ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံမည်


နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အပါအဝင် ထိပ်တန်းခေါင်းဆောင် များ လာမည့်အောက်တိုဘာ ၃၁ ရက် တွင် သမ္မတ အိမ်တော်၌ ပထမဦးဆုံး တွေ့ဆုံကြမည်ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်
တော်ဥက္ကဋ္ဌနှင့် ကာကွယ်ရေးဦးစီး ချုပ်တို့က ဖိတ်ကြား ထား သူတို့နှင့် လက် ခံတွေ့ဆုံမည်ဖြစ်သည်။ တပ် မတော် ပိုင်းက ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်လည်း ပါဝင် မည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ဖိတ်ကြား စာတွင် ဒေါ်အောင်ဆန်းစုကြည်သာမ က ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ရှမ်းပါတီကြီးနှစ်ခု တို့မှ ခေါင်း ဆောင်များ လည်းပါ ဝင် သည်ဟု ဖိတ်ကြားလွှာအရသိရသည်။ ဒေါ်
အောင်ဆန်းစုကြည်နှင့် ကာ ချုပ်တို့ တွေ့ဆုံမှုကို နိုင်ငံတော်အကြီး အကဲ သမ္မတက ဦးဆောင် မည်ဖြစ်ပြီး
ဆွေးနွေး သွား မည့် အကြောင်းအရာတို့ ကိုမူ နိုင်ငံတော်သမ္မတရုံးနှင့် တပ်ပိုင်း ဆိုင်ရာကအသေးစိတ် မပြောသေးပေ။

လက်ရှိတွင် နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းဖြစ်နေချိန်၊ ငြိမ်းချမ်း ရေးဆိုင်ရာ ပြဿနာရှိနေချိန်၊ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုံးပန်း နေချိန်၊ ရွေးကောက် ပွဲကျင်းပရေးဆိုင် ရာစနစ် အငြင်းပွားနေချိန်၊ပုဒ်မ
၄၃၆ ပြင်ဆင်ရေး အရှိန်မြင့်လာချိန်နှင့် အလွတ်တန်းသတင်းထောက် ကိုပါကြီး သေဆုံးမှုဖြစ်စဉ် စသည်တို့
ဖြစ်နေချိန်တွင် ယခုကဲ့သို့တွေ့ဆုံမှုက ကောင်းမွန် သည့် အဖြေတစ်ခုရှိလာရန် အခွင့်အရေးတစ် ခုဟု မြန် မာ့နိုင်ငံရေး လေ့လာ နေသူတစ်ဦးက ပြောသည်။ မြန်မာ့နိုင်ငံရေး အကျပ် အတည်း ကို ကျော်လွှားနိုင်ရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် က သမ္မတကြီး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး အပါအဝင် ကာကွယ်ရေးဦး စီးချုပ် တို့နှင့် တွေ့ဆုံရန်လွန်ခဲ့သောလများက တောင်း ဆိုခဲ့ဖူးသည်။

popular myanmar

မှတ်ချက်များ