲ့သည့် မြေးဖြစ်သူ ဟယ်ရီပါလာ၏ ဖခင် ဒါရင်း ပါလာက “ကျွန်တော့် သားလေးက သူ့အဖိုး နဲ့အတူ ရိုလာကိုစတာ အပေါ်ကို ပါသွားတာ။ ပြန်လာချိန် မှာ တစ်ကယ့်ကို အထိတ်တလန့် ဖြစ်ပြီးတော့ ပြန်လာတယ်။ ကျွန်တော် ကြည့်လိုက်တော့ သူ့အဖိုးက တွဲရဲ့
အောက်ခြေမှာ လဲလို့။ သူ့နားရွက်က ပုခုံးနဲ့ ထိနေပြီ။ လည်ပင်းက ကျိုးနေပြီး ကြွက်သားတွေ အကုန်လုံး
လျော့လျဲနေပြီးတော့ လူက ပျော့ခွေ နေတာပဲ။ ဒါနဲ့ ကျွန်တော် တွဲပေါ်ကို ပြေးတက်သွားတယ်။ ရောဘတ် က သူ့ခေါင်းကို ကိုင်ထားပြီး လုံးဝ မလှုပ်တော့ဘူး။ အရေးပေါ် အကူအညီ ပေးရေး အဖွဲ့တွေလည်း ဒီလို အခြေအနေမှာ သူအသက်ရှင် နေတာကို အရမ်းအံ့သြ နေကြတယ်” ဟု ပြောကြားခဲ့သည်။
ယခုမတော်တဆမှု ဖြစ်ပွားခဲ့သည့် ရိုလာကိုစတာ ကြီးမှာ ၁၉၃၅ ခုနှစ်က ဒီဇိုင်းထွင် ခဲ့ခြင်း ဖြစ်ပြီး ယင်းဒီ ဇိုင်းမျိုး ကမ္ဘာပေါ်တွင် သုံးခုသာ ရှိတော့သည်။ နှစ်ပေါင်း ၈၀ ကျော် သက်တမ်းရှိပြီ ဖြစ်သည့် ယင်းရိုလာကိုစ တာ ကြီးမှာ ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့်သာ တစ်ကြိမ် ပိတ်ထားခဲ့ဖူးသည်။
mizzzima

မှတ်ချက်များ