ဝန်ကြီးဌာနပိုင် စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်နေ


နိုင်ငံတော်ဘတ်ဂျက် ဖြင့် လုပ်ကိုင်နေသော ၀န်ကြီး ဌာနများအောက်ရှိ စီးပွားရေးလုပ် ငန်းများ ယခုဘ ဏ္ဍာနှစ်တွင် ကြိုတင်တွက်ချက်မှုများအရ အရှုံးပေါ်နေကြောင်း ဘဏ္ဍာအခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန် ကြီး ဦးဝင်းရှိန်က ပြောသည်။

အစိုးရဘတ်ဂျက်ကို အသုံး ပြုပြီး အရှုံးပေါ်သည့် ဌာနများမှာ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ ရုပ်ရှင်လုပ်ငန်း၊ သမ၀ါ ယမ၀န်ကြီးဌာနအောက်ရှိ သမ၀ါ ယမပို့ကုန်သွင်းကုန်လုပ်ငန်း၊ မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ မွေးမြူရေး၊ အစားအစာနှင့်နို့ထွက်ပစ္စည်းလုပ်ငန်း၊ လျှပ်စစ် ၀န်ကြီးဌာနအောက်ရှိ မြန်မာလျှပ် စစ်ဓာတ်အားပေးလုပ်ငန်း၊ စက်မှုဝန်ကြီးဌာနအောက်ရှိ အထည် လိပ်၊ စက္ကူနှင့် အိမ်သုံးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ သတ္တု တွင်းဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆားနှင့် အဏ္ဏ၀ါဗေဒလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့ ကုန်သွယ်မှုဘဏ် ၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ မီးရထားနှင့် ကုန်းလမ်းပို့ဆောင် ရေးတို့ ဖြစ်ကြသည်။

အစိုးရဘတ်ဂျက်ကို မသုံးဘဲ ပြင်ပမှ ဆောင်ရွက်နေသော အစိုးရ၀န်ကြီးဌာနအောက်ရှိ လုပ်ငန်းများတွင်
ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးဌာနမှာ အရှုံးပေါ်နေ သည်ဟု ဆိုသည်။

‘‘အခုစာရင်းတွေကတော့ ခန့်မှန်းပြန်ကြည့်တဲ့ စာရင်းတွေ ပါ။ စာရင်းမှန်တွေက စာရင်းစစ် ချုပ်ရုံးကထုတ် မှ ပိုပြီးတိကျမှန် ကန်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ဘဏ္ဍာအခွန်ဝန်ကြီးဌာန အောက်ရှိ မြန်မာ့စီးပွားရေးဘဏ် နှင့် မြန်မာ့ကုန်သွယ်မှုဘဏ်သည် ခန့်မှန်းပြန် ကြည့်စာရင်းတွင် အရှုံးပေါ်ခဲ့သော်လည်း စနစ်တကျစစ် ဆေးရာတွင် အမြတ်ပါရှိနေပြီး ယင်းသို့ဖြစ်ရခြင်း မှာ ငွေလဲနှုန်းအ ပြောင်းအလဲကြောင့်ဟု ဆိုသည်။

လက်ရှိအရှုံးအမြတ်စာရင်း မှာ အပြောင်းအလဲရှိနိုင်ပြီး အချို့ လုပ်ငန်းဌာနများမှာ အပြောင်းအ လဲများ၊ လုပ်ငန်းဖျက်သိမ်းမှုများ ရှိသဖြင့် လုပ်ငန်းအရေအတွက် များ ပြောင်းလဲနိုင်ကြောင်း ၎င်းက ပြောကြား သည်။

‘‘ဒီလိုပွင့်ပွင့်လင်းလင်းဆွေး နွေးတာကောင်းပါတယ်။ ဒါပေ မဲ့ တချို့ဒေတာတွေ ပြောင်းလဲ သွားနိုင်တာ ကိုတော့ လက်ခံထား ရမယ်’’ဟု သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။လက်ရှိအချိန် သည် စပ်ကူး မပ်ကူးအပြောင်းအလဲကာလဖြစ်သဖြင့် အချို့ကဥပဒေနှင့် အညီ လုပ်ကိုင်နေရသည့်အတွက် ဥပဒေကို စောင့်နေရတာမျိုးရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်။

ပြည်သိမ်း ၊ အောင်သူရ | 7day



မှတ်ချက်များ