ပြင်သစ်တွင် မသန်စွမ်းဂေဟာပေါ် တိုယ်လေယာဉ်ပျက်ကျပြီး လူတစ်ဦးသေဆုံး
ပြင်သစ်နိုင်ငံတွင် မသန်စွမ်း ဂေဟာတစ်ခုပေါ်သို့ တိုက်လေယာဉ်တစ်စီး ပျက်ကျပြီးနောက် လူတစ်ဦး သေ ဆုံးခဲ့ကြောင်း သိရှိရသည်။
ပြင်သစ်မီဒီယာများက ဒီဇင်ဘာ ၁၀ ရက်၊ ညနေပိုင်းတွင် Alpha ဂျက်တိုက်လေယာဉ် တစ်စီးသည် လေ့ ကျင့်ပျံသန်းနေရင်း ဗူဗရေးမြို့ပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
လေယာဉ်မှူး နှစ်ဦးစလုံးသည် လေထီးဖြင့် ခုန်ထွက်လွတ်မြောက်ခဲ့ပြီး အထိအခိုက် မရှိခဲ့ကြောင်း လေတပ် က အတည်ပြုသည်။ သို့သော်လည်း မြေပြင်ပေါ်တွင် ရှိနေသူတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူအချို့ ရှိခဲ့သ လို တစ်ဦး၏ အခြေအနေမှာ ပြင်းထန်ကြောင်း သိရသည်။
ဂေဟာတွင် နှစ်ပေါင်းအတန်ကြာ နေထိုင်ခဲ့သူ အသက်(၆၃)နှစ်အရွယ် အမျိုးသားကြီး တစ်ဦးမှာ လေ ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး မာရီဆိုလ် တူအာရင်က ဆိုသည်။ ၎င်းသည် အခင်းဖြစ်ရာ နေရာသို့ ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့သည်။
လေယာဉ်သည် အမျိုးသမီးများ စု၍နေထိုင်သည့် အဆောက်အအုံ တစ်ခုကိုလည်း ထိခိုက်စေခဲ့ကြောင်း သိရသည်။ လေယာဉ်မှူးက စက်ချွတ်ယွင်းသွားချိန်တွင် မြေပြင်ပေါ်ရှိ မှောင်မည်းနေသော နေရာတစ်ခုကို လူသူကင်းရှင်းသည်ဟု ယူဆဆုံးဖြတ်ကာ ဦးတည်စိုက်ဆင်းစေခဲ့ကြောင်း ပြောကြားခဲ့သည်။
လေတပ်၏ အဆိုအရ လေ့ကျင့်ပျံသန်းနေသည့် လေယာဉ်ပေါ်တွင် အမောင်းသင် လေယာဉ်မှူးနှင့် နည်း
ပြဖြစ်သူတို့ လိုက်ပါလာကြောင်းလည်း သိရှိရသည်။
7day

မှတ်ချက်များ