မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ဖွင့်ချိန်၊ ပိတ်ချိန် ပြောင်းလဲ

မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ရွှေသင်္ကန်းကပ်လှူနေကြစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ဖွင့်ချိန်၊ ပိတ်ချိန်ကို ဆောင်းတွင်း ကာလ ရောက်လာပြီဖြစ်၍ တန်ဆောင် မုန်းလပြည့်ကျော် ၁ ရက် (နိုဝင် ဘာ ၇ ရက်)မှ စတင်ကာပြောင်း လဲသတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

မဟာမုနိစောင်းတန်း တံခါး များ ဖွင့်ချိန်ကို ယခင်နံနက် ၄နာရီမှ နံနက် ၄ နာရီခွဲသို့လည်းကောင်း၊ ညပိတ် ချိန်ကို ည ၉ နာရီမှ ည ၈ နာရီသို့လည်းကောင်း ပြောင်းလဲလိုက်ကြောင်း မဟာမုနိဘုရား ကြီး ဂေါပကအဖွဲ့ မှ သတင်းထုတ်ပြန်သည်။

‘‘ရာသီဥတုကလည်း ပြောင်း လာတယ်။ နည်းနည်းလေး အေး လာလို့ ပြောင်းလိုက်တာပါ’’ ဟု ဂေါပကအ ဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်ကပြောသည်။

အချိန်ပြောင်းလဲသတ်မှတ် မှုကို တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှ တပေါင်းလပြည့်နေ့အ ထိ လေးလ ကြာသတ်မှတ်သွားမည်ဖြစ်ပြီး ဆောင်းရာသီလွန်ချိန်တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဟုဆိုသည်။

မန္တလေးမြို့ရှိ မဟာမုနိ ဘုရားကြီးသို့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ နေ့စဉ်သောင်းချီ လာရောက်ဖူးမြော်
လေ့ရှိသည်။ နေ့စဉ် နံနက်အရုဏ်တက်နှင့် ညနေဆည်းဆာချိန်များတွင် ပိုမိုစည်ကားလေ့ရှိပြီး စနေ၊ တန  င်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင် လူဦးရေသိန်းဂဏန်းခန့် လာရောက်ဖူးမြော်လေ့ရှိကြောင်း မဟာမုနိဘု ရားကြီး ဂေါပကအဖွဲ့မှ သိရ သည်။

ညီညီဇော် | 7day


မှတ်ချက်များ