ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း အနိမ့်ဆုံးထိုးကျ


၃ နှစ်အတွင်း ရေနံစိမ်းဈေးနှုန်း အနိမ့်ဆုံးထိုးကျခဲ့လို့ စားသုံးသူတွေက မကြာခင် ကျရောက်မယ့် အားလပ် ရက် ဈေးဝယ်အစီအစဉ်တွေကို အားပေးလိမ့်မယ်လို့ ဈေးကွက် သုံးသပ်သူတွေက ဆိုပါတယ်။

ကမ္ဘာ့ရေနံစိမ်းဈေးဟာ ဇွန်လက အမြင့်ဆုံးဈေးတက်အပြီး ခုတော့ ၂၅ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့တာပါ။ ဒါဟာ တဦးချင်းစားသုံးသူတွေအတွက် ပျော်စရာဖြစ်ပေမယ့် အထူးသဖြင့် မြောက်အမေရိကန် နုံးကျောက်
ရေနံကွင်းတွေက ဈေးကွက် ဖြန့်ဖြူးမှုကိုတော့ ထိခိုက်စေမှာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဥရောပက ဈေးကွက်ဝယ်လိုအားကိုလည်း အားနည်းစေမှာပါ။ မြောက်အမေရိကမှာ အလျှံပယ်
ဖြန့်ဖြူးမှုကြောင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းကလည်း ကျဆင်းနေပါတယ်။

မြောက်အမေရိက နုံးကျောက်တွေထဲက ရေနံထုတ်လုပ်မှုကြောင့် ဆော်ဒီအာရေဗျက ဖောက်သည်တွေကို
ပြန်စုစည်းနိုင်ရေး ရေနံဈေးနှုန်းချပေးဖို့ တွန်းအားဖြစ်ခဲ့တယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက အစီရင်ခံထားပါတယ်။

DVB


မှတ်ချက်များ