ရိုးတွင်းချဉ်ဆီအတွက် ဆေးတစ်ခွက်လဲဖြစ် ဟင်းတစ်မျိုးအဖြစ်နဲ့ စားသုံးနိုင်မဲ့ ရုံပတေသီးဆီပြန်
ရုံပတေသီးကို ခရမ်းချဉ်သီး၊ မဆလာ၊ တို့နဲ့ ဆီပြန်လေး ချက်ထားတာပါ။ ချက်ရတာလည်း လွယ်ပြီ အရ သာ ကောင်းမွန်တဲ့ ဟင်းတခွက်မို့ ခုပဲ လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
ရုံပတေသီး – ၈တောင့်
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၃ပုံ
မုန့်ညှင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
နံနံပင် (အနည်းငယ်)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ရုံပတေသီးကို ရေစင်အောင်ဆေးပြိ ၃ပိုင်းပိုင်းဖြတ်ပါ။
၂။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်နီ ထည့်၊ နွှမ်းသည်အထိ ဆီပူထိုးပေးပါ။
၃။ ပြီနောက် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ မုန့်ညှင်းစေ့ တို့ကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။
၎။ ပြီလျှင် ခရမ်းချဉ်သီး ထည့် ၁မိနစ်ရောမွှေ။ ရုံပတေသီးထည့် နောက်ထပ် ၂မိနစ်ခန့် ရောမွှေပါ။
၅။ ရေ(ခွက်တ၀က်)၊ ဆား၊ ငရုတ်ကောင်းမှုန့် ထည့်ပြီ မီးအတင့်သင့်ဖြင့် အဖုံးအုပ်ကာ တည်ထားပေးပါ။
၆။ ဆီပြန်လာလျှင် မဆလာဖြူး၊ နံနံပင်အုပ်ကာ မီးပိတ်လိုက်ပါ။ ရ။ အရသာရှိသော ရုံပတေသီး ဆီပြန် ဟင်းကို ဟင်းရံအဖြစ် သုံးဆောင်နိုင်ပါပြီ
Wutyee Food House

မှတ်ချက်များ