အိမ်ခြံမြေ ဈေးကစားလျှင် အရေးယူမည်


အိမ်ခြံမြေအရောင်းအ ၀ယ်များတွင် ရင်းနှီးလုပ်ကိုင်နေ သည့် ငွေများမှာ တရားဝင်ငွေများဖြစ်ပြီး ငွေမည်း
ဖြင့် ၀ယ်ယူပြီး အိမ်ခြံမြေကို ဈေးကစားပါက အ ရေးယူနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးက
အောက်တို ဘာလ ၂၇ ရက်တွင် အမျိုးသား လွှတ်တော်အစည်းအဝေး၌ ပြော ကြားသည်။

အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်ရာတွင် ဈေးကစားသူများ ကို ဖော်ထုတ်ပြီး ထိရောက်သော အရေးယူ မှုများ ဆောင်ရွက်နိုင် ခြင်းရှိ၊ မရှိမေးခွန်းကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ မြတ်ဉာဏ် စိုးက မေးမြန်းရာ ဒုဝန်ကြီးက ပြန်လည်ဖြေကြား သွားခြင်း ဖြစ်သည်။

သို့သော် အိမ်ခြံမြေဈေး ကစားသူများကို ထိရောက်စွာ ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ မေး ခွန်းအပေါ် ဒုဝန်ကြီးက ဖြေကြားရာတွင် ကိုက်ညီမှု မရှိခဲ့ ပေ။ တရားမ၀င်ငွေဖြင့် အရောင်းအ၀ယ် ပြုလုပ် သူများ၊ အခွန်မ ဆောင်သူများကို အစိုးရက အရေး ယူထားသည့် အရေအတွက်ကိုမူ ထုတ်ဖော်ပြောဆို သွားခြင်း မရှိ ပေ။

အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်ရာ၌ ၀င်ငွေခွန်ကို တိမ်း ရှောင်ခြင်း၊ တရားမ၀င်ရရှိသော ငွေများကို အ သုံးပြု၍ အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်သူများရှိပါက ဥပဒေအရ အရေးယူနိုင်ကြောင်း ဒုဝန်ကြီးက ဆို သည်။

မြန်မာနိုင်ငံ၌ အိမ်ခြံမြေဈေး ကစားမှုနှင့် ပတ်သက်ပြီး အရေး ယူနိုင်သည့် ဥပဒေပြဋ္ဌာန်းထား ခြင်းမရှိ
သော်လည်း ၂၀၁၄ တွင် ငွေကြေးခ၀ါချမှု တိုက်ဖျက် ရေး ဥပဒေအရ အရေးယူနိုင် ကြောင်း ဒုဝန်ကြီးက
ပြောသည်။

‘‘အများစုက အခွန်ဆောင် ပြီး အရောင်းအ၀ယ်လုပ်နေတာ ချည်းပဲ’’ဟု စိုင်းခွန်နောင် အိမ်ခြံ မြေအကျိုး
ဆောင်လုပ်ငန်းရှင် ဦး စိုင်းခွန်နောင်က ပြောသည်။

ဈေးကွက်သဘောတရားအ ရ အရောင်းရှိပါက အ၀ယ်ရှိနေ သည့်ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ ၏ အိမ်ခြံ
မြေဈေးနှုန်းကြီးမြင့်နေ ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းများအားလုံးထဲတွင် အိမ်ခြံမြေ ကဏ္ဍမှာ ယခု အချိန် အမြတ်အများဆုံး ဖြစ်နေသည့် ကဏ္ဍဖြစ်သောကြောင့် ဈေးနှုန်းများ မြင့်တက်နေ ခြင်းဖြစ်ကြောင်း
ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

‘‘ငွေမည်းသမားတွေအတွက်ငွေဖြူလုပ်ချင်ရင် ဒီဈေးကွက်က အကောင်းဆုံးပဲ’’ ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က ဆိုသည်။ဈေးကစားမှုနှင့် အခွန်ရှောင် မှုများ မဖြစ်ပေါ်စေရန်ဆိုကာအစိုးရက ယခုလ ပထမ ပတ်မှ စ၍ကြိုပွိုင့်စနစ်ဖြင့် အိမ်ခြံမြေတိုက်ခန်းများ အရောင်းအ၀ယ်ဖြစ်ပါက ချက်ချင်း အခွန်ထမ်းဆောင် ရမည်ဖြစ်ပြီး နောက်ကျမှ အခွန်ထမ်းဆောင်မည်ဆိုပါက ကာလတန်ဖိုးအတိုင်း အခွန်စည်းကြပ်မှု ခံယူရ မည်ဖြစ်ကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိ ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်တွင် တန်ဖိုးကြီးအိမ်မြေ များမှာ အရောင်းအ၀ယ်မဖြစ်ဘဲ တန်ဖိုး နည်းအိမ်မြေများသာ အ နည်းငယ် အရောင်းအ၀ယ် ရှိ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ စုံစမ်း သိရသည်။

ပြည်တွင်း အိမ်ခြံမြေဈေး ကွက်သည် နိုင်ငံတော်အစိုးရ၏ စီမံကိန်းရှိသော နေရာများမှအပ ကျန်ဧရိယာ တွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အရောင်းအ၀ယ် အေးနေကြောင်း မြန်မာနိုင်ငံအိမ် ခြံမြေအကျိုး
ဆောင်အသင်းမှ သိ ရသည်။

မိုးညို | 7day



မှတ်ချက်များ