မကွေးတွင် လသားအရွယ် သားငယ်အား ငွေကျပ် သုံးသောင်းဖြင့် ရောင်းချ

မကွေးတိုင်းအတွင်းရှိကံမမြို့နယ်အတွင်းရှိမီးသွေး ဖုတ်သောမိသားစုတစုမှလသားအရွယ်သားယောက်ျား
လေးတဦးကို ငွေကျပ် ၃ သောင်းဖြင့် ရောင်းချမှု ရှိခဲ့
ကြောင်း ကံမမြို့နယ်အတွင်းရှိ ၀ါကုန်သည်တဦးက ကိုယ် တွေ့ကြုံတွေ့ခဲ့ရကြောင်း ပြောကြားသည်။

“သူတို့တွေက တောထဲမှာလျှောက်သွားပြီး မီးသွေး ဖုတ်တဲ့သူတွေပါ။ အမျိုးသမီးက ပထမယောက်ျားက ပစ်သွားတော့ နောက်ယောက်ျားယူတယ်လေ။ နောက်ယောက်ျားက အရင်ယောက်ျားနဲ့ရတဲ့ ၃ လအရွယ် သားယောက်ျားလေးကို မလိုချင်လို့ အမျိုးသမီးက ကျွန်တော်တို့ရွာတွေမှာ ကျပ် ၃ သောင်းနဲ့ ပတ်ရောင်း တာပါ။ ကလေးလေးက ချစ်စရာလေး၊ လိုချင်တဲ့သူတွေက အများကြီးပါ။ ဒါနဲ့ ပုသိမ်-မုံရွာ ကားလမ်းမကြီး
ဘေးက ဥသျှစ်ပင်နဲ့ ကံမမြို့အစပ်က ကျေးရွာက ကလေးမထွန်းကားတဲ့ လင်မယားက လိုလိုလားလားပဲ ၀ယ်ယူခဲ့ပါ တယ်”ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ဖြစ်စဉ်များအပြင် မကွေးတိုင်းအတွင်းရှိ မြို့နယ်များတွင် ပြောင်းရွှေ့နေထိုင်သူများအနေနှင့် ယင်း တို့၏ ကလေးများကို တောင်းရမ်းစားသောက်ခိုင်းခြင်း၊ ကလေးတယောက် တရက်လျှင် ကျပ် ၁၆၀၀ ပြန် လည် အပ်ခိုင်းခြင်းများ၊ မကွေးတိုင်းအတွင်းရှိ ကျေးရွာများတွင် မိုးခေါင်မှုနှင့် စီမံကိန်းအချို့ကြောင့် အလွန် ဆင်းရဲသွား ပြီး ကလေးငယ်များမှာ ကျောင်းမနေနိုင်ဘဲ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ ဖြေ ရှင်းရမှုများဖြစ်ပေါ် လျက်ရှိကြောင်း စေတုတ္တရာမြို့နယ်အတွင်း ဒေသစုံမှ သိရသည်။

အဆိုပါဖြစ်စဉ်များ လျော့နည်းသွားစေရေး၊ ကလေးများ ပညာသင်ကြားနိုင်ရေး ပညာရေးဌာနများက
ဆောင်ရွက်နေပြီး ဆရာမများကိုယ်တိုင် ကျေးရွာများ၌ ပညာသင်ကြားရန် မိဘများကို အိမ်တိုင်ရာရောက် စည်းရုံးမှုများ လုပ်ဆောင်သော်လည်း ဆင်းရဲလွန်းသော မိသားစုများမှာ ကလေးတယောက်၏ လုပ်အား တန်ဖိုးအတွက် ငွေကြေးရလိုကြောင်း ပြန်လည်ပြောဆိုမှု များရှိကြောင်း ပညာရေးဝန်ထမ်းဆရာမ တဦးက သူ၏အတွေ့ အကြုံကို ပြောဆိုသည်။

စောကျော်ဝင်း | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ