iPhone များကိုပြင်ပသို့ရောင်းချမှုမပြုလုပ်ခင် Cupertino မှာရှိတဲ့ Apple Campus က iPhone ကိုယ် ထည်အစိတ်အပိုင်းများစမ်းသပ်ခန်းမှုအခန်းကဏ္ဍများကိုလိုက်လံပြသခဲ့တာဖြစ်ပါတယ်။ ဒီစမ်းသပ်ခန်း များမှာ iPhone များကိုအများပြည်သူသုံးအဖြစ် ဖြန့်ဖြူးရောင်းချမှုမပြုလုပ်ခင် ပြင်ပလက်တွေ့ဘ၀မှာ ကြုံတွေ့ရနိုင်တဲ့ ဖုန်းကိုလွတ်ကျမှုတွေ ၊ ဖုန်းကိုတက်ဖိမိတာတွေ ၊ ဖုန်းကိုဘေးတိုက်လိမ်ချိုးပြီးစမ်းသပ် တာမျိုးတွေ စတဲ့ပုံမှန်အခြေအနေအားဖြင့်အကြမ်းခံမှုရှိမရှိကိုစမ်းသပ်မှုများပြုလုပ်တာဖြစ်ပါတယ်။
" iPhone များကိုသေသပ်လှပမှု ၊ အကြမ်းခံမှုရှိအောင် Apple ရဲ့ Designer များ ၊ အင်ဂျင်နီယာများနဲ့ ဒီဇိုင်းရေးဆွဲတည်ဆောက်ပြီးမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ကြံ့ခိုင်မှုအပိုင်းမှာလည်း တကယ့် လက်တွေ့သုံးမှာ ဒီဖုန်းအပေါ်သာမန်သုံးအနေနဲ့ ဘယ်လောက်ထိခိုက်နိုင်မယ် ၊ Pressure သက်ရောက် မှုဘယ်လောက်ရှိနိုင်မယ်ဆိုတဲ့အတိုင်းအတာတစ်ခုနဲ့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
Apple အနေနဲ့သူ့ရဲ့ Facility တွေကိုပုံမှန်အားဖြင့် ပြင်ပလူတွေကိုထုတ်ဖော်ပြောဆိုပြသလေ့မရှိပါဘူး ။ ဒီနေ့ကျွန်တော်တို့ဒီကိုရောက်နေရတာကတော့ Apple ရဲ့ နောက်ဆုံးထုတ်ဖုန်းဖြစ်တဲ့ iPhone 6 မော် ဒယ်တစ်ချို့ ကွေးညွတ်တယ်ဆိုတဲ့သတင်းကြောင့်ဖြစ်ပါတယ်။ Apple ဟာ iPhone 6 မော်ဒယ်များကို ထုတ်လုပ်ရောင်းချမှုမပြုလုပ်ခင် ယခုစမ်းသပ်ခန်းများမှာ iPhone 6,6 Plus အလုံးရေပေါင်းသုံးသောင်းခန့် ကိုအမျိုးမျိုးစမ်းသပ်စစ်ဆေးခဲ့ပါတယ်။
စမ်းသပ်ကာလမှ ရလဒ်များကိုအခြေခံပြီး ဖုန်းရဲ့ပုံမှန်သုံးအားဖြင့် ဖိအားအများဆုံးခံရမယ့်နေရာများမှာ steel / titanium သတ္တုများနဲ့ Apple မှကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ anodized aluminum ၊ အလွန်အ ကြမ်းခံတဲ့ ion-strengthened glass တို့ ကိုအသုံးပြု ထားတာပါ။ သုံးစွဲသူတို့ရဲ့လက်ထဲသို့မပို့ခင် စမ်း သပ်မှု ရာပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။ ပုံမှန်သုံးအခြေအနေမျိုးနဲ့သုံးစွဲနေသူတွေအတွက် ဖုန်းကကွေး ညွတ်သွားဖို့ဆိုတာလုံးဝရှားပါးတဲ့အခြေအနေမျိုးပါ" လို့ Apple ရဲ့ senior vice president ဖြစ်တဲ့ Phil Schiller ကပြောပါတယ်။
"iPhone 6 Plus များကိုလက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ရာမှာအဆင့်သုံးဆင့်ဖြင့်အဓိကစမ်းသပ်စစ်ဆေး ပါတယ်။ ယင်းအဆင့်တွေထဲမှာ Sit Test လို့ခေါ်တဲ့စမ်းသပ်မှုလည်းပါဝင်ပါတယ်။ ဖုန်းကို skinny jeans ထဲထည့်ပြီး ထိုင်နေတဲ့နေရာမျက်နှာပြင် အပျော့ ၊ အမာ စတာတွေကိုအခြေခံပြီးအကုန်စမ်းသပ်စစ်ဆေး ထားပါတယ်။ ဖုန်းကိုတည်ဆောက်ထားတဲ့နေရာမှာ အကြမ်းခံ ၊ ရေရှည်ခံနိုင်ဖို့အတွက် အရေအသွေး အမြင့်ဆုံးဆိုတဲ့ပစ္စည်းအစိတ်အပိုင်းများကိုသာအသုံးပြုထားပါတယ်။
သာမန်အခြေအနေလောက်နဲ့ဖုန်းကကွေးညွတ်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး ။ ဖုန်းကိုတမင်ကွေးညွတ်
အောင်ချိုးမယ်ဆိုရင်တော့ iPhone မှမဟုတ်ဘူး ၊ မည်သည့်ဖုန်းမဆိုပုံပျက်ပန်းပျက်ဖြစ်သွားမှာပါပဲ" လို့ Apple မှ Hardware Engineer တစ်ဦးဖြစ်တဲ့ Dan Riccio ကပြောပါတယ်။
Apple မှထုတ်ပြန်တဲ့ကြေညာချက်မှာလည်း ဖုန်းအလုံးရေ ၁၀ သန်းကျော်ရောင်းချပြီးတဲ့အထဲက ဖုန်းကွေး ညွတ်သွားတယ်လို့ဆက်သွယ်ပြောဆိုလာသူ Customer အရေအတွက်ဟာ ကိုးယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
Thet Naing Soe (Myanmar Mobile App Store)

မှတ်ချက်များ