အမေရိကန်ရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် Hunger Games ဆက်လက်ရပ်တည်နေ


မင်းသမီးချော ဂျနီဖာလောရန့် ပါဝင်သရုပ်ဆောင်ထားတဲ့ The Hunger Games : Mockingjay - Part 1 ဇာတ်ကားဟာ အမေရိကန် မြောက် ပိုင်းမှာ ဝင်ငွေအကောင်းဆုံးဇာတ် ကားအဖြစ် သုံးပတ်ဆက်တိုက် ရှိနေ တယ်လို့ ယမန်နေ့က ထုတ်ပြန်သော စာရင်းအချက်အလက်တွေအရ သိ ရပါတယ်။

ထိုဇာတ်ကားဟာ စနေ၊ တနင်္ဂနွေနှစ်ရက်မှာ ဝင်ငွေဒေါ်လာ ၂၂ သန်းအထိ ရရှိခဲ့ပြီး ယခုအချိန် အထိ ထို ဇာတ်ကား၏ ဝင်ငွေမှာ ဒေါ်လာ ၂၅၈ ဒသမ ၂ သန်း ရှိတယ် လို့ ဝင်ငွေအကောင်းဆုံးဇာတ်ကားစာရင်း
ကောက်ယူသည့် Exhibitor Relations ရဲ့ စာရင်းတွေအရ သိ ရပါတယ်။

ဝင်ငွေအကောင်းဆုံး ဇာတ်ကားစာရင်းရဲ့ နံပါတ်နှစ်နေရာ မှာ ရှိနေတာကတော့ အန်နီမေးရှင်း ဇာတ်ကား တစ်ကားဖြစ်တဲ့ The Penguins of Madagascar ဖြစ်ပါတယ်။

Horrible Bossess 2 ဇာတ်ကားက တော့ နံပါတ်ငါးနေရာမှ နံပါတ်သုံး နေရာကို မြင့်တက်လာပါတယ်။

Bigh Hero 6 ဇာတ်ကားက နံပါတ်လေးနေ ရာ ရောက်ရှိနေပြီး

နံပါတ်ငါးနေရာ မှာ Interstallar၊

နံပါတ်ခြောက်နေ ရာမှာ Dumb and |Dumber To၊

နံပါတ်ခုနစ်နေရာမှာ The Theory of Everything၊

နံပါတ်ရှစ်နေရာ မှာ Gone Girl၊

နံပါတ်ကိုးနေရာ မှာ The Pyramid နှင့်

နောက်ဆုံး နံပါတ်တစ်ဆယ်နေရာမှာ ရှိနေတဲ့ ဇာတ်ကားကတော့ Birdman ဇာတ် ကားဖြစ်ပါတယ်။

ဒီမိုကရေစီတူဒေး

မှတ်ချက်များ